🍇EP (7)🍇 နံပါတ်စဥ်များ

1.2K 179 1
                                    

Darkness

(7)
[နံပါတ်စဥ်များ]

နောက်တစ်နေ့မနက် မနက်စာ စားချိန်မှာ ဝမ်ချန်း နိုးလာခဲ့သည်။ သူနိုးတော့ ကျောင်းသားတွေ တစ်ဖွဲ့လိုက်ကြီး မနက်စာ သွားစားဖို့ ပြင်နေကြလေပြီ။

ကြောက်စိတ်တွေ ကိန်းအောင်းနေသော်လည်း ဒီနေရာက မြန်မြန်ထွက်ခွာနိုင်ဖို့ကလည်း လိုအပ်သေးလို့ သူတို့ကိုယ်သူတို့ အားနည်းအောင် လုပ်လို့မဖြစ်။ ကျောက်ချီကတော့ ထိပ်ဆုံးပင်။ သူလည်း နှစ်ရက်အတွင်း ကောင်းကောင်းမစားရလို့ထင် နည်းနည်းတောင် ပိန်ကျသွားသလိုပင်။

ကျောက်ချီ -"မင်းနိုးပြီလား..."

"အင်း....ငါမျက်နှာသွားသစ်လိုက်ဦးမယ်"

"ကောင်းပြီ"

ဝမ်ချန်း ထသွားတာကို ကျားဝူ တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလေသည်။ သူ့မှာ ဝမ်ချန်းကိုမေးချင်တဲ့ မေးခွန်းတွေ ရှိနေ၏။ ဒါကြောင့် ရေချိုးခန်းထဲ သူလိုက်သွားသည်။

တံခါးပိတ်သံကြားတော့ ဝမ်ချန်းက လှည့်ကြည့်သည်။

"ခေါင်းဆောင်..."

ကျားဝူ အသိအမှတ်ပြုဟန် ခေါင်းညိတ်လိုက်သည်။

"ငါတို့ ဒီတည်းခိုခန်းနဲ့ ရွာအကြောင်းကို စုံစမ်းဖို့အတွက် တိုင်ပင်ထားတယ်....ငါတို့မှာအခု စုစုပေါင်းလူ၁၇ယောက်ပဲ ကျန်တော့တယ် ညပိုင်းမှာ မလုံခြုံပေမယ့် နေ့ဖက်မှာတော့ အဆင်ပြေလောက်ပါတယ် ဟုတ်တယ်မလား?"

သူက ဝမ်ချန်းကိုကြည့်၍ မေးသည်။ ဝမ်ချန်း မျက်နှာသစ်နေရင်းမှ နားထောင်နေသည်။ သူလည်း ဒီနေ့တော့ ရွာအကြောင်းကို စုံစမ်းဖို့အတွက် ရည်ရွယ်ထား၏။

ကျားဝူနဲ့ တခြားကျောင်းသားတွေလည်း ပါလာပြီဆိုတော့ ပိုအဆင်ပြေသွားသည်။ ဝမ်ချန်း ပုခုံးပေါ်က တဘတ်နဲ့ မျက်နှာသုတ်ရင်း ကျားဝူကို ပြန်ကြည့်လာသည်။

"နေ့ဘက်မှာတော့ လုံခြုံတယ်...ညဘက်ကသာ အရမ်းသတိထားရမှာ ဒါပေမဲ့ ကျွန်တော်တို့ မြူတွေကလည်း ဂရုစိုက်ဖို့လိုတယ်"

"အဲဒါတော့ မှန်တယ်....လောလောဆယ် ကြည့်ရသလောက်တော့ ဒီကလူတွေဆီကနေ ဘာသတင်းမှ ယူလို့ရမှာ မဟုတ်ဘူး... တခြား တည်းခိုနေသူ ရှိမရှိရှာရမယ် ဒါမှမဟုတ် တည်းခိုခန်းပိုင်ရှင်.... "

Darkness (Complete)Where stories live. Discover now