🍇EP (59)🍇မထင်မှတ်ထားတဲ့ ကြိုဆိုမှု

896 100 4
                                    

Darkness

(59)
[မထင်မှတ်ထားတဲ့ ကြိုဆိုမှု]

၂လ ကြာပြီးနောက်။

ဝမ်ချန်း လန်ချင်းနဲ့ မကြာခဏ ဆက်သွယ်ပြီးနောက် ဒဏ္ဍာရီအင်ပါယာအကြောင်း အတော်လေး အကျွမ်းတဝင် ဖြစ်တဲ့အထိ သိလာခဲ့သည်။

ထို့နောက် လူတွေအကုန် ခေါ်ပြီးနောက် ဒီကမ္ဘာမှာ အ​ခြေချ နေထိုင်နိုင်ဖို့အတွက် လူငယ်အဖွဲ့က စတင် ဆွေးနွေးကြလေသည်။ လူအရေအတွက် များလာသလို တောင်တစ်သောင်းခန်းမက ပြီးသွားခဲ့ပြီမို့ လူတိုင်းက သူတို့ရဲ့ အိုးအိမ်အတွက် သီးသန့်မြေကွက်များယူကာ နေအိမ်များ ဆောက်လုပ်လာကြသည်။

ဝမ်ချန်းတို့ရဲ့ ကျွန်းကို ဟိုင်ယွီကျွန်း ဟု လူတွေက သိထားကြပြီး ဒဏ္ဍာရီအင်ပါယာနဲ့ အတော်လေး ဝေးလံခေါင်သီကာ ပင်လယ်မျိုးနွယ်ရဲ့ အပိုင်ကျွန်းဟုသာ သိကြလေ၏။

မြေခွေးမျိုးနွယ်က လေပေါ်တွင် ဝဲပျံနိုင်သော လှေငယ်တစ်စင်းကို ဝမ်ချန်းတို့အတွက် ပြင်ဆင်ပေးလာသည်။ ဒါကလည်း ကျန်းလီကျစ်နဲ့ မြေခွေးမျိုးနွယ်ကြားက မဟာမိတ် ကျေးဇူးတရားကြောင်းဟု ဆိုသည်။

"အစ်ကိုကျူရန့်... အဆောက်အအုံက ဒီလိုပုံစံဆို အဆင်ပြေနိုင်မလား?"

လင်းကျိုရန်းက သုံးထပ် အဆောက်အအုံ ပုံစံကို ရေးဆွဲထားသော စာရွက်ကို ကျူရန့်ထံ ပေးလိုက်သည်။ ကျူရန့်က တစ်ချက် ယူကြည့်ပြီးနောက် ဝမ်ချန်းဘက်ကို ပေးလိုက်သည်။

"ကြည့်ကြည့်!"

"အဆင်ပြေတယ်! ပထမထပ်ကို သာမန် စားသောက်ခန်းလုပ်မယ် ဒုတိယထပ်ကိုက ဖောက်သည်ပေါ့ ... တတိယထပ်ကိုတော့ vip တွေအတွက် သီးသန့်အခန်းတွေ ဆောက်မယ်"

ဒဏ္ဍာရီအင်ပါယာမှာ ဟိုဘက်ကမ္ဘာက အဆင့်မြင့် စားသောက်ဆိုင်ကြီးလို စားသောက်ဆိုင် တစ်ဆိုင် တည်ဆောက်ကာ စီးပွားရေး လုပ်ဖို့ စီစဥ်နေကြတာပဲ ဖြစ်လေသည်။

သူတို့ဘာသာ ရပ်တည်ဖို့ လိုကာ ဝမ်ချန်းအနေနဲ့လည်း တစ်ချိန်လုံး ကျန်းလီကျစ် ရွှေပြားတွေ ပို့လာမယ့် အချိန်ကို ထိုင်စောင့်မနေချင်ချေ။

Darkness (Complete)Where stories live. Discover now