အပိုင်း ၂၄၄

435 56 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၄ ငွေရှိသ၍ ဘယ်သူ့ကိုဂရုစိုက်ရေဦးမှာလဲ?

“ဒီအခြေအနေကိုအခြေခံပြီးတွေးကြည့်ရင် ငါသာ ဆုချန်ကို နောက်လဝက်လောက် ထပ်လွှတ်ထားလိုက်တာနဲ့ ထာဝရသစ်တောကို သွားတိုက်ခိုက်ဖို့တောင် သူ့မှာလုံလောက်တဲ့သတ္တိတွေရှိသွားလိမ့်မယ်။”
လုရှောင်ယန် တစ်ဖက်လူကို လျှော့မတွက်ရဲခဲ့ပေ။
ထို့အပြင် ဝမ့်ခိုက်ကာ ကျူးကောဖေးအာ၏ကံကောင်းမှုစွမ်းအားကို ဝါးမြိုခဲ့တာကြောင့် အခုဆို စတင်တိုးမြှင့်နေပြီဖြစ်သည်။
လတ်တလော သူ့မှာ နောက်ထပ်ပစ္စည်းကောင်းတစ်ခုခုရနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
တစ်ဖက်လူ၏ဟက်စွမ်ရည်က ကျွမ်းကျင်သူပေါင်းမြောက်မြားစွာကို ကြိုးဆွဲနိုင်စေခဲ့သည်။ တစ်ဖက်မှာတော့ သူ၏ဟက်စွမ်းရည်သည် အခုမှပြုပြင်မွမ်းမံနေဆဲဖြစ်ကာ အချိန်တိုအတွင်း အသုံးပြုနိုင်ဦးမည်မဟုတ်ပေ။
ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်လဲ?
အရမ်းသနားဖို့ကောင်းတာပဲ။
ထိုအကြောင်းတွေးရင်းဖြင့်ပင် လုရှောင်ယန်တစ်ယောက် ကံကောင်းခြင်းရွှေနဂါးအနည်းငယ်ကို ဆွဲထုတ်ကာ တံဆို့ထိုးဖို့ရန် သိုင်းဘုရင်အဆင့်လှံတံကို အသုံးပြုလိုက်သည်။ ထို့နောက် ဆီသုတ်ကာ ကင်ပြီး အပေါ်မှနေ ဆား၊ ဇီရာ၊ ငရုတ်သီးမှုန့်တို့ ဖြူးလိုက်သည်…
ထိုကံကောင်းခြင်းရွှေနဂါးအနည်းငယ်ကို အရင်ဆုံးစားကြည့်ပြီး သူ့ကံကောင်းခြင်းတွေတိုးလာနိုင်မလား ကြည့်ရပေမည်။
သူ ကံကောင်းခြင်းရွှေနဂါးများကို စားလို့မပြီးခင်မှာပဲ ရှန်းထီကျောက်ရှင်အမှတ်အသားက ရုတ်တရက် လင်းလာခဲ့သည်။ ထို့နောက် ဖိဂုလျန်သည် ရှန်းထီကျောက်ရှင်အမှတ်အသားကနေပြီး ပြန်လည်ရှင်သန်လာခဲ့လေသည်။
ပြီးခဲ့သည့်တိုက်ပွဲတွင် ဖိဂုလျန်သည် ကျူးကောဖေးအာ၏လက်အောက်ငယ်သားမှ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အခုတော့ ရှန်းထီကျောက်ရှင်အမှတ်အသားဖြင့် ကယ်ဆယ်ခံလိုက်ရကာ ချက်ချင်းပင် အဆင်ပြေသွားခဲ့သည်။
“သခင့်ကို နှုတ်ဆက်ပါတယ်။”
လုရှောင်ယန် ခေါင်းအသာညိတ်ကာ လှံကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ပြန်မထည့်ခင် ကံကောင်းခြင်းရွှေနဂါးကို နောက်ဆုံးတစ်လုတ်ဖြင့် အပြီးသတ်စားလိုက်သည်။
ကံကောင်းခြင်းရွှေနဂါးအနည်းငယ်က အရမ်းအသုံးမဝင်ပုံရသည်။ ၎င်းသည် ဖိဂုလျန်၏ပြန်လည်ရှင်သန်ခြင်းအရှိန်ကိုသာ မြှင့်တင်ပေးခဲ့လေသည်။
ဖိဂုလျန်က သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲလိုမှမဟုတ်ဘဲ။
ဟမ်?
