🍇EP (12)🍇ကိုယ့်ရင်ခွင်ကအေးလို့လား

1.3K 178 5
                                    

Darkness

(12)
[ကိုယ့်ရင်ခွင်က အေးလို့လား]

မနက်အစော နိုးတတ်တဲ့ လင်းကျိုရန်းတစ်ယောက် မနက်စောစော နိုးလာတော့ သူသည် တခြားလူတစ်ယောက်ရဲ့ လက်မောင်းထဲ ရောက်နေတာကို သိလိုက်ရပေ၏။ လင်းကျိုရန်း အလွန်ထိတ်လန့်သွားသည်။

သူ ကမန်းကတမ်းထဖို့ ပြင်လိုက်စဥ် ခါးမှာရောက်နေတဲ့ လက်တစ်ဖက်က ပိုတင်းကျပ်သွားလေ၏။ ခပ်သြသြအသံက သူ့ခေါင်းထက်ကနေ တိုးတိုးလေး ထွက်လာသည်။

"အပြင်မှာ မှောင်နေသေးတယ်...."

သူတို့အားလုံး ပစ္စည်းအလေးတွေကို ထားခဲ့ကြလို့ စောင်ပါးလေးသာ ပါကြရာ အချင်းချင်း မျှခြုံကြရသည်။ ကျားဝူလည်း တစ်ထည်ပါလာလို့ လင်းကျိုရန်းနဲ့ မျှခြုံလို့ရ၏။

လင်းကျိုရန်း ကျားဝူကို နည်းနည်းတွန်းလိုက်သည်။

"မင်း...."

"ငြိမ်ငြိမ်နေ....အေးနေတယ်"

"မင်းငါ့ကို မဖက်ထားလို့ ရမလား??"

"ညကချမ်းလို့ဆိုပြီး မင်းပဲငါ့ဘက်ကို တိုးလာတာလေ"

လင်းကျိုရန်း တောင့်သွားသည်။ လင်းကျိုရန်း ကျားဝူကို မော့ကြည့်လိုက်ချင်ပေမယ့် အခုအချိန်မှာ မော့ကြည့်လိုက်ရင် သူတို့မျက်နှာတွေ ပိုနီးကပ်သွားလိမ့်မယ်ဆိုတာ သဘောပေါက်ထားသည်။

ထို့ကြောင့် လင်းကျိုရန်း အသံတိတ်ဖြင့် ကျားဝူကို ထပ်တွန်းလိုက်၏။ ကျားဝူကသူ့ကို ပိုလို့တောင် ဖက်လာသေးသည်။

"သူများတွေ နိုးကုန်မယ်လေ"

လင်းကျိုရန်း ပြန်ငြိမ်သွားသည်။ သူက နှုတ်ခမ်းကိုကိုက်လျက် ကျားဝူနဲ့ အိပ်ယာမျှအိပ်ဖို့ သဘောတူခဲ့တာကို နောင်တရချင်သွား၏။ သို့သော်လည်း သူရောက်ရှိနေတဲ့ နေရာက အလွန်ပဲ နွေးထွေးနေတာ တွေ့ရသည်။

ခဏကြာတော့ သူတကယ်ကြီး ပြန်အိပ်ပျော်သွားသည်။

မနက်နေထွက်လာလို့ သူနိုးလာတော့ ကျားဝူ မရှိတော့ချေ။ အပြင်ဖက်မှာလည်း အရမ်းမလင်းသေးပေ။ သူတို့တဲထဲမှာ ကွေးကွေးလေး အိပ်နေတဲ့ ဝမ်ချန်းလည်း ရှိနေသေးသည်။

Darkness (Complete)Where stories live. Discover now