အပိုင်း ၂၁၆ အမည်မဲ့ ဂိုဏ်း

499 58 2
                                    

[Unicode]
အပိုင်း ၂၁၆ အမည်မဲ့ ဂိုဏ်း

အချိန်တစ်ခုကြာပြီးနောက် ယွင်လီကောနှင့် ကျီဝူရှား မှိန်းခနဲနိုးလာသည်။

နိုးလာသည်နှင့် နှစ်ယောက်သား ချွေးစေးများ ရုတ်တရက် ထွက်လာသည်။ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပျံ့နှံ့သွားပြီး ၎င်းတို့၏ အရှိန်အဝါအားလုံး ချက်ချင်း ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး၊ ငါတို့အလိမ်ခံလိုက်ရတယ်။"

သို့သော်လည်း သူတို့နှစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်လာချိန်တွင် အစိမ်းရောင်ဝတ် မိန်းမချောလေးသည် အောက်ထပ်မှ အလျင်အမြန် ပြေးတက်လာသည်။

"လူကြီးမင်းတို့ ဘာဖြစ်တာလဲ? ကိစ္စကြီးအောင် မလုပ်ပါနဲ့။"

အတွေးတစ်ခုဖြင့် ယွင်လီကောသည် သူတော်စင်အဆင့် လှံတစ်ချောင်းကို ထုတ်ကာ တဖက်သူ၏လည်ချောင်းသို့ ချိန်ရွယ်လိုက်သည်။

"မင်း ငါတို့ကို ဘယ်လို ကြံစည်ရဲတာလဲ?"

အစိမ်းရောင်ဝတ် အမျိုးသမီးက စွပ်စွဲခံရသော မျက်နှာဖြင့်ပြောသည်။

"လူကြီးမင်း ဘာတွေပြောနေတာလဲ? ကျွန်မ တို့က သင့်တော်တဲ့စီးပွားရေးတစ်ခုလုပ်နေတာ။ လူကြီးမင်းတို့ကို ဘာလို့ ကြံစည်ရမလဲ? ကျွန်မတို့က မကောင်းတဲ့သူတွေမဟုတ်ဘူး။"

"အဲဒါက လိမ်လည်မှုမဟုတ်ရင် ငါတို့ဘာလို့မေ့မျောသွားရတာလဲ?"

"နားလည်မှုလွဲတာ အားလုံးက နားလည်မှုလွဲနေတာပါ၊ ကျွန်မ တို့ဆိုင်က ဝိညာဉ်စွမ်းအင်လက်ဖက်ရည်က ဒီလိုပါပဲ။ ဝိုင်မဟုတ်ပေမယ့် အလွန်အကျွံသောက်ရင် မူးဖို့ လွယ်တယ်။ မယုံရင်ကြည့်ကြည့်၊ ကျွန်မ ရှင်တို့ကို တစ်ခုခုလုပ်ခဲ့သလား စစ်ဆေးကြည့်ပါ။ ပစ္စည်းတွေ ပျောက်ဆုံးနေလားဆိုတာ စစ်ဆေးနိုင်ပါတယ်…"

သူတို့နှစ်ဦးသည် အကြည့်ချင်းဖလှယ်ကာ သူတို့၏ခန္ဓာကိုယ်အသီးသီးကို စစ်ဆေးရန် နတ်အာရုံများကို ချက်ချင်းအသုံးပြုကြသည်။ ထို့နောက် သူတို့၏ သိုလှောင်အိတ်အသီးသီးကို စစ်ဆေးကာ ပစ္စည်းများ အမှန်တကယ် နဂိုအတိုင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင်၊ သူတို့၏ကိုယ်ခန္ဓာရှိ ဝိညာဉ်စွမ်းအင်များ ပိုမိုကြွယ်ဝလာခဲ့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now