🍇EP (18)🍇ထာဝရအိပ်ပျော်သွားလိမ့်မယ်

1.1K 161 1
                                    

Darkness

(18)
[ထာဝရအိပ်ပျော်သွားလိမ့်မယ်]

"အဲဒါ ငါ့အဖေရဲ့အခန်းပဲ..."

"မင်းဖုန်းခေါ်လို့ရလား??"

"ဖုန်းဝင်ပေမယ့် မကိုင်ဘူး"

စူးယွင် - "ဘယ်လိုဖြစ်တာလဲ?"

စီစီတီဗွီ ကင်မရာက အခန်းထဲက ပုံရိပ်တွေကို လှမ်းဖမ်းလို့မရဘဲ ပြတင်းပေါက်အနီးတစ်ဝိုက်သာ မြင်ရလေရာ ကျန်းရှီရဲ့အဖေကိုလည်း မတွေ့ရချေ။

ကျန်းရှီ ဇွဲမလျှော့ဘဲ ဖုန်းထပ်ခေါ်ကြည့်သည်။ ၂ခေါက်လောက် ထပ်ခေါ်ကြည့်တော့မှ ဖုန်းကိုင်လာလေ၏။ သို့သော် တစ်ဖက်က ထွက်ပေါ်လာတဲ့ အသံဟာ ကျန်းရှီအဖေရဲ့ အသံတော့ မဟုတ်ပေ။

["ဟယ်လို...."]

"ဟယ်လို... အခုဖုန်းကိုင်နေတာ ဘယ်သူလဲ?? ကျွန်တော့်အဖေရော?"

["မင်းအဖေက အခု ဌာနနံပါတ်၄မှာ... ငါတို့သွားခေါ်တော့ သူက အိပ်ပျော်နေပြီ မင်းတွေ့ချင်ရင် ဌာနခွဲ၄ကို လာခဲ့!"]

တစ်ဖက်က ရှင်းလင်းပြတ်သားစွာ ပြောပြီးနောက် ဖုန်းချသွားလေသည်။ ကျန်းရှီလည်း တောင့်တင်းသွား၏။ ဌာနခွဲ၄က ဘာကြီးလဲ။ သူ့အဖေကရော ဘာဖြစ်လို့ အိပ်ပျော်နေတာလဲ။

ဒါက အိပ်ချိန်မှ မဟုတ်တော့တာ အသိသာကြီးကို။ နောက်ပြီး သူ့အဖေက မနက်အစောကြီး လမ်းထလျှောက်ရင်လျှောက် မဟုတ်ရင် အိမ်ထဲမှာ အားကစားလုပ်နေတတ်တဲ့ လူပဲ။

ကျားဝူ ဝမ်ချန်းကို ကြည့်လိုက်သော် ဝမ်ချန်းကလည်း သူ့ကိုပြန်ကြည့်လာ၍ ခေါင်းညိတ်လိုက်သည်။

"ငါသိတယ်... ငါ့နောက်လိုက်ခဲ့ကြ..."

စူးလန်နဲ့ ကျောက်ချီလည်း အံ့ဩကြောင်အနေတဲ့ ကျန်းရှီကို ဆွဲခေါ်လာခဲ့ကြသည်။ ဌာနခွဲ၄ဆိုသည်မှာ အဘယ်သို့သော အရာလည်း မသိပေမယ့် ကျားဝူတို့ တစ်ဖွဲ့လုံးကတော့ ဝမ်ချန်းနောက်က လိုက်လာရင်း ဗီလာနံပါတ်၁ရဲ့ အဆောင်ရှေ့ကို ရောက်လာခဲ့၏။

ဗီလာနံပါတ်၁က လေညှင်းဖွဲ့အစည်းအရုံးရဲ့ ပင်မ အဆေက်အအုံဖြစ်လို့ ဂိတ်ဝမှာတင် အစစ်အဆေးတွေ ရှိနေသည်။

Darkness (Complete)Where stories live. Discover now