🍇EP (3)🍇မင်းတို့ထွက်သွားနိုင်မလား

1.4K 193 0
                                    

Darkness

🍇(3)🍇
[မင်းတို့ထွက်သွားနိုင်မလား]

ကျားဝူ - "မင်းဘာကြောင့်စောစောမပြောတာလဲ"

"ငါက ထူးဆန်းနေတယ်... အဲဒါက သရဲနဲ့ပတ်သက်နေတယ်လို့ပြောရင် မင်းကယုံမှာလား? အားလုံးယုံကြမှာလား?"

ဝမ်ချန်း သူ့လေသံကို မြှင့်လိုက်တော့ အားလုံးငြိမ်သွားသည်။ ဝမ်ချန်းပြောတာ မှန်သည်။ ဝမ်မိသားစုက သရဲတစ္ဆေတွေနဲ့ ပတ်သက်ပြီး အယုံအကြည် ကြီးမားသော်လည်း အခုခေတ်လူငယ်တွေက ဒါမျိုးတွေကို ယုံကြည်သူ သိပ်မရှိလှ။

ဒါကြောင့် ဝမ်ချန်းက တစ်ယောက်ချင်းစီကိုလိုက်ပြီး သတိမပေးခဲ့တာ။ ဒါပေမဲ့ လူသေတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ ဝမ်ချန်းလည်း မထင်ထားပေ။

ထိုအချိန်တွင် အောက်ထပ်ကို ဆင်းသွားတဲ့ လူငယ်သုံးယောက် ပြန်ပြေးတက်လာကြသည်။ သူတို့သည် အခန်း၁၀၅ထဲက လူအုပ်ကိုကြည့်၍ သက်ပြင်းချနေကြ၏။

ကျားဝူ - "ဘယ်လိုလဲ?"

လူငယ်ထဲက စူးလန်က ပြောလာသည်မှာ။

"တစ်ယောက်မှ နှိုးလို့မရဘူး...ကောင်တာမှာ အိပ်တဲ့သူကအိပ် ထိုင်ခုံမှာတွေလည်း အိပ်တဲ့သူအိပ်နဲ့.... ရေနဲ့လောင်း လက်သီးနဲ့ထိုးတာတောင် လုံးဝ မနိုးကြဘူး"

"ဘာ!"

ကျားဝူဘေးက ကောင်လေးတစ်ယောက်မှ ထအော်လိုက်သည်။

"ဒါဆို မဟုတ်တော့ဘူး....ဒါက သွေးရိုးသားရိုး လုံးဝမဟုတ်တော့ဘူး ငါတို့ဒီကထွက်သွားရမယ် ခေါင်းဆောင်ဝူ ကျွန်တော်တို့ မြန်မြန် ထွက်သွားကြရအောင်"

"ကောင်းပြီ... အားလုံး ပစ္စည်းတွေ သိမ်းကြတော့!"

"စူးလန်...."

စူးယွင် သူ့အစ်ကိုဝမ်းကွဲရဲ့ လက်မောင်းထဲ ပြေးဝင်သွားသည်။ စူးလန်နဲ့ စူးယွင်သည် သုံးလသာကွာသော ဝမ်းကွဲတွေ ဖြစ်ကြလေ၏။ စူးလန်လည်း သူမကျောကိုပွတ်သပ်၍ အနည်းငယ် နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် ပစ္စည်းတွေသိမ်းဖို့အတွက် အသီးသီး ကိုယ့်အခန်းကို ပြန်ကြသည်။ ရှစ်လော့တစ်ယောက် ကြောက်နေတုန်းမလို့ ကျန်းရှီ လူသေထားတဲ့ အခန်းထဲအထိလိုက်ကာ သူမကို သိမ်းကူရလေသည်။

Darkness (Complete)Where stories live. Discover now