🍇EP (15)🍇နတ်ဆိုးတံခါးပေါက် ပွင့်သွားပြီ

1.2K 163 1
                                    

Darkness

(15)
[နတ်ဆိုး တံခါးပေါက် ပွင့်သွားပြီ]

"အား....... မလာနဲ့ ငါ့နားမလာနဲ့"

သွေးစွန်းနေသော ဘောပင်ကို ကိုင်ထားတဲ့ ကောင်လေးသည် သုံးလွှာကနေ ပြုတ်ကျသွားသော်လည်း အရိုးမကျိုး အထိခိုက်မရှိဘဲ တစ်ချက်သာ တွန့်သွားကာ ချက်ချင်း မတ်တတ်ပြန်ထရပ်သည်။

ထို့နောက် မြက်ခင်းပေါ်က ကောင်လေးနှစ်ယောက်ဆီ အလောတကြီး ပြေးဝင်သွားပြန်၏။ တိုက်ပေါ်မှ ကျောင်းသားများလည်း အစောကအော်သံကြောင့် ပြေးထွက်လာကြရာ အနှီမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

မြက်ခင်းပေါ်မှာ ကောင်လေးနှစ်ယောက်က ပတ်ပြေးနေပြီး စိတ်မနှံ့တဲ့ အရူးတစ်ယောက်လို ကောင်လေးကလည်း အဆက်မပြတ် ပြေးလိုက်နေ၏။

ကျားဝူ သူ့ဘေးက လင်းကျိုရန်းရဲ့ လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက်လုံး တံတွေးမျိုမချရဲဘဲ ကြည့်နေမိစဥ် ရုတ်တရက် လူတစ်ယောက် မြက်ခင်းထဲ ပြေးဝင်လာသည်။

"အန္တရာယ်များတယ်....."

ပြေးဝင်လာသူ လူတစ်ယောက်သည် သူ့လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်လျက် ဘောပင်ကိုင်ထားတဲ့ လူငယ်လေးထံ ပြေးဝင်သွားသည်။ တစ်ဖက်ကလည်း ဘောပင်နဲ့ အသေထိုးသတ်တော့မယ့် စိတ္တဇလူသတ်သမားလို ပြေးချလာ၏။

ထိုအချိန်တွင် စောစောက ပြေးဝင်လာသူသည် သူ့လက်ဝါးထဲမှ တစ်စုံတစ်ခုဖြင့် လူငယ်လေးရဲ့ နဖူးကို ရိုက်ချလိုက်တော့သည်။

"အား......"

ဘောပင်ကိုင်ထားတဲ့ လူငယ်က ရုတ်တရက် တောင့်တင်းသွားကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပစ်လေ၏။

"အား.............အား........"

အနက်ရောင် မျက်လုံးများသည် တဖြည်းဖြည်း အရောင်ပြောင်းလာခဲ့ပြီးနောက် ကောင်လေးသည် ဘောပင်ကို ပစ်ချကာ သူ့တစ်ကိုယ်လုံးလည်း မြက်ခင်းပေါ် ပြိုလဲကျသွားသည်။ ပတ်ပြေးနေတဲ့ ကောင်လေးတွေလည်း ခပ်ဝေးဝေးကို ရောက်သွားကြပြီ။

တိုက်ခန်းပေါ်က လူတွေရော၊ အောက်ဖက်က လူတွေရော အံ့အားသင့်နေကြသည်။ အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူက ကျားဝူနဲ့ လင်းကျိုရန်းရှိရာ တည့်တည့်ကို မော့ကြည့်လိုက်၏။

Darkness (Complete)Where stories live. Discover now