Darkness
(30)
[ပါးတစ်ဖက်ထိုးကျွေး]သူမြင်နေရတဲ့ အရိပ်က အနည်းငယ် ဖောက်မြင်နေရ၏။ ထိုသူက ရှေးခေတ်ဝတ်စုံ အနက်ရောင် ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ဆံပင်အရှည်တွေ ရှိသည်။ ဖြူဖွေးတဲ့ အသားအရေ၊ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံနဲ့ ရုပ်ရည်က အိုင်ဒေါတွေလို ချောမောပေ၏။
အေးစက်သော အကြည့်တွေထုတ်လွှတ်နေတဲ့ မျက်ဝန်းတစ်စုံကတော့ ကုတင်ပေါ်က လူတစ်ယောက်ကို ငေးကြည့်နေသည်။ ဝမ်ချန်းမှာလည်း ထိုသူကိုပြန်ကြည့်ရင်း တော်တော်နဲ့ သတိဝင်မလာမိသေး။
တစ်ဖက်က နံရံကိုပျင်းတိပျင်းရွဲ မှီထားရင်း လက်လည်းပိုက်ထားသေးသည်။ ၎င်းက လှုပ်ရှားဖို့ ပျင်းရိနေသယောင် တောင့်တောင့်ကြီး။
"ခင်ဗျားက.....?"
"ဘယ်သူလို့ထင်လဲ?"
"ကျူရန့်?"
"မင်းကိုယ့်ကို စကားပြောသေးလို့ တော်သေးတာပေါ့"
"......"
ဝမ်ချန်း ကုတင်ပေါ်က ခုန်ဆင်းလိုက်သည်။
"ခင်ဗျားကို ကျွန်တော် စကားမပြောချင်ပါဘူး..."
ကျူရန့် ရယ်လိုက်သည်။ သူက ဖိနပ်ဝတ်နေတဲ့ ဝမ်ချန်းကိုကြည့်ပြီး ပြောလေ၏။
"မင်း မနေ့ညက ဖိနပ်တောင်မချွတ်ဘဲ အိပ်ယာဝင်သွားတာ ကိုယ်မှတ်မိသေးတယ်"
ဝမ်ချန်း ရပ်သွားကာ အောက်ငုံ့ကြည့်လိုက်တော့ သူ့ဖိနပ်တွေက ကုတင်ဘေးမှာ သပ်သပ်ရပ်ရပ်လေး ရှိနေတာတွေ့ရတော့သည်။ ဖိနပ်ဝတ်လတ်စနဲ့ ကျူရန့်ကို ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်တော့ တစ်ဖက်လူက သူ့အနားကို ရောက်လာနေပြီ။
ကျူရန့် ဒူးကွေးထိုင်ကာ ဝမ်ချန်းရဲ့ အနည်းငယ် ရှုပ်ပွနေတဲ့ ဆံပင်တွေအောက်က မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ ကျူရန့်က အလွန်ကြည့်ရဆိုးတဲ့ သရဲတွေလိုမဟုတ်ဘဲ သေချာထုဆစ်ထားသလို အသွင်ကြောင့် ဝမ်ချန်းပင်လျှင် ခန္ဓာကိုယ်ထဲက ပူလောင်လာသလို ဖြစ်လာ၏။
ထိုအခိုက် ဖြူသွယ်သော လက်ချောင်းတချို့က သူ့နဖူးပေါ်မှ ဝဲကျနေတဲ့ ဆံနွယ်တချို့ကို သပ်တင်ပေးလာသည်။
YOU ARE READING
Darkness (Complete)