🍇EP (6)🍇နောက်တစ်ယောက် ပါသွားပြီ

1.2K 183 0
                                    

Darkness

(6)
[နောက်တစ်ယောက် ပါသွားပြီ]

တစ်နေ့လုံး မြူတွေကထူနေလို့ လမ်းပြကလည်း ရောက်မလာပေ။ လမ်းပြရောက်မလာတာက ဖြစ်နိုင်ချေတွေ အများကြီးရှိပြီး သူတို့လည်း ရေပူစမ်းကို လုံးဝ သတိမရတော့တာကြောင့် လမ်းပြလာမလာလည်း ဂရုမစိုက်တော့ချေ။

နေ့လယ်ရောက်တဲ့အထိ မြူတွေက ထူနေဆဲဖြစ်ပြီး တည်းခိုခန်း ပတ်ဝန်းကျင်ကိုလည်း မမြင်ရပေ။ နေ့လယ်စာကိုတော့ ကျောင်းသားအားလုံး ​ကြောက်ကြောက်လန့်လန့်နဲ့ ဆင်းစားလိုက်ကြသည်။

ညစာကိုတော့ သူတို့မစားရဲပေ။ တည်းခိုခန်းက အထူးဝန်ဆောင်မှုဆိုပြီး လူသတ်တဲ့မုန့်တွေ လာပေးနေမှာ ကြောက်လို့လေ။

ညရောက်တော့ ဝန်ထမ်းတွေက ညစာစားဖို့ လာခေါ်သည်။ သို့သော်လည်း တစ်ယောက်မှ မလိုက်ကြဘဲ အားလုံးက ဆင်ခြေတွေ ရှာပေးလိုက်ကြတော့ ဝန်ထမ်းလည်း ပြန်သွားတော့သည်။

ကျားဝူ -"မှောင်လာတော့မယ်..."

ကျားဝူ ပြတင်းပေါက်ကို ပိတ်လိုက်သည်။

"ဝမ်ချန်း မင်းဘယ်လိုလုပ်မှာလဲ?"

"သူမ ထွက်လာပြီဆိုရင် ငါအပြင်ထွက်လိုက်မယ်"

လူတိုင်း ထိတ်လန့်သွားသည်။ ဝမ်ချန်းအကြောင်းသိတဲ့ ကျောက်ချီပင် ဝမ်ချန်းလက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ဝမ်ချန်းက သရဲလည်း မနှင်တတ်ဘူး၊ သရဲကြောက်နိုင်တဲ့ ဂါထာမန္တာန်တစ်ခုမှလည်း မရဘူးလေ။

ဝမ်ချန်းပြောတော့ ကျားဝူလည်း မျက်နှာပျက်သွားသည်။

"မဖြစ်ဘူး.... သူမမင်းကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ?"

ဝမ်ချန်းက ခေါင်းခါသည်။

"သူမက ယုံယုံကိုသတ်တဲ့သူ မဟုတ်တဲ့အပြင် ငါတို့ကို သဲလွန်စတစ်ခုတောင် ပေးသွားသေးတယ်လေ....ဒါပေမဲ့ သူမအခန်းထဲ ဝင်မလာဘူး အဲဒါက သူမ မဝင်လာချင်တာလား ဝင်လာလို့မရတာလား?"

"......"

"မဝင်လာတာ ဆိုရင်တော့ သူမကငါတို့ကို မခြောက်လန့်ချင်လို့.... ဝင်လာလို့ မရတာဆိုရင်တော့ နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုထပ်ရှိသွားပြီ"

Darkness (Complete)Where stories live. Discover now