🍇EP (58)🍇 ရွှေတောင်ပံ

864 100 4
                                    

Darkness

(58)
[ရွှေတောင်ပံ]

ဝမ်ချန်း ယူလာပေးတဲ့ ညစာ​က ကျူရန့်ကို အတော်လေး ဗိုက်ပြည့်သွားစေသည်။ ဒါက သေချာပေါက် ဝမ်ချန်းရဲ့ ချစ်မေတ္တာတွေ ပြည့်နေတဲ့ မျက်ဝန်းတွေကြောင့်လည်း ဖြစ်နိုင်သည်။

ညစာစားပြီး နှစ်ယောက်သား အနီးနားကို လမ်းလျှောက်ထွက်ရင်း ပင်မခန်းမဆောင် ဆောက်လုပ်မယ့် တောင်ထိပ်သို့ တက်လာခဲ့၏။ အဆောက်အအုံ တည်မယ့် နေရာက တောင်ထိပ်မှာမို့ တောင်ထိပ်ကနေဆို ပင်လယ်ကမ်းခြေအထိ တစ်ကျွန်းလုံးကို သေချာ မြင်ရလေသည်။

ဤနေရာကို ရွေးချယ်လိုက်သူက မထင်မှတ်ထားတဲ့ ရှစ်လော့ပဲ ဖြစ်ကာ ဒီကျွန်းကို အုပ်ချုပ်မယ့်သူဟာ ပင်မခန်းမဆောင်ဖြစ်တဲ့ တောင်တစ်သောင်းခန်းမ ပေါ်မှာ နေလျက် တစ်ကျွန်းလုံးကို ငုံ့ကြည့်နိုင်ကြောင်း ဆိုလာခဲ့သည်။

တောင်ထိပ်ကနေ သူတို့စခန်း ချထားတဲ့ နေရာက မီးရောင်တွေကို လှမ်းမြင်ရသည်။ ဝိညာဥ်အပင်တွေက ညအချိန်မှာ အလင်းရောင် ထုတ်ပေးနိုင်ပေမယ့် ၎င်းတို့ လင်းလတ်နိုင်ဖို့ ဝိညာဥ်သလင်းကျောက်တွေ လိုလေ၏။

သူတို့မှာ ဝိညာဥ်သလင်းကျောက် အလုံအလောက် မရှိတာကြောင့် စခန်းမှာ ဝိညာဥ်အပင် ၃ ၄ပင်လောက်သာ အလင်းရောင် ပေးနိုင်သည်။

"ကျွန်တော်တို့ ဝိညာဥ်သလင်းကျောက်တွေ ထပ်ရှာရတော့မယ်"

ဝမ်ချန်းဆီက အနည်းငယ် အားငယ်သွားတဲ့ အသံကို ကြားတော့ ကျူရန့် တစ်ဖက်လူရဲ့ လက်ဖဝါးလေးကို ခပ်ဖွဖွလေး ဖျစ်ညှစ်ပေးလိုက်သည်။

"ဒီနေရာမှာ ဝိညာဥ်သလင်းကျောက်တွေ မရှားပါဘူး.... လောလောဆယ် လူတွေအရင်ခေါ်ပြီး ယာယီတဲတွေနဲ့ အဆောက်အအုံတွေကိုပဲ အရင်ဆောက်ကြရအောင်... မင်းဖေဖေတွေက မင်းကို ကူညီဖို့ အသင့်ရှိနေပါတယ် မင်း သူတို့ကို အကူအညီ မတောင်းချင်ဘူး ဆိုတာ ကိုယ်သိပါတယ် ... ကိုယ်တို့ ဒီလောကမှာ မသုံးဖူးတဲ့ ပစ္စည်းတွေ အစားအသောက်တွေကို ဖန်တီးလို့ရတယ် ပြီးရင် တခြားမျိုးနွယ်စုတွေဆီက ဝိညာဥ်သလင်းကျောက်တွေနဲ့ လဲလှယ်လို့ရတယ်"

Darkness (Complete)Where stories live. Discover now