🍇EP (44)🍇ချင်းရှန်

955 120 1
                                    

Darkness

(44)
[ချင်းရှန်]

ဝမ်ချန်း သတိရလာသော အချိန်တွင် ကောင်းကင်တစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းနေသည်။ နတ်ဆိုးတွေကြောင့် ကောင်းကင်ဟာ အလင်းရောင် မရှိတော့ပေ။

ထို့အပြင် သူ့မျက်လုံးက ကျိန်စာကြောင့် ညပိုင်း အမြင်အာရုံကို ဆုံးရှုံးထားလေရာ အခုအချိန်က နေ့လားညလားပင် မသိတော့ပါ။ နံဘေးမှာတော့ ရေတစ်စက်ချင်း ကျသံနဲ့ အေးစက်နေတဲ့ အငွေ့အသက်တွေကို ခံစားနေရသည်။

သေချာ အာရုံစူးစိုက်လိုက်မှ ကျန်းရှီရဲ့ ရှစ်လော့ကို ဂရုတစိုက် မေးမြန်းနေသံနဲ့ ကျောက်ချီတို့ရဲ့ ငြီးသံတိုးတိုးကိုပါ တဖြည်းဖြည်း ကြားလာရသည်။

ရေဝဲကြီးက သူတို့အားလုံးကို ချားရဟက်တစ်စီးလို လှည့်ပတ်ခေါ်ဆောင် လာခဲ့တာကြောင့် လူတိုင်းဟာ မူးဝေနေပြီး ရှင်းရှင်းလင်းလင်း အသိမဝင်ကြသေးပေ။

"ကျူရန့်....."

အချိန်အတော်ကြာမှ သူသည် တစ်စုံတစ်ယောက်ရဲ့ ပုခုံးပေါ်မှာ အိပ်ပျော်နေမိကြောင်း သိလိုက်ရသည်။ ကျူရန့်ရဲ့ ရင်ခွင်က အနည်းငယ် အေးစက်နေသော်လည်း ကျူရန့် ရှိနေတယ်ဆိုတဲ့ အသိစိတ်ကတော့ ပတ်ဝန်းကျင်ကို မမြင်ရလည်း သူ့စိတ်ကို နွေးထွေးသွားစေသည်။

"အင်း...."

"ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ?"

"ကိုယ်တို့ ရေကန်အောက်က လိုဏ်ဂူထဲမှာ"

ကျူရန့်ကဆိုပြီးနောက် သူ ရထားတဲ့ အစိမ်းရောင် နွယ်ပင်လေးကို လက်ဖဝါးထဲ ဖန်ဆင်းလိုက်သည်။ နွယ်ပင်လေးက သေးငယ်ပေမယ့် ၎င်းမှ လွှင့်ထုတ်နေသော ကြယ်မှုန်များက အနီးဝန်းကျင်ကို တဖြည်းဖြည်း ရှင်းလင်းလာစေသည်။

ဝမ်ချန်း ပထမဆုံး တွေ့လိုက်ရတာကတော့ ကျူရန့်ရဲ့ မျက်နှာချောချောပင်။ ကျူရန့်ကလည်း သူ့ကို စိုက်ကြည့်နေ၏။

"ခင်ဗျား အဆင်ပြေရဲ့လား?"

"......"

ကျူရန့် တစ်ခဏမျှ အံ့သြသင့်သွားသည်။

"သိတယ်ပေါ့?"

"နတ်ဆိုးတွေ ခင်ဗျားရှိနေတာ သိသွားမှတော့ အစုလိုက်အပြုံလိုက် ရောက်လာကြမှာပဲလေ"

Darkness (Complete)Where stories live. Discover now