🍇EP (22)🍇 နတ်ဘုရားအမွေ

1K 147 5
                                    

Darkness

(22)
[နတ်ဘုရားအမွေ]

ကျောင်းသားအဖွဲ့လည်း လင်းမုရန်းအား အမေးမျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကြသည်။ လင်းမုရုန်းကတော့ အေးအေးဆေးဆေးပဲ လေထဲမှာ လက်တစ်ဖက်ကို အသာလှုပ်ရှားလိုက်ပေ၏။

အပြာရောင် အလင်းမှုန်တွေက မှော်ဆန်စွာ ထွက်ပေါ်လာသည်။ စူးယွင်မှာ ပါးစပ်ဟောင်းလောင်းလေးဖြင့် အံ့သြနေသလို ရှစ်လော့မှာလည်း စိတ်ကူးအိပ်မက်တစ်ခုလိုပဲမို့ သူမပါးစပ်ကို လက်ဝါးနဲ့ အုပ်ထားမိသည်။

ကျောက်ချီတို့မှာ လန့်ဖြတ်ပြီး ကျောက်ရုပ်ကြီးတွေလိုပဲ ရပ်တန့်နေကြလေသည်။ ဝမ်ချန်းတစ်ယောက်ထဲသာ ထိုအဖြစ်အပျက်ထဲ မကျရှုံးဘဲ လင်းမုရုန်း ဘာလုပ်မလဲဆိုတာကို လေ့လာလျက်ရှိ၏။

အဖြူရောင် အခန်းကြီးထဲတွင် အပြာရောင် အလင်းစများ စုဝေးလာပြီးနောက် လေထုအလယ်၌ အစီအရင် စက်ကွင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ အစီအရင်က စာရွက်ပေါ်တွင် သေသေသပ်သပ် ဆွဲထားသော ပန်းကနုတ်လက်ရာနှင့် ခပ်ဆင်ဆင်ပင်။

ဝမ်ချန်း -"အစ်ကို ကျွန်တော်တို့ကို တစ်နေရာရာ ခေါ်သွားမလို့လား?"

လင်းမုရုန်းက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလာသည်။

"ဟုတ်တယ်... လိုက်ခဲ့ ဟိုရောက်ရင် အားလုံးရှင်းပြမယ်"

စကားဆုံးသော် လင်းမုရုန်းခြေတစ်လှမ်း လှမ်းကာ စက်ကွင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကျားဝူ ထိုအရာတွေနဲ့ အရင်းနှီးဆုံး ဝမ်ချန်းကို ကြည့်လိုက်သော် ဝမ်ချန်းလည်း ​ခေါင်းညိတ်ပြပြီး လိုက်ဝင်သွား၏။

မရဲတရဲဖြစ်နေသော ဖက်တီးကိုပါ စောင့်ဆွဲခေါ်သွားလိုက်သည်။ အစီအရင်ရဲ့ တခြားတစ်ဖက်တွင်တော့ အလွန်တည်ငြိမ်သော ရေပြင်ကျယ်ကြီးတစ်ခု ရှိလေသည်။

​သူတို့အားလုံး ထိုရေပြင်ပေါ်တွင် ပေါ့ပါးစွာ မတ်တတ်ရပ်နိုင်ကြပြီး ရေပြင်ရဲ့ အစနဲ့အဆုံးကို မမြင်ရ။ အစိမ်းရောင် ရေပြင်ကြီးရဲ့ အောက်ခြေကိုလည်း မမြင်ရချေ။

သူတို့အရှေ့မှာတော့ အထဲအပြင် ဖောက်ထွင်းမြင်ရသော ကျောက်တုံးရှည်ကြီး တစ်တုံးရှိလေပြီး ကျောက်တုံး၏ အတွင်းထဲမှာတော့ ကြယ်မှုန်များ မှိတ်တုတ်မှိတ်တုတ် လင်းလတ်နေသည်။

Darkness (Complete)Where stories live. Discover now