🍇EP (9)🍇မြူထဲတိုးဝင်ခြင်း

1.1K 173 0
                                    

#Darkness

🍇(9)🍇
[မြူထဲဝင်တိုးခြင်း]

'ဝုန်း....'

သစ်သားတံခါးက ရုတ်တရက် သူ့ဘာသာ ပြန်ပိတ်သွားသည်။

"အား....."

"ဘာဖြစ်တာလဲ?"

"တံခါးက သူ့ဘာသာပိတ်သွားတယ်..."

ကျောင်းသားအားလုံး ပူးပူးကပ်ကပ် ဖြစ်သွားကြသည်။ မီးဖိုချောင်သုံးဓားနဲ့ တုတ်တွေကိုလည်း ကိုင်ထားကြသေးရာ တစ်ယောက်နဲ့တစ်ယောက် ထိမိခိုက်မိမှာစိုး၍ သတိထားရသေးပြန်၏။

တည်းခိုခန်းတံခါးက သူ့ဘာသာ ပိတ်သွားပြီးနောက် တိတ်ဆိတ်သွားသည်။ သူတို့အားလုံး စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေတုန်းမှာပဲ အထဲက အသံတစ်သံ ထွက်လာ၏။

'ဝုန်း.....'

"အား....."

မိန်းကလေးတစ်ယောက် လန့်ပြီး အော်လိုက်သည်။ တည်းခိုခန်းထဲမှာ မနေ့ညကလို တဝုန်းဝုန်း အသံတွေထွက်လာကာ တံခါးကလည်း စတင်၍ တုန်လာသည်။

"သွား.........."

တည်းခိုခန်းထဲမှ စူးစူးဝါးဝါး အော်သံကြီး ထွက်လာ၏။ တဝုန်းဝုန်း အသံတွေကြားတော့ မနေ့ညကပဲ ဝမ်ချန်းပြောတဲ့ သရဲနှစ်ကောင် တိုက်ခိုက်နေတဲ့ အကြောင်းကို သတိရသွားကာ အသံပိုင်ရှင်က သူတို့လိုကျောင်းသား ဖြစ်ခဲ့တဲ့ စီနီယာအမဆိုတာလည်း သဘောပေါက်သွားကြသည်။

"သွားကြ......"

'ဝုန်း....ဝုန်း....'

ဝမ်ချန်း -".....သူမပဲ.... သူမကငါတို့ကို သွားဖို့ပြောနေတာ"

ထိုစဥ် စောစောက ပိတ်သွားတဲ့ တံခါးက ရုတ်တရက် ပြန်ပွင့်သွားသည်။ အထဲကနေ အလွန်အေးစက်သော လေထုလှိုင်းက တိုက်ခတ်နေပြီး ကြောက်လန့်နေတဲ့ လူအုပ်ကို ဆွဲခေါ်ဖို့ ကြိုးစားနေ၏။

သို့သော်လည်း တံခါးကတစ်ဖန် ဝုန်းကနဲ ပြန်ပိတ်သွားပြန်သည်။

"မြန်မြန်သွားလို့ ပြောနေတာ မကြားကြဘူးလား?!"

အထဲမှ ထွက်ပေါ်လာသော ဒေါသတကြီး အသံနက်နက်က ကျောင်းသားများအား ကြောက်ရွံ့သွားစေ၏။ ထင်ထင်ရှားရှားကို ထိုအသံက မိန်းမတစ်ယောက်ရဲ့ အသံဖြစ်ပြီး သူတို့ရဲ့ တုံ့ဆိုင်းနေခြင်းကို စိတ်မရှည်တော့ဟန် ရှိသည်။

Darkness (Complete)Where stories live. Discover now