🍇EP (56)🍇ကိုယ်လိုချင်တယ်လေ

1.3K 138 4
                                    

Darkness

(56)
[ကိုယ်လိုချင်တယ်လေ]

ကျန်းလီကျစ် ကောင်းကင်အထက်သို့ အနည်းငယ် ပျံသန်းလာပြီးနောက် တိမ်တွေပေါ်ကနေ သူ့ကို လူတစ်ယောက် စောင့်ဆိုင်းနေတာ တွေ့လိုက်ရသည်။

ထိုသူက ပြုံးပြ၍။

"တွေ့ခဲ့ပြီလား?"

"အင်း"

ကျန်းလီကျစ် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း သူတစ်ဖက်လူ အနားကို ချဥ်းကပ်သွားသေးသည်။ အဖြူရောင်ကို ဝတ်ဆင်ထားတဲ့ နတ်ဘုရားယွီရှင်းက တဖြည်းဖြည်းချင်း ရွေ့လာတဲ့ အကောင်ငယ်လေး သူ့အနား ရောက်လာတဲ့အထိ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပေးလိုက်သည်။

ကျန်းလီကျစ် အနားရောက်လာသော်။

"ရှစ်ဇွင်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?"

တစ်စုံတစ်ယောက်ရဲ့ ရှေ့မှာတော့ လူတိုင်းရဲ့ရှေ့မှာ ချပြထားတဲ့ အေးစက်မှုတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေ၏။

"ခဏခဏ လာမတွေ့ရအောင်... အဲဒါက သူ့အတွက် အန္တရာယ်ကင်းတယ်"

"ကျွန်တော် ပင်လယ်မျိုးနွယ်နဲ့ မြေခွေးမျိုးနွယ်ကို ဆက်သွယ်ထားပြီးသား... သူတို့ ဝမ်ချန်းကို ကူညီပေးလိမ့်မယ် တခြားလူတွေ အတွက်ကတော့ တစ်ယောက် လာထိရင် တစ်မိသားစုလုံး သတ်ပစ်မယ်!"

နတ်ဘုရားယွီရှင်းလည်း သက်ပြင်းအသာ ချလိုက်သည်။ သူက ကျန်းလီကျစ်ရဲ့ လက်သီးဆုပ်ကို လှမ်းဆွဲရင်း လှည့်ထွက်လာခဲ့လေ၏။

သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက် တချို့ကို ဒီလောကမှာ မသိတဲ့သူတွေမှ အများကြီးပင်။ လူတိုင်းက ကျန်းလီကျစ်မှာ တိတ်တိတ်ပုန်း ကလေးတစ်ယောက် ရှိကြောင်း ကောလဟာလတွေကို ​ကြားဖူးပေမယ့် ကျန်းလီကျစ်ရဲ့ သက်ဆိုင်သူ နောက်တစ်ယောက်ကိုတော့ ဘယ်သူမှ မသိကြပေ။

အဲဒီလူက ကျန်းလီကျစ် လေးစား ရိုသေရတဲ့ ဆရာအရင်းကြီး ဖြစ်နေမယ်လို့ ဘယ်သူကမှလည်း တွေးထားမိမည် မဟုတ်ချေ။ သူတို့နှစ်ယောက်ကြားက အေးတိအေးစက် လေထုတွေက ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိလာစေမယ်လို့ ဘယ်သူက ထင်မှာလဲ။

Darkness (Complete)Where stories live. Discover now