🍇EP (39)🍇နတ်နန်းဆောင်

982 138 1
                                    

Darkness

(39)
[နတ်နန်းဆောင်]

လူငယ်များ ခေတ္တ အနားယူပြီးနောက် တောင်ပေါ်ဆက်တက်ခဲ့သည်။ ဒီတစ်ခါတော့ ကျူရန့် ပျောက်မသွားတော့ဘဲ ဝမ်ချန်းဘေးမှ ကပ်လိုက်လာသည်။

သူက ဝမ်ချန်းလက်ကို ပိုင်စိုးပိုင်နင်း ဆွဲထားပြီး ဝမ်ချန်းရုန်းလည်းမရ မျက်လုံးပြူးပြလည်း မရဖြစ်နေကာ တခြားလူတွေကလည်း သူတို့ကို ဂရုမစိုက်နေချေ။ ကျန်းရှီကလည်း လက်တစ်ဖက်မှာ ရှစ်လော့ကို ဆွဲထားသည်။

တောင်ပေါ်မှာတော့ သစ်ပင်ကြီးတွေပဲ ရှိတာကြောင့် ချုံရှင်းရန်မလိုတော့။ နေရာတိုင်းမှာ ခြောက်ကပ်နေတဲ့ သစ်ရွက်တွေသာ ရှိလို့ ချော်လဲမှာကြောက်လို့ ခြေထောက်အောက်ကိုသာ သတိထားရသည်။

ဝမ်ချန်း တစ်နာရီလောက် သူ့လက်တွေကို လွတ်အောင်လုပ်ပေမယ့် ကျူရန့်က သူ့ကိုမလွှတ်ပေးချေ။ ကောင်းကင်ကလည်း နေရောင်မရှိ တောတောင်ထဲမှာလည်း သစ်ပင်တွေက အုပ်စိုင်းနေလို့ တော်တော်လေး မှောင်မည်းနေသည်။

ဝမ်ချန်း -"နတ်ဆိုးတွေနဲ့ တိုက်ရင်ကျတော့ ထွက်မလာဘဲနဲ့!"

ဝမ်ချန်း သူ့ဘာသာ ပြောလိုက်သလို ဆူပုတ်ပုတ်နဲ့ ပြောလိုက်သည်။ ကျူရန့်ကြားတော့ ရယ်လေ၏။ ဝမ်ချန်း ထိုသူအား မျက်လုံးပြူးပြလိုက်ကာ။

"ဘာရီတာလဲ?!!"

"အရူးလေး... နတ်ဆိုးတွေက သူတို့စွမ်းအားတွေ မြင့်ဖို့ အဆင့်နိမ့်တဲ့ ဝိညာဥ်တွေကို ဖမ်းစားနေတာ ကိုယ်က အရင်လိုအစွမ်းတွေ ပြန်မရသေးဘူး ... ကိုယ့်ဝိညာဥ်ကို သူတို့သတိထားမိရင် မင်းကိုပဲ အမဲလိုက်နေကြလိမ့်မယ်"

"ဘာလို့လဲ? သူတို့က ခင်ဗျားကိုစားမှာလေ!! ကျွန်တော့်ကိုမှ မဟုတ်တာ!!"

"မင်းက ကိုယ်နဲ့အနီးကပ်ဆုံး လူသားလေ"

"ခင်ဗျားက အန္တရာယ်များလိုက်တာ!"

"စိတ်မပူပါနဲ့... ကိုယ်မင်းကို ကာကွယ်နိုင်တယ်"

"......"

ကျူရန့် နူးညံ့စွာပြောလာတော့ ဝမ်ချန်း ပြန်ခံပတ်ဖို့ပင် မေ့လျော့သွားသည်။ ရုတ်တရက် သူ့လက်တွေကို အပိုင်သိမ်းထားတဲ့ လေထုတောင်မှ နွေးထွေးလာသလိုပဲ။

Darkness (Complete)Where stories live. Discover now