🍇EP (1)🍇နယ်စပ်ရွာလေးသို့ခရီးတစ်ခေါက်

2.8K 223 5
                                    

Darkness

🍇(1)🍇
[နယ်စပ်ရွာလေးသို့ခရီးတစ်ခေါက်]

စိမ်းစိုသာယာသော တောအုပ်ကလေးကိုဖြတ်၍ ဘတ်စ်ကားလေးတစ်စီးဟာ တငြိမ့်ငြိမ့် မောင်းနေသည်။ အဝါရောင် ဘတ်စ်ကားပေါ်တွင် တက္ကသိုလ်ကျောင်းသားတွေ အပြည့်။ တချို့က သီချင်းအော်ဆိုကာ တချို့က ဟာမိုနီလိုက်ပေးကြသည်။

တချို့ကလည်း သူတို့ဘာသာ တီးတိုးစကားပြောနေကြလေသည်။ ဘတ်စ်ကားလေးက တောင်တန်းအသွယ်သွယ်ကို ဖြတ်ကျော်ရင်း ဝေးလံသောနယ်စပ်က ရွာတစ်ရွာကို ဦးတည်မောင်းနေ၏။

Aတက္ကသိုလ်က ကျောင်းသားများသည် နွေရာသီကျောင်းပိတ်ရက်မှာ နယ်စပ်က ရွာကလေးရှိ ရေပူစမ်းကို အပန်းဖြေခရီးထွက်လာခဲ့တာ ဖြစ်သည်။ ရေပူစမ်းသည် သိပ်နာမည်မကြီးပေ။

ထို့ကြောင့် အပန်းဖြေသူတွေနဲ့ လူသွားလူလာလည်း သိပ်မရှိ။ အဝါရောင် ဘတ်စ်ကားပေါ်တွင်တော့ လူငယ်မောင်မယ်တွေရဲ့ အော်ဟစ်သံတွေနဲ့ ဆူညံနေသည်။

ထိုထဲတွင် အပြင်ဘက်ကရှုခင်းကိုသာ တစ်လမ်းလုံး ကြည့်ရင်း လိုက်လာသူတစ်ဦး ရှိလေသည်။ ဝတုတ်တုတ်နဲ့ ကောင်လေးသည် တစ်လမ်းလုံး အိပ်လိုက်နိုးလိုက် လုပ်နေတဲ့ ဝမ်ချန်းကို လက်တို့လိုက်သည်။

"နိုးလာပြီလား....ရှောင်ချန်း"

ဝမ်ချန်း သူ့အကြည့်တွေကို ဘေးကသူငယ်ချင်းဆီ ရွှေ့လိုက်သည်။

"ငါတို့ရောက်တော့မှာလား?"

"ရောက်တော့မှာပါ... ငါတို့ကားစီးလာတာ နေ့တစ်ပိုင်း မကတော့ဘူးလေ"

ဝတုတ်လေးက သူ့ဖုန်းကိုထုတ်၍ မြေပုံကြည့်လိုက်သည်။

"အင်း..... ရောက်တော့မယ် ရွှေကျိုးရွာက နယ်စပ်မှာ... အဲဒီမှာ ရေပူစမ်းရှိတယ်ဆိုတဲ့ သတင်းက webioမှာ သတင်းပျံ့နေတာ တစ်လလောက်ရှိပြီ လူတွေလည်း သွားတယ်လို့ ကြားတယ်ကွ"

"ဒါပေမဲ့ လမ်းမှာဘယ်သူမှမတွေ့ဘူးလေ"

"မင်းကလည်း တချို့က ငါတို့လိုအားယားနေတဲ့ ကျောင်းသားတွေမှ မဟုတ်တာ... အိမ်ပြန်ပြီး ပြင်ဆင်ကြဦးမှာပေါ့ ငါတို့အရင်ရောက်တော့ ပိုကောင်းတယ်လေ မဟုတ်ရင် ဟိုတယ်က လူပြည့်သွားရင်ခက်ဦးမယ်"

Darkness (Complete)Waar verhalen tot leven komen. Ontdek het nu