🍇EP (43)🍇ရေစီးကြောင်း

967 131 1
                                    

Darkness

(43)
[ရေစီးကြောင်း]

ကောင်းကင်က နေ့ဖက်ဆို အနည်းငယ်လင်းပြီး ညဖက်ဆို ဘာဆိုဘာမှ မမြင်ရတော့လောက်အောင် ပိတ်ပိတ်မှောင်နေပြီ။ ကောင်းကင်က လရောင်ဟာလည်း တိမ်မည်းတွေကြောင့် မမြင်ရတော့ချေ။

ကျားဝူတို့ တစ်ဖွဲ့လုံး ကောင်းကင်ကို ခဏခဏ မော့ကြည့်နေကြသလို မော့ကြည့်မိတိုင်းလည်း သက်ပြင်း ချနေကြရသည်။

ကျားဝူ -"မတတ်နိုင်ဘူး.... နတ်ဆိုးတွေက ငါတို့လူသားမျိုးနွယ်ကို အမြစ်ဖြတ် သုတ်သင်ချင်နေတာ"

လင်းကျိုရန်း -"ဟုတ်တယ် ငါတို့နောက်ဆို နေရောင်ကိုတောင် မမြင်ရတော့မှာ စိုးရတယ်"

စူးယွင် -"တောင်တန်းအရှင် ပြောတဲ့ နတ်သစ်ပင်တွေကို ငါတို့ရှာရမှာပဲ"

ကျူရန့် -"ငါ့ကို ကျူရန့်လို့ခေါ်ရင် ရပြီ...."

ကျန်းရှီ -"နတ်သစ်ပင်တွေက အလင်းရောင် ထုတ်လွှတ်ပေးနိုင်တယ်လို့ ပြောတယ်မလား? ငါတို့အခု နတ်လက်နက်အပြင် ဆေးနဲ့ သစ်ပင်တွေကိုလည်း ရှာရတော့မယ်"

ကျောက်ချီ -"အစ်ကိုကျူ ကျွန်တော်တို့ နတ်သစ်ပင်ကို ဘယ်လိုရှာရမှာလဲ?"

ကျူရန့်က ဝမ်ချန်းဘေးတွင် ထိုင်ရင်း တဖြည်းဖြည်းချင်း တောက်လောင်နေတဲ့ မီးပုံကို စိုက်ကြည့်နေ၏။

"မခက်ပါဘူး... မင်းတို့နတ်စွမ်းအင်က အလိုလို ခံစားမိလိမ့်မယ့် နတ်သစ်ပင်တွေက အပင်ငယ်တွေပဲ ရှိတာ သူ့ကိုရှင်သန် ကြီးထွားစေဖို့ဆို ဝိညာဥ်စွမ်းအင် လိုအပ်တယ်"

ရှစ်လော့ -"ဒါဆို ကျွန်မတို့ ဝိညာဥ်စွမ်းအင်ကိုရော ရှာကြရမှာလား?"

"အဲဒါလည်း မခက်ပါဘူး ... ဝမ်မိသားစုက အဲ့ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ် အခုတော့ နားလိုက်ကြဦး မနက်ဖြန်ကျရင် မင်းတို့အတွက် အလုပ်ရှိတယ်"

လူငယ်တွေလည်း ခေါင်းညိတ်လိုက်ကြပြီး မိမိတို့ တဲထဲသို့ ဝင်သွားကြသည်။ သူတို့ထဲမှာ ကျူရန့်က စွမ်းအားအကြီးဆုံးမို့ အလိုအလျောက် ခေါင်းဆောင်နေရာ ရသွားလေသည်။

Darkness (Complete)Where stories live. Discover now