🍇EP (28)🍇 ရွေးချယ်ထားတဲ့သူ

1K 137 1
                                    

Darkness

(28)
[ရွေးချယ်ထားတဲ့သူ]

ကျောက်ချီ -"ဝမ်ချန်း... မင်းနေမကောင်းဘူးလား? မင်းမျက်နှာ ရဲနေတယ်... ငါရှစ်ကျဲကို သွားခေါ်ပေးရမလား?"

ဝမ်ချန်း မြန်မြန်ဆန်ဆန် လက်ဝါးထောင်ပြလိုက်သည်။

"အဟမ့် ငါနေကောင်းပါတယ်"

ဝမ်ချန်း ချောင်းဟမ့်ရင်း ကျောက်ချီပေးလာတဲ့ ဝါးတူလေးကို တင်းတင်းဆုပ်ထားလိုက်သည်။ ထိုမကောင်းတဲ့ နတ်ဆိုးကို စိတ်ထဲကနေ နည်းမျိုးစုံဖြင့် ကျိန်ဆဲရင်းဖြင့်။

ဘာကိစ္စ သူ့ကိုနမ်းသွားတာတုန်း။ ဘာလို့တုန်း။ သူတို့နှစ်ယောက်က အဲ့လိုဆက်ဆံရေး မဟုတ်ဘူးလေ။

ရှစ်လော့နဲ့ စူးယွင်တို့ရဲ့ ဟင်းချက်စွမ်းရည်က မဆိုးလှချေ။ ဝမ်ချန်း ဒေါသထွက်ထွက်နဲ့ စားလိုက်တာတောင် အတော်လေး စားကောင်းသည်။ ကျောက်ချီဆိုလျှင် ခေါင်းပင်မဖော်တော့။

ဗီလာမှာဆို အစားအသောက်ကို ကန့်သတ်ထားသည့်အတွက် အစာအိမ်ကျယ်တဲ့ သူ့အတွက် အဆင်မပြေလှဘူး။ ဒါကြောင့် နောက်နေ့တွေလည်း ရှစ်လော့ကို ဟင်းကောင်းကောင်းချက်ဖို့ အကူအညီတောင်းရတော့မည်။

ခြံထဲမှာ အခန်းတွေက မနည်းချေ။ ကျန်းရှီက သူ့ကောင်မလေးကို စိတ်ပူလို့ သူတို့နှစ်ယောက် အတူနေဖို့ အခန်းတစ်ခန်းကို ရွေးချယ်လိုက်သည်။ ကျောက်ချီတို့လည်း အစီအရင်တချို့ကို လေ့လာပြီးနောက် အိပ်ယာဝင်လိုက်ကြသည်။

အခန်းထဲ၌ မှိန်ပြပြ မီးအိမ်အရောင်လေးသာ ရှိ၏။ ကျားဝူသည် ရှက်ရှက်နဲ့ သူ့ကိုကျောပေးအိပ်နေသူဖက်ကို လှည့်အိပ်ရင်းနဲ့သာ တဖြည်းဖြည်း အိပ်မောကျသွားသည်။

သန်းခေါင်ယံ အချိန်တွင် နတ်ဆိုးဝိညာဥ်များ မြေအောက်မှ မြောက်များစွာ ထိုးထွက်လာကြသည်။ သူတို့က အမှောင်ထုထဲကနေ ကမ္ဘာမြေပေါ် ရောက်ရှိဖို့ကို စိတ်မရှည်တော့ဘဲ တစ်ယောက်နဲ့တစ်ယောက်ပင် တွန်းတိုက်နေကြသေးသည်။

သို့သော် တချို့ဝိညာဥ်များမှာ ကမ္ဘာမြေပေါ် မရောက်ခင် မမြင်ရသော နံရံတစ်ခုနှင့် ဝင်စောင့်မိကြတော့သည်။

Darkness (Complete)Where stories live. Discover now