🍇EP (36)🍇အားမန်ရဲ့ဝိညာဥ်

975 146 5
                                    

Darkness

(36)
[အားမန်ရဲ့ဝိညာဥ်]

လူငယ်တွေအကုန် ​ရွှေကျိုးရွာကို ဖုံးလွှမ်းထားတဲ့ မြူခိုးတွေကိုကြည့်ပြီး တစ်နာရီလောက် တိတ်ဆိတ်နေကြသည်။ ကျောက်ချီ နောက်တစ်ကြိမ် ဝမ်ချန်းကို ထပ်ကြည့်လိုက်တော့ ဝမ်ချန်းသည် မြူတွေကို စိုက်ကြည့်နေတာ တွေ့ရ၏။

"ဟူး.... မတတ်နိုင်ဘူး ဝင်ရတော့မှာပဲ"

အားလုံး ကားပေါ်က ဆင်းပြီးနောက် ရွှေကျိုးရွာကနေ ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ဖယောင်းတိုင်များကို ထုတ်လိုက်သည်။ ဖယောင်းတိုင်တွေကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရတော့ တစ်ချိန်တုန်းက သူတို့အတွက် ဖ​ယောင်းတိုင်တွေ အသည်းအသန် ရှာပေးခဲ့တဲ့ လူငယ်လေးကိုပင် သတိရသွားစေသည်။

အားမန်.....။

ရှစ်လော့ -"ငါတို့ အားမန်ကို ပြန်တွေ့ရမယ်လို့ ထင်လား?"

ကျန်းရှီ -"သူ ရှိနိုင်သေးတယ်"

ကျားဝူလည်း မြူတွေထဲ ကြည့်လိုက်ကာ။

"အားမန်ရဲ့ ဝိညာဥ်ကိုတွေ့ရင် ငါတို့သူ့ကို ပြန်ခေါ်သွားရအောင်"

"အင်း"

ထိုအရာကိုတော့ လူတိုင်း တိတ်တဆိတ် သဘောတူကြလေသည်။ သူတို့အားမန်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ လူတိုင်း ဖယောင်းတိုင်တစ်ချောင်းစီ ကိုင်ထားလိုက်၏။

ချန်ဟွေ့မှာ ဝမ်ချန်းပေးတဲ့ အဝတ်အစားကို လဲထားပေမယ့် သူ့ရဲ့ဆံပင်ရှည်တွေကြောင့် မိန်းကလေးနဲ့ တူနေတုန်း။ စူးယွင်ကိုပါ ကော်လိုကပ်ထားတော့ အချစ်ဆုံး မိန်းကလေးသူငယ်ချင်း နှစ်ယောက်လို ဖြစ်နေတော့၏။

စူးလန်လည်း ချန်ဟွေ့ သေရတဲ့ကိစ္စက သူနဲ့မကင်းတာသိလို့ ချန်ဟွေ့ သူ့ညီမကိုကပ်နေခြင်းအား မတားမြစ်တော့ချေ။ ချန်ဟွေ့ သူ့ကိုမုန်းနေလား မသိသော်လည်း ထိုကောင်လေးကတော့ တစ်မနက်လုံး သူ့ကိုမကြည့်လေဘူး။

စူးယွင် ဖယောင်းတိုင်တစ်ချောင်းကို ချန်ဟွေ့လက်ထဲ ထည့်ပေးလိုက်တယ်။

"ယူထား.... မြူတွေက ဖ​ယောင်းတိုင်ကို ကြောက်တယ်"

"ဘာလို့လဲ?"

Darkness (Complete)Where stories live. Discover now