Darkness
(31)
[ဝိညာဥ်ရွှေကြာပန်း]ဈေးဆိုင်ကို ပိတ်ရပ်နေတဲ့ နတ်ဆိုးတစ်ပိုင်းသည် သူ့ရဲ့နတ်ဆိုးမျက်လုံးတွေကို မရုတ်သိမ်းသေးပေမယ့် သူ့ကိုယ်သူ ကြင်နာတတ်တဲ့ လူတစ်ယောက်လို ပုံစံဖြင့် ပြုံးပြနေသေးသည်။
ထိုစဥ် ဝမ်ချန်းသည် လူတိုင်းမထင်မှတ်ထားတာကို ပြုလုပ်လိုက်၏။ သူက ကားမှန်ချကာ ခေါင်းကိုအပြင်ထုတ်လိုက်သည်။
"ဦးလေးက ဒီဆိုင်ပိုင်ရှင်လား?"
သတ္တိကောင်းတဲ့ လူသားပဲ။ သူ့ကိုတောင် စကားထွက်ပြောရဲတယ်ပေါ့။
နတ်ဆိုးတစ်ပိုင်းက ဝမ်ချန်းကို ပြုံးပြလိုက်ကာ။
"ဒါပေါ့"
"ဒါပေမဲ့ ကျွန်တော်မနေ့ကလာတော့ ဦးလေးကို မတွေ့ပါဘူး"
နတ်ဆိုးရဲ့အပြုံးတွေက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ကျောက်ချီလည်း မကောင်းတော့ဘူးလို့ ခံစားမိကာ ဝမ်ချန်းကို ပြန်ဆွဲလိုက်သည်။
ကျောက်ချီ -"မင်းရူးနေလား?"
ရှစ်လော့ -"ငါတို့ဒီကနေ မြန်မြန် ထွက်သွားရအောင်လေ"
ဝမ်ချန်း -"သူငါတို့ကို ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး... အနည်းဆုံး သူ့ကိုဒဏ်ရာရအောင် ကြိုးစားပြီး ထွက်ပြေးမှရမှာ ဒါပေမဲ့ မင်းတို့စိတ်မပူနဲ့ ငါ့မှာနည်းလမ်းရှိတယ် "
ကျားဝူ -"ဘာနည်းလမ်းလဲ?"
ဝမ်ချန်း -"ဒီနတ်ဆိုးရဲ့ အတွင်းစိတ်ထဲမှာ လူသားအတွင်းစိတ်က တွန်းကန်နေတယ်... သူသာ တကယ်ဆိုင်ရှင်ဆိုရင် ငါတို့သူ့ကို အာရုံလွှဲပြီး အသိစိတ်ပြန်ရလာအောင် လုပ်ရအောင်"
ကျားဝူတို့လည်း အပြုံးတွေ မတည်တော့တဲ့ တစ်ဖက်လူကို ကြည့်လိုက်သည်။ နတ်ဆိုးတစ်ပိုင်းက သူတို့ဆီကို လျှောက်လာဖို့ ပြင်ဆင်နေပြီး မျက်လုံးတွေက လူသတ်ချင်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံလျက်။
အခြေအနေ မကောင်းတော့ပြီ။ ရှစ်လော့တို့ မိန်းကလေးနှစ်ယောက်က ဝိညာဥ်ဖျက်စီးသည့် အစီအရင်ကို ပြုလုပ်ဖို့ လက်ချောင်းတွေကို အသင့်ပြင်ထားသည့်အခိုက် ကျားဝူတို့ကလည်း တိုက်ခိုက်ဖို့ အသင့်အနေအထား။
YOU ARE READING
Darkness (Complete)