🍇EP (40)🍇 ခြိမ်းခြောက်ခံရခြင်း

1K 130 3
                                    

Darkness

(40)
[ခြိမ်းခြောက်ခံရခြင်း]

ကားကလေး ရွှေကျိုးရွားက ထွက်ခွာလာပြီးနောက် ရွာကြီးလည်း ပျောက်ကွယ်သွားလေသည်။ ရွာဆိုတာက ဘယ်တုန်းကမှ မရှိခဲ့သလိုပဲ တောတောင်ကုန်းမြင့်တွေသာ ကျန်ခဲ့၏။

ကားထဲရောက်တော့ ကျူရန့်လည်း ဝမ်ချန်းကိုယ်ထဲ ပြန်ဝင်သွားတာကြောင့် ထိုအခါမှ ကျောက်ချီ ဝမ်ချန်းအနား ကပ်ရဲတော့သည်။ ကျူရန့် ထုတ်လွှတ်နေတဲ့ အဲကွန်းကြီးက ကြောက်စရာကောင်းလှသည်လေ။

သူတို့ တောလမ်းကလေးကို ဖြတ်လာစဥ် လမ်းမအလယ်မှာ လူတစ်ယောက်ရပ်လျက် သူတို့ကို စောင့်နေဟန်ရှိ၏။ ထိုလူက တစ်ကိုယ်လုံး အနီအနက်တစ်ပိုင်းစီရှိသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။

သူ့ဝတ်စုံက ရှေးခေတ်ဆန်သော်လည်း ဝတ်ရုံကဒူးအထိ ရှည်ကာ ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ ထိုလူကို တွေ့တာနဲ့ ကျားဝူ ပိုးအိတ်ထဲက နတ်လက်နက်ကို ဝမ်ချန်းဆီ ပစ်ပေးလိုက်သည်။

ဝမ်ချန်းလည်း နတ်လက်နက်ကို ပိုးအိတ်ထဲ ထိုးထည့်လိုက်၏။ ထိုအခိုက် နတ်ဆိုးက သူတို့ဆီကို အလွန်မြန်စွာ ပြေးဝင်လာ၏။

'ဝုန်း.....'

ကားထဲမှ အစီအရင်တစ်ခု ပြေးထွက်လာကာ နတ်ဆိုးကို ကန်ထုတ်လိုက်သည်။ ပထမဆုံး တုံ့ပြန်လိုက်သူက ကျောက်ချီ။

ကျားဝူ -"တော်တယ် ကျောက်ချီ...."

ထိုစဥ် နတ်ဆိုးက အနီရောင် စွမ်းအင်လုံးကြီးကို ပစ်လိုက်လေသည်။ သူတို့အားလုံး အစီအရင်တစ်ခုကို ဖန်တီးလိုက်သော်ငြားလည်း မီးလုံးကြီးက သူတို့ကားကို ရိုက်ထုတ်ပစ်တော့သည်။

'ဝုန်း......'

ကားက မြောက်တက်သွားသည်။ လေပေါ်မှာ သုံးပတ်လောက် လည်သွားတာကြောင့် လူတွေလည်း မူးနောက်ကာ တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်မိကုန်သည်။

ကား မြေပေါ် အရှိန်ပြင်းပြင်း ပြန်ကျတော့မယ့် အချိန်မှာပဲ အစိမ်းရောင် စွမ်းအင်တို့ ထွက်ပေါ်လာပြီး ကားကိုရစ်ပတ်ထားလိုက်စဥ် အနီရောင် အငွေ့များ တွန်းကန်ခြင်း ခံလိုက်ရသည်။

Darkness (Complete)Where stories live. Discover now