ရုတ်တရက် လုရှောင်ယန် မှင်သက်သွားကာ မျက်လုံးတို့က မျှော်လင့်ချက်တို့ဖြင့် တောက်ပလာခဲ့သည်။
“ဟုတ်သားပဲ!”
နတ်ဘုရားခန်းမမှာ မရေမတွက်နိုင်လောက်အောင် ထိပ်တန်းကျွမ်းကျင်သူတွေရှိတယ်ဆိုရင်တောင် သူ စိုးရိမ်နေဖို့မလိုသေးဘူး။ သူ့မှာ ရှေးဟောင်းတောင်နယ်နိမိတ်ရှိနေသေးတာပဲ။ အဲဒီမှာ အင်အားကြီးတဲ့မိစ္ဆာသားရဲတွေဆိုတာ မရေမတွက်နိုင်အောင်ပဲ။
ဥပမာအနေနဲ့၊ အဇူရာနွားထီးတို့ဆိုလျှင် တကယ်တမ်း ရှေးဟောင်းတောင်နယ်နိမိတ်ရှိ မိစ္ဆာသားရဲတို့၏ အစိတ်အပိုင်းငယ်လေးတစ်ခုမျှသာဖြစ်သည်။
သူတို့ဘော့စ်တစ်ကောင်တည်းကပဲ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲမဟုတ်ဘူး။
တကယ်တော့ ရှေးဟောင်းတောင်နယ်နိမိတ်မှာ တခြားသိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတွေ အများကြီးရှိနေသေးတယ်။
ထိုသို့တွေးမိသွားသည်နှင့် လုရှောင်ယန်၏နှုတ်ခမ်းထောင့်က ကော့တက်သွားတော့သည်။
“ဖိဂုလျန်၊ အဇူရာနွားထီးနဲ့ကျန်တဲ့ကောင်တွေကို သွားခေါ်လာခဲ့။”
“ဟုတ်ကဲ့ပါ၊ သခင်။”
မကြာလိုက်ပါဘဲ ဖိဂုလျန်ခေါ်ဆောင်လာသည့် အစိမ်းရောင်နွားထီးကြီးတို့အဖွဲ့ ရောက်ရှိလာခဲ့သည်။
ထိုသားရဲအုပ်စုငယ်ရောက်ရှိလာသည်ကိုမြင်သည်နှင့် ချက်ချင်းပင် လုရှောင်ယန် ပြုံးပြလိုက်သည်။
“မင်းတို့အားလုံး ဒီတစ်ကြိမ်တိုက်ပွဲမှာ ပူးပေါင်းပေးခဲ့ကြတာ အရမ်းကောင်းတယ်။”
အဇူရာနွားထီးနှင့်ကျန်သားရဲများ ချက်ချင်းပင် နှိမ့်ချစွာ ပြန်ဖြေလာသည်။
“သခင်က အရမ်းကြင်နာလွန်းနေပါပြီ။ ငါတို့က အရမ်းသာမာန်လောက်ပါပဲ။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သခင်အလိုရှိတဲ့အတိုင်းပါပဲ။”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်။ မင်းတို့ရဲ့ခွန်အားတိုးများလာဖို့အတွက် ငါမင်းတို့ကို ဆေးလုံးတွေအများကြီးမပေးရသေးတာကြောင့် မင်းတို့ရဲ့စိတ်ကို ပိုပြီးသက်သေပြလိုက်သလိုပဲ။”
ခဏလောက်ရပ်လိုက်ပြီးနောက် နတ်သားရဲဥတစ်လုံးကို လုရှောင်ယန် ထုတ်ယူလိုက်သည်။
နတ်သားရဲဥ၏ရောင်ဝါကို အဇူရာနွားထီးတို့ အာရုံခံလိုက်မိသည်နှင့် ချက်ချင်းဆိုသလို ကြက်သီးတွေထကုန်ကြတော့သည်။
“ဟစ်~! ဒီရောင်ဝါက! နတ်သားရဲဥလား?”
