🍇EP (47)🍇မိဖုရားခေါင်ကြီး ယွီပင်းယန်

1.1K 125 3
                                    

Drakness

(47)
[မိဖုရားခေါင်ကြီး ယွီပင်းယန်]

ဝမ်ချန်းတို့ တစ်ဖွဲ့လုံးသည် အနောက်က မကောင်းဆိုးဝါးကြီး လိုက်မလာခင် နတ်သမီးချင်းရှန်ရဲ့ ဦးဆောင်မှုအောက်၌ ဂူသင်္ချိုင်း၏ ဝင်္ကပါလမ်းကြောင်းများထဲမှ လွတ်မြောက်သွားခဲ့သည်။

ဒါက ချင်းရှန်အနေနဲ့ ဧကရာဇ်ဖုန်းရဲ့ ဂူသင်္ချိုင်းကို သိပ်အကျွမ်းတဝင် မရှိလှသော်လည်း သူမက ရေဓာတ်ကိုတော့ အာရုံခံနိုင်သေးသည်။

တစ်နေရာ အရောက်မှာတော့ ချင်းရှန်သည် သူမလက်ဝါးနဲ့ နံရံကြီးတစ်ခုကို ဝုန်းကနဲ ဖြိုချပစ်လိုက်သည်။

လူငယ်များ -"....."

ကျောက်ချီ ဝမ်ချန်းကို တစ်ချက် စောင်းကြည့်လိုက်သည်။

"ရှေးခေတ်တုန်းက လူတွေက တော်တော်လေး ဇတ်ရဲလက်ရဲ လုပ်ကြတာပဲနော်"

"....." ဝမ်ချန်း။

ကျောက်ချီ ပြောလာမှ ဝမ်ချန်းလည်း အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ တကယ် မှန်တာပဲ မဟုတ်လား။ ရှေးဟောင်း အမွေအနှစ်တွေကို တစ်စက်ကလေးမှ တန်ဖိုးမထားကြဘူး။

နှစ်ယောက်သား စကားများနေချိန် နံရံကြီးက ပြိုကျသွားပြီ။ ပြိုကျသွားတဲ့ နံရံဘက်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်တဲ့အခါ အပေါ်ကို ဆက်သွယ်ထားတဲ့ လှေကားထစ်တွေကို တွေ့လိုက်ရသည်။

ချန်ဟွေ့ - "အပေါ်ကို တက်ရမှာလား?"

"အင်း"

ချင်းရှန် ခေါင်းညိတ်ပြပြီး သူမဂါဝန်ကိုမကာ အရင်ဆုံး တက်သွားလေ၏။ ဂူထဲက မှောင်နေပြီး လှေကားထစ်တွေရဲ့ အဆုံးသတ်ကို မမြင်ရသော်ငြား ချင်းရှန်ကတော့ အမှောင်ကို ​နေသားကျနေသူလိုမျိုး မကြောက်မလန့် တက်သွားသည်။

စူးလန် သူ့ဘေးက ချန်ဟွေ့ကို တစ်ချက် ပြန်လှည့်ကြည့်လိုက်ပြီး

"မကောင်းတာ တစ်ခုခု ခံစားမိလို့လား?"

ထိုအခါ တခြားလူတွေကလည်း ချန်ဟွေ့ကို ကြည့်လာသည်။ ချန်ဟွေ့လည်း စူးလန်ကို ပြန်ကြည့်လာပြီးနောက် ခေါင်းအသာ ခါ၍ မျက်နှာလွှဲသွားသည်။

Darkness (Complete)Where stories live. Discover now