🍇Ep (37)🍇 ရွှေကျိုးရွာကနတ်ဆိုးများ

1K 149 2
                                    

Darkness

(37)
[ရွှေကျိုးရွာကနတ်ဆိုးများ]

အားမန်ရဲ့ ဝိညာဥ်က အခန်းထဲဝင်လာပြီးနောက် သူတို့ကို ကြောင်တောင်တောင်လေး ပြုံးပြသည်။ သေသွားပြီးနောက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမယ်လို့ ထင်မှမထင်ထားဘဲ။

အားမန်က အထဲအထိမဝင်ဘဲ တံခါးနားမှာပဲ ငုတ်တုတ်ထိုင်နေ၏။

အားမန် -"မင်းတို့ဒီကို ပြန်လာမယ်လို့ မထင်ထားဘူး"

ကျားဝူ -"ငါတို့လည်း မင်းမရှိတော့လောက်ဘူးလို့ ထင်ထားတာ"

ဝမ်ချန်း -"နတ်ဆိုးတံခါး ပွင့်သွားတာက အချိန်တွေကို ရပ်တန့်ပစ်လိုက်သလိုပဲ... လူတွေ ရှင်ရက်နဲ့ သေနေသလို ဝိညာဥ်တွေလည်း ဘဝမကူးနိုင်ကြတော့ဘူး"

အားမန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့လာတာ ပစ္စည်းတစ်ခုကို ရှာဖို့ဟုတ်လား? ဘာပစ္စည်းလဲ?"

စူးယွင် -"ခရမ်းရောင် ခရစ်စတယ်နဲ့ လုပ်ထားတဲ့ တုတ်ချောင်းကြီး.... အဲ နတ်လက်နက်လို့ ခေါ်တယ်"

"ဘာကြီးလဲ?"

စူးလန် -"ရွာသားတွေများ သိမလား?"

အားမန် -"မြူတွေထွက်လာတဲ့ အချိန်ကတည်းက ရွာသားတွေလည်း ပုန်းလျိုးကွယ်လျိုး နေရတယ်... မြူထဲက နတ်ဆိုးတွေက အားကောင်းတော့ တစ်ယောက်မှ မခုခံနိုင်ကြဘူး ရွာသားဝိညာဥ်တွေနဲ့ အေးအေးဆေးဆေး စကားပြောနိုင်ဖို့ဆိုရင် သူတို့အတွက် နတ်ဆိုးတွေကို အရင်ရှင်းပေးမှရမှာ"

လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

ဝမ်ချန်း -"နတ်ဆိုးဝိညာဥ်တွေက ဘယ်လောက်များလဲ?"

"အကောင်၂၀လောက်တော့ ရှိတယ်"

ကျားဝူ -"ကောင်းပြီ ငါတို့သူတို့ကို ကြိုးစားပြီး ရှင်းထုတ်ပေးမယ်.... အဲဒါက ရွာသားဝိညာဥ်တွေနဲ့ အဆင်ပြေပြေ စကားပြောနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ"

စူးယွင် -"ကောင်းတယ်... ငါနဲ့ ရှစ်လော့က ဝိညာဥ်ဖျက်စီးပေးဖို့ တာဝန်ယူမယ်"

Darkness (Complete)Where stories live. Discover now