🍇EP (38)🍇တောင်တက်ခြင်း

999 135 1
                                    

Darkness

(38)
[တောင်တက်ခြင်း]

ဝမ်ချန်းရဲ့ လှောင်ပြောင်တဲ့ အပြုံးဖြစ်ဖြစ် စကားဖြစ်ဖြစ် ကျူရန့်အတွက် ထိုအရာတွေအားလုံးက ချစ်စရာကောင်းလေသည်။

လူသားတွေစားတဲ့ အစားအသောက်တွေကို ကျူရန့် စားစရာမလိုသလို စားလည်းမစားတတ်ဘူး။ သို့သော်ငြား ဝမ်ချန်းက ဘီစကွက်တစ်ချပ်ကို အားရပါးရ ဝါးစားနေတော့ ကျူရန့်ဘေးက ထိုင်ကြည့်ရင်း ထိုမုန့်ရဲ့ အရသာကို မြည်းကြည့်ချင်လာသည်။

"စားလို့ကောင်းလား?"

ဝမ်ချန်း တစ်ဖက်နတ်ဆိုးအား ခေါင်းပြန်စောင်းကြည့်လိုက်သည်။ သူတမင်တကာကို အားရပါးရ စားပြနေခြင်း ဖြစ်တဲ့အတွက် ကျူရန့် မေးလာသောအခါ သူက ဂုဏ်ယူစွာနဲ့ ခေါင်းမော့လိုက်ကာ။

"ဒါပေါ့...."

ထို့နောက် ဘီစကွက်ကို တမင်သက်သက်ကြီး သူ့တံတွေးတွေပေအောင် လုပ်ကြံလိုက်ပြီး ကျူရန့်ကို ထိုးပြလိုက်၏။

"စားမလား?"

"......"

ကျူရန့် သူ့ကိုကြည့်လာသည်။ ဒါပေါ့ ချောမောတဲ့ မျက်နှာပေါ်မှာ မျက်ခုံးတွေကို တွန့်ချိုးထားတယ်။ ဆိုလိုတာက သူ့တံတွေးတွေ ပေသွားတာကို မကြိုက်တဲ့သဘော။

ဝမ်ချန်းလည်း ပြုံးစိစိနဲ့ သူ့မုန့်ကိုပြန်ယူလိုက်စဥ် ရုတ်တရက် ကျူရန့်က အရှေ့တိုးလာပြီး ဘီစကွက် လက်ကျန်တစ်ဝက်လုံးကို ယူဆောင်သွားလေ၏။ ဒါတင်မကသေး ဝမ်ချန်းရဲ့ လက်ချောင်းတွေကိုပါ သူ့လျှာနဲ့ ပွတ်သပ်သွားသေးသည်။

"အွန်း.... တကယ် စားလို့ကောင်းတာပဲ"

"ခင်ဗျား..... "

"ဟမ်...."

ဝမ်ချန်းမှာ တအံ့တသြနှင့် မျက်တောင်တွေလည်း အကြိမ်ပေါင်းမနည်း ပုတ်ခတ်မိလျက်သား။ ကျူရန့်က သူ့တံတွေးကို မရွံဘူးလား။ မဟုတ်ဘူး။ မရွံတဲ့အပြင် သူ့လက်ချောင်းတွေကိုတောင် စုပ်သွားသေးသည်။

ကျူရန့်ရဲ့လျှာကလည်း အေးစက်စက်ကြီးပဲ။ အဲဒီလျှာနဲ့ သူ့လက်ချောင်းတို့ ထိတွေ့သွားတဲ့ အခိုက်အတန့်ကို ပြန်တွေးမိတိုင်း ဝမ်ချန်း ကြက်သီးတွေတောင် ထသွားသည်။

Darkness (Complete)Where stories live. Discover now