ထိုမိစ္ဆာသားရဲများတွင် မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသော်လည်း တကယ်တော့ အတိအကျပြောရလျှင် သူတို့သည် မဖြစ်မမြောက်အဖွဲ့လေးတစ်ခုသာဖြစ်သည်။
တခြားဘာကိုမှမပြောနဲ့ဦး၊ သူတို့ကိုယ်ထဲကနတ်သားရဲသွေးမျိုးဆက်ဆိုတာ မသန့်စင်ဘဲ ဗရမ်းဗတာချည်းပဲ။ သူတို့အများစုဟာ သာမာန်သွေးမျိုးဆက်တွေတော့ ဖြစ်နေကြတုန်းပဲ။
သို့ပေမဲ့ နတ်သားရဲဥသည်တော့ ကွာခြားလေသည်။ ၎င်းသည် သန့်စင်သည့် နတ်သားရဲသွေးမျိုးဆက်၏ ဥဖြစ်သည်။
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါက နတ်သားရဲဥပဲ။”
လုရှောင်ယန်ကိုယ်တိုင် အတည်ပြုပေးလိုက်သည်ကိုကြားသည်နှင့် သားရဲတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့သည်။
“ဘုရားရေ၊ ဒါတကယ်ကို နတ်သားရဲဥပဲ။”
“ဒီဥထဲမှာရှိတဲ့ အဇူရာဖီးနစ်သွေးမျိုးဆက်က ဘယ်လောက် အားကောင်းလဲဆိုတာတောင် ငါခံစားမိနေတယ်။ သူသာ အကောင်ပေါက်လာရင် အနာဂတ်မှာ အနည်းဆုံးသိုင်းဘုရင်အဆင့်တော့ ရောက်မှာပဲ!”
“အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့။ ဒါကို မင်းကိုယ်မင်းများထင်နေလား? ဒါက နတ်သားရဲဥကွ! အကောင်သာပေါက်လာရင် အနာဂတ်မှာ နတ်ဘုရားအဆင့်ထိရောက်အောင် သေချာပေါက် ကျင့်ကြံနိုင်မှာ။”
လုရှောင်ယန် မျက်မှောင်ကြုတ်ကာ သားရဲအုပ်စု၏စကားဝိုင်းထဲ ဖြတ်ဝင်လိုက်သည်။
“ကောင်းပြီ၊ စကားစဖြတ်ကြတော့။ ဘာလို့ ဒီလောက်အများကြီးပြောနေကြတာလဲ? ငါက ဒီသားရဲဥကို မင်းတို့တွေဝါးမြိုပြီး မင်းတို့ရဲ့သွေးမျိုးဆက်အင်အားကို တိုးမြှင့်စေဖို့အတွက် ပေးတာ။ မင်းတို့အလိုရှိရဲ့လား?”
“ဟစ်!”
သားရဲအုပ်စုခမျာ ချက်ချင်းပင် တံတွေးတွေမြိုချကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
“သခင်၊ အဲ့လိုလုပ်လို့မဖြစ်ဘူးလေ။ ငါတို့က နတ်သားရဲသွေးမျိုးဆက် နည်းနည်းပါးပါးပါတဲ့ သာမာန်မိစ္ဆာသားရဲတွေပဲ။ ဘယ်လိုလုပ် ဒီလိုသန့်စင်တဲ့နတ်သားရဲဥကို စားနိုင်မှာတဲ့လဲ?”
“ဒီတော့ မင်းတို့မစားချင်ကြဘူးပေါ့? မင်းတို့မစားချင်ရင် ငါ့ဘာသာအတွက်ပဲ ကြက်သွန်မြိတ်လေးထည့်ပြီး စားဖို့ပြင်လိုက်တော့မယ်။ ဒါက အရမ်းကောင်းတာ။ ကျင့်ကြံဆင့်ကိုတောင်မှ တိုးမြှင့်ပေးနိုင်တယ်။ ကျွတ်..ကျွတ်.. တကယ်ကိုရှားပါးတဲ့ရတနာပဲ။”
ထိုစကားကိုကြားသည်နှင့် သားရဲအုပ်စုမှာ တပြိုင်တည်း တံတွေးမြိုချကာ သိုင်းဘုရင်အဆင့်လက်နက်တစ်လက်ကို ထုတ်ပြီး နတ်သားရဲဥကို ခွဲဖို့လုပ်နေသည့် လုရှောင်ယန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြတော့သည်။
လုရှောင်ယန် လက်ဆန့်ကာ ခွဲဖို့ပြင်လိုက်သည်နှင့် ရုတ်တရက်ပင် သားရဲများက ‌ဟန့်တားလာခဲ့သည်။
“ခဏလေးနေပါဦး၊ သခင်။ ငါတို့စဉ်းစားကြည့်လိုက်တော့ အခုဆို ငါတို့က မင်းရဲ့အစေခံတွေဖြစ်နေပြီပဲ။ ဒီတော့ မင်းရဲ့အမိန့်တွေကို နားထောင်သင့်တယ်။ ဘယ်လိုလုပ်ပြီး မိစ္ဆာသားရဲတွေရဲ့လမ်းစဉ်အတိုင်း ဆက်လိုက်နေလို့ဖြစ်မှာလဲ?”
