🍇EP (35)🍇ဝိညာဥ်လေးချန်ဟွေ့

966 149 2
                                    

Darkness

(35)
[ဝိညာဥ်လေးချန်ဟွေ့]

ရွှေကျိုးရွာက နယ်စပ်ရွာကလေးမို့ တော်တော်ဝေးလှသည်။ မသွားချင်ပေမယ့် နတ်ဆိုးဝိညာဥ်တွေကို အနိုင်ယူတိုက်ထုတ်နိုင်ဖို့နဲ့ လူတွေကို ကယ်တင်ဖို့က နှောင့်နှေးနေလို့ မရပေ။

ကားပေါ်မှာ အားလုံးတိတ်ဆိတ်နေကြပြီး ကျူရန့်သည်လည်း ဝမ်ချန်းအတွက် တိတ်ဆိတ်နေပေသည်။ ရှစ်လော့သည် မောင်းသူကျန်းရှီဘေးက ခုံတွင်ထိုင်လျက် အပြင်ဘက်က အမှောင်ထုကြီးကို ငေးကြည့်လျက်။

ရွှေကျိုးရွာကို ရောက်တဲ့ညက သူမရဲ့အခန်းဖော် သေဆုံးသွားခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်တွေးရင်း ကြောက်စိတ်တွေ ပြန်ပေါ်လာသည်။ တကယ်လို့များ သူတို့အဲ့ရွာထဲ ပြန်ဝင်သွားရင်ရော နံပါတ်စဥ်တွေကိစ္စက ပြန်ဖြစ်လာဦးမှာလား။

သူတို့ တစ်ယောက်ကိုတစ်ယောက် အဆင်ပြေမှာပါလို့ နှစ်သိမ့်ပေးနေကြပေမယ့် စိုးရိမ်စိတ်တွေကတော့ ကိုယ်စီပြည့်လျက်။

သူတို့တွေ မှောင်မည်းနေသော လမ်းမပေါ်ကို အရှိန်မှန်မှန်ဖြင့် မောင်းလာရင်း တစ်နေရာအရောက် လမ်းမအလယ်မှာ ရပ်နေတဲ့ အဖြူရောင် အရိပ်ကို လှမ်းတွေ့လိုက်ရ၏။

ကျောက်ချီ -"အောင်မလေး!"

ကျောက်ချီ အထိတ်တလန့်ဖြင့် ထခုန်ပစ်လိုက်သည်။ သူထအော်တော့ ကားထဲကလူတွေလည်း ထိတ်လန့်ကုန်ပြီး ကျန်းရှီလည်း ဘရိတ်ဆွဲလိုက်ရ၏။

ကားသည် အဖြူရောင် အရိပ်ကို မတိုက်မိခင် ရပ်တန့်သွားတော့သည်။

ဝမ်ချန်း -"..... ဘာဖြစ်တာလဲ? ရွှေကျိုးရွာကို ရောက်ပြီလား?"

စူးလန် -"ရွှေကျိုးရွာကို မရောက်သေးဘူး သရဲနဲ့အရင် တွေ့နေပြီ"

"အာ....."

ထိုစဥ် ကျူရန့်သူ့ဘေးမှာ အရိပ်လိုပေါ်လာပြီး သူ့ခေါင်းကို ထိကိုင်လာသည်။ ဝမ်ချန်း တစ်ယောက်ယောက် သူ့ကိုထိန်းချုပ်လိုက်တယ်လို့ ခံစားလိုက်ရကာ သူ့ကိုယ်သူ တခြားသူရဲ့ ပုခုံးပေါ်မှီထားမိတယ်လို့လည်း ခံစားနေရ၏။

Darkness (Complete)Where stories live. Discover now