🍇EP (45)🍇ပြောစကားနားမထောင်သူ

944 116 0
                                    

Darkness

(45)
[ပြောစကားနားမထောင်သူ]

မထင်မှတ်ဘဲ တစ်ဖက်ရှိ နတ်ဆိုးသည် အရိပ်တစ်ခုအသွင်ဖြင့် ပြေးဝင်လာ၍ ပစ်လိုက်သော မီးခိုးလုံးကို အားပိုထည့်လိုက်လေသည်။ ထိုအခါ ရှေ့ထွက် ကာကွယ်လိုက်တဲ့ ချင်းရှန် ခြေလှမ်း ၈လှမ်းအထိ နောက်ပြန်ဆုတ်သွားရလေ၏။

ထို့နောက် နတ်ဆိုးသည် အားအနည်းဆုံး ချန်ဟွေ့ဆီကို ဦးတည်လိုက်သည်။

ဝှစ်!

ထိုစဥ် စူးလန် ​အပြာရောင် မြှားတစ်စင်းကို ပစ်လိုက်သည်။ မြှားသည် လမ်းတစ်ဝက်တွင် သုံးစင်းအဖြစ် ခွဲဖြာသွားကာ နတ်ဆိုးကို တားဆီးလိုက်သည်။

နတ်ဆိုး မြှားကို ရှောင်လိုက်စဥ် ကျန်းရှီက လှံရှည်ဖြင့် လေထဲခုန်တက်ကာ ရိုက်ချလိုက်သည်။

ဝုန်း!

နတ်ဆိုးလည်း ကျန်းရှီရဲ့ လက်နက်ကို ရှောင်လိုက်စဥ် နောက်ထပ် အလွန်လျင်မြန်သော ဓားချက်များက သူ့ထံ ရောက်လာပြန်သည်။

နတ်ဆိုး -"စိတ်ပျက်စရာပဲဟေ့!"

လူသား ကျင့်ကြံသူ အသစ်ကလေးတွေက ဒီလောက်ထိ အစွမ်းထက်နေမယ်လို့ မထင်ထားခဲ့ချေ။ သူသည် အဆင့်၅ နတ်ဆိုးဝိညာဥ် ဖြစ်သော်လည်း သူ့စွမ်းအားတွေကို အကောင်းပကတိ ပြန်မရသေးပေ။

ထို့အပြင် ခန့်မှန်းလို့မရတဲ့ နတ်ဝိညာဥ်ကြီးကလည်း ရှိနေသေးတဲ့အတွက် အခြေအနေ မကောင်းရင် ထွက်ပြေးဖို့ကလည်း ပြင်ထားရဦးမည်။

ဗုန်း!

ကျူရန့် အစိမ်းရောင် စွမ်းအင်လုံး တစ်လုံးကို ပစ်လိုက်တဲ့အခါ လေးလံသော ကျောက်တံခါးကြီးများ ပေါက်ကွဲသွား၏။

ကျားဝူ -"ဝမ်ချန်း.... ဝိညာဥ်ကျောက်တုံးကို မင်းလက်ထဲ အပ်လိုက်ပြီ!"

"ကောင်းပြီ! ကျောက်ချီ သွားစို့!"

ဝမ်ချန်းနဲ့ ကျောက်ချီတို့ ကျူရန့်၏ ဦးဆောင်မှုဖြင့် ဂူသင်္ချိုင်းထဲသို့ ပြေးဝင်သွားသည်။ ထိုအချိန်တွင် ရှစ်လော့နှင့် စူးယွင်တို့သည် နတ်ဆိုးဝိညာဥ်ကို ဖျက်စီးနိုင်သည့် ရွှေဝိညာဥ်ကြာပန်းကို စတင် ဖန်တီးနေလေပြီ။

Darkness (Complete)Onde histórias criam vida. Descubra agora