“ဟုတ်တယ်၊ အမှန်ပဲ။ သခင်က ငါတို့ကို ညလယ်မှာသေခိုင်းရင် ငါတို့ မနက်မိုးလင်းတဲ့အထိ မစောင့်ရဲဘူး။ ဒါက နတ်သားရဲဥလေးပဲကို။ ငါတို့စားလိုက်ရုံပဲ။ အလွန်ဆုံးမှ အနာဂတ်မှာ တခြားသားရဲတွေနဲ့တွေ့တဲ့အချိန် ငါတို့ နတ်သားရဲဥကိုစားခဲ့တဲ့အကြောင်း မပြောရင် အဆင်ပြေနေပြီပဲမဟုတ်လား?”
“ဟုတ်တာပေါ့။ ရွှေတောင်ပံလင်းယုန်က တကယ်ကိုဉာဏ်ထက်မြက်တာပဲ။”
လုရှောင်ယန် သူ၏သိုင်းဘုရင်အဆင့်လက်နက်ကို ပြန်သိမ်းကာ ပြုံးလိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့.. ပြောပါဦး။ မင်းတို့ရဲ့ ရှေးဟောင်းတောင်နယ်နိမိတ်ထဲမှာ တခြားမိစ္ဆာသားရဲအဖွဲ့တွေက ဘယ်နေရာမှာနေကြတုန်း? သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်ကို ငါဘယ်မှာသွားရှာလို့ရမလဲ?”
ထိုစကားများကိုကြားသည်နှင့် အစေက နတ်သားရဲဥကိုယူဖို့ပြင်နေကြသည့် သားရဲများမှာ ချက်ချင်းပင် သတိကပ်လိုက်ကြသည်။
“သခင်၊ ဘာလုပ်ဖို့ကြိုးစားနေတာလဲ?”
“ဘာမှမလုပ်ပါဘူး။ ငါက မင်းတို့သားရဲမျိုးနွယ်ရဲ့ထိပ်တန်းဆရာကြီးနဲ့တွေ့ပြီး စကားလေးပြောချင်ရုံပါ။ လက်ဖက်ရည်လေးတစ်ခွက်လောက် သောက်ရင်းနဲ့ပေါ့။”
သားရဲများ ချက်ချင်းပင် သူတို့မျက်ဆံများကို လှိမ့်လိုက်ကြသည်။
မေ့လိုက်တော့။ ဒီကမ္ဘာပေါ်မှာ သူတို့သခင်ထက်ပိုပြီး အကြံအစည်းများတဲ့လူ ဘယ်သူများရှိသေးလို့တုန်း။
သူတို့သခင်ရဲ့ လှည့်ကွက်တေါက အရမ်းကိုကလိမ်ကျစ်ကျလွန်းတယ်။ အကြံတွေထွက်လာသ၍ ကောင်းတာကိုမရှိဘူး။
သူတို့သည် တုံးအသူများမဟုတ်‌ကြောင့် သူတို့ကိုလက်ပါးစေအဖြစ် သိမ်းသွင်းခဲ့သူကို မကူညီလိုချင်ပေ။
“သခင်၊ ငါတို့ နတ်သားရဲဥကို မစားချင်တော့ဘူး။”
“ဟုတ်တယ်၊ သခင်။ ငါတို့ တွေးကြည့်လိုက်တော့ နတ်သားရဲဥကို မစားသင့်ဘူးလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှာလဲ နတ်သားရဲတွေကို အတိုင်းအတာတစ်ခုအထိ ရိုသေတဲ့စိတ်ရှိတယ်လေ။”
လုရှောင်ယန် အရေးမစိုက်ဟန် ပုခုံးတွန့်လိုက်ကာ၊
“ကောင်းပြီလေ၊ အစကတော့ ကိစ္စပြီးသွားရင် မင်းတို့ကို နောက်ထပ် နတ်သားရဲဥတစ်လုံးထပ်ပေးဖို့ စိတ်ကူးထားတာ။ မင်းတို့က ဒီလိုပြောနေမှတော့ ဘာနတ်သားရဲဥမှမရှိတော့ဘူး။ မင်းတို့ကိုအားသုံးပြီးထိန်းချုပ်ဖို့ သားရဲထိန်းချုပ်ခြင်းပညာကိုပဲ တိုက်ရိုက်သုံးပြီး မင်းတို့ကို လမ်းပြခိုင်းလိုက်တော့မယ်။”
အဇူရာနှားထီး : “….”
