🍇EP (53)🍇ရောက်ပြီ

912 118 5
                                    

Darkness

(53)
[ရောက်ပြီ]

ဝမ်ချန်း မေးလိုက်တဲ့ အချိန်မှာပဲ ကျူရန့်တစ်ကိုယ်လုံးကနေ သန့်စင်တဲ့ နတ်စွမ်းအင်တွေ ထိုးထွက်လာတာကို ခံစားလိုက်ရသည်။ သို့နှင့် ဝမ်ချန်းလည်း သူကိုင်ထားတဲ့ ကျူရန့်ရဲ့ လက်တစ်ဖက်ကို ငုံ့ကြည်လိုက်မိ၏။

အကြောင်းမှာ သူကိုင်ထားမိတဲ့ လက်ကောက်ဝတ်က အရင်ကနဲ့မတူဘဲ အစစ်အမှန် အသွေးအသား တစ်ခုကို ကိုင်ထားရသလို ခံစားနေရတာကြောင့်ပါပဲ။

ဝမ်ချန်း ပြန်မော့ကြည့်လိုက်တဲ့အခါ ကျူရန့်က မျက်လုံးတွေ မှိတ်ထားတာကို တွေ့လိုက်ရသည်။ ကြည့်ရတာတော့ လက်ဆိုတဲ့ အရာကို သူ့ခန္ဓာကိုယ်ထဲ ပြန်လည် ပေါင်းစည်းနေပုံရသည်။

ထိုအချိန်တွင် အနက်ရောင် အငွေ့တွေနဲ့ လူက ဆိုလာ၏။

"သခင် သေသွားတဲ့ အချိန်တုန်းက ခြေလက်တွေ ဖြတ်ပြီး အဖျောက်ခံခဲ့ရတာပါ... အဲဒီတုန်းက သခင့်ရဲ့ အသိစိတ်က သခင်လေးဝမ်ဆီကိုပဲ ရောက်နေတာမလို့ အချိန်တန်တော့ သခင်လေးဝမ်ရဲ့ ဘေးမှာပဲ ပြန်နိုးထလာနိုင်ခဲ့တာ"

ဝမ်ချန်း လုံးဝ တိတ်ဆိတ်သွားရှာသည်။

ခြေတွေလက်တွေ ဖြတ်ပြီး ဖျောက်ခဲ့တယ်တဲ့လား? ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ?

ဝမ်ချန်းသာမက အနောက်က လူတွေအားလုံးပါ ထိုစကားကြောင့် အံ့ဩ တိတ်လှု​ပ်သွားကြသည်။ သူတို့ရှေ့မှာ အရမ်းကို စွမ်းအားကြီးနေတဲ့ လူက ဘယ်လိုလုပ် ရက်ရက်စက်စက် အသတ်ခံခဲ့ရတာလဲ?

ဝမ်ချန်း လက်ချောင်းတွေ တင်းကြပ်သွားသည်။ သူက အနက်ရောင် အငွေ့တွေနဲ့ လူကို လှည့်ကြည့်လိုက်ကာ။

"ဘယ်သူလုပ်တာလဲ?"

အနက်ရောင် အငွေ့တွေနဲ့ လူက မျက်လုံးတွေ မပွင့်လာသေးတဲ့ ကျူရန့်ဘက်ကို လှည့်ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီလောက်က အာကာသစည်း ပေါက်သွားဖူးတယ်... အဲဒီတုန်းက သခင်လေးဝမ်ရဲ့ ဖြစ်တည်မှုကို သိသွားတဲ့ ကမ္ဘာ့အပြင်ဘက်က ဝင်လာပြီး သခင်လေးဝမ်ကို သတ်ဖို့ လုပ်ကြတယ်... သခင်က အဲဒီတိုက်ပွဲကြောင့် သေသွားခဲ့တာ သခင့်ရဲ့ ခမည်းတော်ကလည်း လုံးဝ ပေါ်မလာခဲ့ဘူး နောက်ဆုံး သခင့်ကို သတ်လို့မရတော့ သခင့်ရဲ့ ကိုယ်လက်အင်္ဂါတွေကို ဖြတ်ပြီး ဖွက်ထားခဲ့တာ... သခင်က သူ့ဝိညာဥ်ကို သခင်လေးဝမ်ရဲ့ ဝိညာဥ်နဲ့ ချည်နှောင်ခဲ့တာ... "

Darkness (Complete)Where stories live. Discover now