🍇EP (52)🍇 လက်တစ်ဖက်

974 114 4
                                    

Drakness

(52)
[လက်တစ်ဖက်]

ဝမ်ချန်းတို့ ရေခပ်မယ့် နေရာက စခန်းချထားရာ လိုဏ်ဂူနဲ့ အတော်လေးတော့ ဝေးသည်။ သို့သော်လည်း မမြင်ရတဲ့ ဝမ်ချန်းအတွက် ကျူရန့်က လက်တစ်ဖက်ကို ဝေ့ယမ်းရင်း တစ်လမ်းလုံး ရှင်းထုတ်သွားတာကြောင့် လမ်းသွားရ​တာ အခက်အခဲ မရှိချေ။

ရေသန့်ဘူးတွေက ၁၅ဘူးလောက်သာ ပါလာတာကြောင့် ခဏလေးနဲ့ ရေဖြည့်လို့ ပြီးသွားသည်။ ရေဘူးတွေ ယူဖို့ ဝမ်ချန်း လက်လှမ်းလိုက်စဥ် ကျူရန့်က ထိုရေဘူးအိတ်ကြီးကို ဆွဲယူပြီးသွားပြီ။

"မင်းအားလေးနဲ့ အဆင်ပြေမှာလား?"

ဝမ်ချန်း သူ့ကို အားမရှိဘူးလို့ ဆိုတာကြောင့် စိတ်ဆိုးပြီး လက်သီးတစ်ချက်ကို ဝေ့ယမ်းလိုက်ရာ ကျူရန့် ရင်ဘတ်ကို တကယ်ကြီး ထိသွားသည်။

သို့သော်လည်း ကျူရန့်မှာ ဒေါသမထွက်တတ်သူလိုပဲ ဝမ်ချန်းလက်သီးကို ဖမ်းကာ အမြတ်တနိုးနဲ့ ဆုပ်ကိုင်ထားလိုက်သည်။

"မင်းကို မပင်ပန်းစေချင်လို့..."

"အိုကေလေ"

နောက်ဆုံးတော့ ဝမ်ချန်း စိတ်လျှော့လိုက်ပါ၏။ ဘာပဲဖြစ်ဖြစ် ကျူရန့်သယ်တော့ သူပင်ပန်းစရာ မလိုတော့ဘူး မဟုတ်လား။

အလာလမ်းမှာ ချောမွေ့ပေမယ့် အပြန်လမ်းကတော့ မသာယာတော့ပေ။ သူတို့ လမ်းတစ်ဝက်လောက် ရောက်တဲ့အခါ ပတ်ဝန်းကျင်က သစ်ပင်တွေဟာ လေတဝွီဝွီ တိုက်ခတ်လာပြီး အခြေအနေက မူမမှန်တော့ချေ။

ကျူရန့် သူ့ဘေးက ဝမ်ချန်းကို ချက်ချင်းဆိုသလို သူ့နောက်ကို ဆွဲပို့ထားလိုက်သည်။ ဝမ်ချန်းလည်း လက်တစ်ဖက်မှ အစီအရင် စက်ကွင်းကို အသင့်ထုတ်ထားသည်။

ဝမ်ချန်း -"နတ်ဆိုးတွေ!"

"အင်း"

"များလား?"

"သိပ်မများပါဘူး... ကိုယ်လုပ်လိုက်မယ်"

ဝှစ်! ဝှစ်!

ဝမ်ချန်း သူတို့ဘေး ပတ်ပတ်လည်မှာ ပြေးလွှားနေတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားမိသည်။ ဒါက သိပ်မများတာ မဟုတ်ဘူး။ လုံးဝကို များနေပြီ။

Darkness (Complete)Where stories live. Discover now