ရွှေတောင်ပံလင်းယုန် : “….”
ရွှေလက်မောင်းမြင့်မြတ်လူဝံ : “….”
မြေနဂါးဝက်ဝံ : “….”
လုရှောင်ယန် အလွန်ဉာဏ်နီဉာဏ်နက်များမှန်း သူတို့သိလေသည်။
ပထမဆုံး အနုနည်းနဲ့ချဉ်းကပ်ပြီးနောက် အကြမ်းနည်းကို သုံးလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ လမ်းပြပေးနေရဦးမှာပင်။
ထို့အပြင် လုရှောင်ယန်သည် အလွန်ကလိမ်ကကျစ်ကျသည်။ သူတို့ကို တခါတည်း ဖိအားပေးကာ လမ်းပြခိုင်းခြင်းမရှိပေ။ ထိုအစား သူတို့ကိုယ်တိုင် စိတ်ဆန္ဒအလျောက် လမ်းပြဖို့ရွေးချယ်လာမည်ကို အတည်ပြုချင်သေးသည်။
သို့သော်လည်း သေချာတွေးကြည့်လိုက်လျှင် ဖိဂုလျန်လို အိမ်မွေးသားရဲမျိုး၏ပိုင်ရှင်သည် ကောင်းစရာကိုမရှိပေ။ မဟုတ်ဘူးလား?
ထို့အပြင် မိစ္ဆာသားရဲတွေသာ သဘောတူခဲ့လျှင် နတ်သားရဲဥကို ရရှိနိုင်ပေသည်။
သူတို့သဘောမတူခဲ့လျှင်တော့ နတ်သားရဲဥကို လက်လွှတ်ရမည့်အပြင် လုရှောင်ယန်က အတင်းအကျပ်ထိန်းချုပ်ကာ လမ်းပြခိုင်းခြင်းကိုလဲ ခံရပေမည်။
အရူးတောင်မှ ဘယ်အရာကိုရွေးချယ်ရမည်မှန်း သိကြသည်။
“သခင်၊ ငါတို့ မင်းအတွက် မိစ္ဆာသားရဲတွေရှာပေးဖို့ ဆန္ဒရှိပါတယ်။”
လုရှောင်ယန်၏နှုတ်ခမ်းစွန်းက မသိမသာကော့တက်သွားလေသည်။
တကယ်တော့ သူက သူတို့ကိုခြောက်လိုက်ရုံသာဖြစ်သည်။ သားရဲထိန်းချုပ်ခြင်းပညာသည် အားကောင်းသော်လည်း အတင်းအကျပ်အမိန့်ပေးခြင်းသည် မိစ္ဆာသားရဲ၏စိတ်ဝိညာဉ်ကို ပျက်စီးစေကာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။
ဒါကြောင့် တခြားရွေးချယ်စရာမရှိသည့်အခြေအနေမျိုးသာမဟုတ်လျှင် လုရှောင်ယန်သည် သေချာပေါက် သူတို့ကို ဖိအားပေးခိုင်းစေမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဆုချန်၏နတ်ဘုရားခန်းမသို့သွားလျှင် သေချာပေါက် ကျွမ်းကျင်သူအရေအတွက်များများ လိုအပ်ပေသည်။
ဒါကြောင့် တတ်နိုင်သလောက် လူအင်အားကိုထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့သည်။
“ကောင်းပြီလေ၊ အခုပဲ ငါ့ကို သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲဆီ ခေါ်သွားပေးကြ။”
“ဒါဆို သခင်၊ နတ်သားရဲဥလေးတွေပေးပါဦး။”
“မင်းတို့တွေ အရင်ဆုံးအလုပ်လုပ်ကြဦးလေး။ ပြီးသွားကာမှ ကျန်တာ မင်းတို့ကိုပေးမယ်။”
“သခင်၊ ငါတို့ကိုလှည့်မှာတော့မဟုတ်ဘူးမလား?”
