အပိုင်း ၂၃၂ အဖိုးတန်ကျောက်စိမ်း

431 56 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၂ အဖိုးတန်ကျောက်စိမ်း

လူတိုင်း သူတို့ဆရာသခင်၏နောက်သို့ ခွေးပေါက်လေးလို လိုက်ပါသွားသည့် အကြီးဆုံးဆရာတူအစ်ကိုကြီးကို ကြည့်နေမိကြသည်။

အတော်ကြာသည်အထိ သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြသည်။

ထို့နောက်မှာတော့ စုန့်ရှင်းနျန်ကအရင် စကားပြန်စလာခဲ့သည်။

“အကြီးဆုံးအစ်ကိုကြီးက အရင်ကတည်းက အပြောကောင်းတာလား?”

ကျန်လူများ ခေါင်းညိတ်ပြလိုက်လေသည်။

ဖုန်းထျန်းယွမ်က၊ “အမြဲတမ်းအတွက် မှန်တာတော့မဟုတ်ဘူး။”

စုန့်ရှင်းနျန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ ဖုန်းထျန်းယွမ်က ဆက်ပြောလာခဲ့သည်။ “တခါတလေ၊ အကြီးဆုံးအစ်ကိုကြီးက သူ့စကားတွေကို ပိုတောင် အဆင့်မြှင့်နိုင်သေးတယ်။”

စုန့်ရှင်းနျန် : “….”

ထိုအခိုက်အတန့်လေးမှာပဲ လူတိုင်း အတူတကွကျင့်ကြံနေကြတာတောင်မှ အကြီးဆုံးအစ်ကိုကြီးတစ်ယောက်မှာပဲ ဘာကြောင့်ရတနာတွေပိုများနေရလဲ စုန့်ရှင်းနျန် နားလည်သလိုရှိသွားတော့သည်။

အကြီးဆုံးအစ်ကိုကြီးက စကားပြောကောင်းပြီး ရုပ်ရည်အရလည်း ကြည့်ကောင်းတာကြောင့်ပဲ။ သူက သူတို့ဆရာကို အတော်လေးစိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်။

သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဖိနပ်လျက်တာကလည်း ပညာရပ်တစ်ခုဖြစ်ကြောင်း စုန့်ရှင်းနျန် ခံစားလိုက်ရတော့သည်။

…..

နေဝင်သွားချိန်တွင် ထာဝရသစ်တောတစ်ခုလုံးကို အနီရောင်အလင်းဖျော့ဖျော့တို့ ခြံရံနေခဲ့သည်။ ကောင်းကင်လျှို့ဝှက်ချောက်ကမ်းပါးအစွန်းတွင်တော့ လေထုသည် ပုံပျက်သွားခဲ့သည်။

ခဏအကြာမှာပဲ အကြီးအကဲထျန်းကျီဘေးတွင် ပုံရိပ်တစ်ခုပေါ်လာကာ သူမရှိရာသို့ လက်နှစ်ဖက်ယှက်ပြီး ဂါရဝပြုလိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now