🍇EP (16)🍇စာအုပ်

1.2K 171 1
                                    

Darkness

(16)
[စာအုပ်]

Aတက္ကသိုလ်ရှေ့ရှိ မိဘများသည်လည်း သူတို့ကလေးများရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြပေမယ့် သရဲနဲ့ ပတ်သက်တဲ့ နာမည် အဖွဲ့အစည်းတစ်ခုဖြစ်သော် လေညှင်းဖွဲ့အစည်းအရုံး အကြောင်းကို သိထားကြသည်။

ထိုအစည်းအရုံးမှ တစ်စုံတစ်ယောက် ထုတ်ပြန်လိုက်တဲ့ သတင်းကြောင့် မိဘတွေလည်း မကျေနပ်ချင်ပေမယ့် အနည်းငယ် စိတ်သက်သာသွားသည်။ အခြေအနေက နားလည်ရခက်ပေမယ့် အနည်းဆုံးတော့ သူတို့ကလေးတွေ လုံခြုံနေသေးတယ်လေ။

လေညှင်းဖွဲ့အစည်းအရုံးမှ Aတက္ကသိုလ်ရှိ ကျောင်းသားနဲ့ ဆရာများကို ညတွင်းချင်းပင် ခေါ်ဆောင်သွားလေရာ နောက်တစ်နေ့ မနက်ရောက်တော့ အားလုံး တိတ်ဆိတ် ခြောက်ကပ်သွားတော့သည်။

ဝမ်မိသားစုပိုင် ဗီလာများသည် တစ်လုံးမကရှိထားလေ၏။ ဗီလာထဲတွင် အခန်းတွေကလည်း မြောက်များစွာ ရှိသည်။

တစ်ခန်းတွင် လူ၇ယောက် နေထိုင်ရကာ တစ်ယောက်က ခေါင်းဆောင်လုပ်ရသည်။ အကြောင်းမှာ နတ်ဆိုးရဲ့ လှုပ်ရှားမှုက ခန့်မှန်းလို့မရလို့ ခေါင်းဆောင်က လူရေခြင်းနဲ့ တခြားအရာများကို ဦးဆောင်စီစဥ်ရမှာ ဖြစ်လေသည်။

ဝမ်ချန်း၊ ကျောက်ချီ၊ ကျားဝူ၊ လင်းကျိုရန်း၊ စူးလန်၊ ချူ့ကျင်းနှင့် ယင်းမူပိုင်တို့က တစ်ခန်းဖြစ်ပြီး ကျားဝူက ခေါင်းဆောင်ဖြစ်လေသည်။

မြို့တော်နဲ့ ၂မိုင်ခန့်သာဝေးသော နေရာရှိ အနိမ့်အမြင့် မညီညာသော တောင်ကုန်းပေါ်တွင် ဗီလာခြောက်လုံးက မျက်နှာချင်းဆိုင် တည်ရှိနေ၏။ ဗီလာထဲတွင် စောင့်ကြည့်ရမယ့် ကျောင်းသားတွေပဲ ရှိနေတာပဲ မဟုတ်။

တခြားအရွယ်စုံ လူတွေလည်း အခန်းတွေထဲမှာ ရှိကြသည်။ ကုတင်၇လုံးက တန်းလျက်ရှိကာ အဝတ်ထည့်ဖို့လည်း ဗီဒိုထားပေးထား၏။

ကျောက်ချီ -"လေထုက တော်တော်ထူးဆန်းတယ်လို့ ခံစားနေရတယ်"

ကျောက်ချီသည် သူ့အဝတ်များကို သေချာပြန်ခေါက်နေရာမှ ထပြောလိုက်သည်။

Darkness (Complete)Where stories live. Discover now