“စိတ်မပူပါနဲ့၊ ငါက အဲလောက်ဆိုးတဲ့လူမဟုတ်ပါဘူး။”
သားရဲအုပ်စုမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကာ လုရှောင်ယန်၏စကားများအပေါ် အလွန်အမင်း သံသယဝင်သွားကြတော့သည်။
သို့သော်လည်း သူတို့မှာ ရွေးချယ်စရာမရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့က တစ်ဖက်လူ၏အစေခံတွေပဲ မဟုတ်လား။
ဒါကြောင့် မှောင်နေသေးသည့်အချိန်ဖြစ်သော်လည်း မိစ္ဆာသားရဲများသည် ချက်ချင်းပင် လုရှောင်ယန်ကို ရှေးဟောင်းတောင်နယ်နိမိတ်ဆီ ခေါ်ဆောင်သွားရတော့သည်။
ရှေးဟောင်းတောင်နယ်နိမိတ်သည် အလွန်ကြီးမားသော်လည်း လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲကိုရှာရာတွင် ထိုကျယ်ပြောလှသည့်အကွာအဝေးကို လုံးဝလျစ်လျူရှုခဲ့သည်။
သူ့တွင် နတ်လက်နက်အဖြစ်အဆင့်မြှင့်တင်ထားသည့် ကောင်းကင်ဖြိုခွင်းလွန်းရှိနေတာပဲ။ သူ့မှာလမ်းပြမယ့်သူရှိနေသ၍ သူသွားချင်သည့်ဘယ်နေရာကိုမဆို သွားနိုင်ပေသည်။ မောင်းနှင်ဖို့အတွက် စိုးရိမ်နေဖို့မှမလိုဘဲ။
မကြာခင်မှာပဲ သားရဲအုပ်စုသည် ရှေးဟောင်းတောင်နယ်နိမိတ်ရှိ ရေကန်တစ်ခုနှင့် သိပ်မဝေးသည့်နေရာသို့ လုရှောင်ယန်ကို ခေါ်ဆောင်သွားခဲ့သည်။
“သခင်၊ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲရဲ့ ပုန်းခိုရာက ရှေ့တည့်တည့်မှာပဲ။”
“ဒါပေမဲ့ သခင် ဂရုစိုက်တာပိုကောင်းမယ်နော်။ ဒီသားရဲက အရမ်းအားကောင်းတယ်။ သခင်သာ သေချာမကိုင်တွယ်နိုင်ရင် သေမှာပဲ။”
“အရမ်းကောင်းတာလား?”
လုရှောင်ယန်ကတော့ အရမ်းသိချင်သွားမိသည်။
“အားကောင်းရုံတင်မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုန်းက၊ သိုင်းဘုရင်အဆင့် မိစ္ဆာလူဝံတစ်ကောင် ရှေးဟောင်းတောင်နယ်နိမိတ်ကိုရောက်လာပြီး မောက်မာနေခဲ့တာ။ သူက ဘုရင်ဖြစ်ချင်ပြီး ငါတို့ကိုပါ အသိအမှတ်ပြုအောင်လုပ်ခဲ့တယ်။ အဆုံးမှာတော့ ဒီရေကန်က ဆရာကြီးက သူ့ကိုတိုက်ရိုက်ဝါးမြိုပစ်လိုက်တယ်လေ။ နောက်တစ်နေ့မှာ ကြားခဲ့ရတာကတော့ အဲဆရာကြီးက မိစ္ဆာလူဝံရဲ့အရိုးတွေပါတဲ့အပုံကြီးတစ်ခုကို ရေကန်ဆီသယ်သွားတယ်လို့ ဒီနားက သားရဲတစ်ကောင်က မြင်ခဲ့တယ်တဲ့။”
“တကယ်ကို စိတ်မကောင်းစရာပဲ။ မိစ္ဆာလူဝံရဲ့မယားလူဝံမတွေကို တခြားသားရဲမျိုးနွယ်တွေကတောင်မှ လက်မခံကြဘူးလို့ကြားတယ်။”
လုရှောင်ယန် မျက်လုံးများကိုအသာမှေးကျဉ်းကာ ရေကန်ဆီသို့ကြည့်လိုက်သည်။ တကယ်ကိုပဲ ရေကန်၏အောက်ခြေတွင် အလွန်အင်အားကြီးလှသည့် စွမ်းအင်များလှည့်ပတ်နေပုံရသည်။
သို့သော်လည်း ထိုသားရဲသည် ဘယ်လိုအမျိုးအစားဖြစ်မှန်းမသိသလို သူ့တွင် ထူးခြားသည့်စွမ်းရည်များရှိနေမလားကိုလည်း မသိရပေ။
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now