အပိုင်း ၂၃၈ ကြားဖြတ်တိုက်ခိုက်ခြင်း

391 54 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၈ ကြားဖြတ်တိုက်ခိုက်ခြင်း

ဒါဟာ မြင်းနက်တစ်ယောက်ကိုသတ်ပစ်နိုင်မည့် အခွင့်အရေးပင်။
…..
မကြာလိုက်ပါဘဲ လုရှောင်ယန်အနားသို့ တပည့်များအားလုံးရောက်ရှိလာခဲ့ကြသည်။
“ဆရာ့ကို နှုတ်ဆက်ပါတယ်။”
“ယဉ်ကျေးနေဖို့မလိုဘူး။ ငါ ဒီတစ်ကြိမ် မင်းတို့ကို ခေါ်လိုက်ရတာက တာဝန်အသစ်ပေးမလို့ပဲ။”
“ပြောပါ၊ ဆရာ။”
“ကျူးကောဖေးအာကို သတ်ကြမယ်။”
လူတိုင်း၏ခန္ဓာကိုယ်တို့ တုန်ရီသွားကာ အထူးသဖြင့် ကျူးကောကျီချုံပင်။ သူမကြားလိုက်သည်ကို သူမ မယုံနိုင်ဖြစ်သွားသည်။
“ဆရာ! ဆရာ တကယ်ပြောနေတာလား?”
လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“လောလောဆယ်တော့ နတ်ဘုရားခန်းမရဲ့ဆုချန်က မဟာချင်အင်ပါယာကို တိုက်ခိုက်နေပြီ။ မဟာချင်အင်ပါယာကလည်း ကျူးကောဖေးအာကို မဟာချင်အင်ပါယာဆီ ပြန်လည်ဆင့်ခေါ်ထားတယ်။ ဒါက ငါတို့အတွက် အခွင့်အရေးကောင်းပဲ။”
“သူမ ပြန်တဲ့လမ်းမှာ ငါတို့ကြားဖြတ်ဝင်တိုက်ကြမယ်။”
“အခု မဟာချင်အင်ပါယာက သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်တော့ဘူး။ စစ်ပွဲမီးက နေရာတိုင်းကို ပျံ့နှံ့နေပြီ။ သူတို့မှာ ကျူးကောကျီချုံကို ဂရုစိုက်နေဖို့အချိန်မရှိတော့ဘူး။ တစ်နည်းပြောရရင် သူမအတွက် စစ်ကူရလာနိုင်မှာမဟုတ်ဘူး။”
“ဒီတစ်ခေါက် အခွင့်အရေးကို ငါတို့လွတ်သွားပြီး သူမကို မဟာချင်အင်ပါယာဆီ ပြန်ခွင့်ပြုလိုက်ရင် နောင်တချိန် သူ့မှာ မဟာချင်ဧကရာဇ်လိုသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကာအကွယ်ရှိသွားပြီး ငါတို့တွေ သူ့ကိုသတ်ဖို့အရမ်းခက်ခဲသွားလိမ့်မယ်။”
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။
“ဒီလိုဆိုမှတော့ ကျွန်တော်တို့ကိုတာဝန်အကြောင်း ပြောပြပေးပါ ဆရာ။”
“ကောင်းပြီ၊ မကြာခင် ရှေးဟောင်းတောင်နယ်နိမိတ်ဝန်းကျင်ဆီ မင်းတို့ကို ခေါ်သွားပေးမယ်။ လီကော၊ ဝူရှား၊ မင်းတို့နှစ်ယောက်က ရှေးဟောင်းတောင်နယ်နိမိတ်မှာ အစီအရင်ချဖို့ တာဝန်ယူရမယ်။ အာရုံခံအမျိုးအစားအစီအရင်မျိုးကို အာရုံစိုက်ပြီး တည်ဆောက်ထား၊ နေရာအကွာအဝေးကျယ်ပါစေ။ ရှေးဟောင်းတောင်နယ်နိမိတ်တစ်ဖက်တစ်ချက်မှာ နေရာချပြီး အနည်းဆုံး၅လွှာအထက် တည်ဆောက်ကြ။”
သူ့တပည့်များ၏ကျင့်ကြံဆင့်ဖြင့် ကျူးကောဖေးအာကို ကြာကြာ ထိန်းထားနိုင်မည်မဟုတ်မှန်း လုရှောင်ယန်သိပေသည်။
ကျူးကောဖေးအာသည် သူတော်စင်အဆင့်ကျွမ်းကျင်သူလား သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူလား သူလည်း သေချာမသိသေးတာကြောင့်ဖြစ်သည်။
ထို့အပြင် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တောင်မှ မြင်းနက်တစ်ယောက်ဖြစ်တာကြောင့် ကျူးကောဖေးအာသည် သူမထက်အဆင့်ပိုမြင့်သည့်ရန်သူများကို သတ်ဖြတ်နိုင်စွမ်းအပြည့်အဝရှိသည်။
ဒါကြောင့် လီချန်းရှန်ရော စုန့်ရှင်းနျန်ဆိုရင်ပါ သူမကိုသတ်နိုင်မည့် အရည်အချင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်သည် အကြီးမြတ်ဆုံးဒဿမအဆင့်သို့ ရောက်ကြရုံသာရှိသေးသည်။
တခြားလူတွေမပြောနှင့် သူတို့နှစ်ယောက်ဆိုလျှင်ပင် သတ်နိုင်ဖို့ အခွင့်အရေးမရှိပေ။
“ချန်းရှန်၊ ရှင်းနျန်၊ ထျန်းယွမ် မင်းတို့သုံးယောက်က ကျူးကောဖေးအာရဲ့လက်အောက်ငယ်သားတွေကို သတ်ဖို့တာဝန်ယူရမယ်။ ကျူးကောဖေးရဲ့လက်အောက်မှာ ထိပ်တန်းလက်အောက်ငယ်သား၄ယောက်ရှိတယ်။”
“လောလောဆယ်မှာတော့ သူတို့အားလုံး သူမဘေးမှာ တစ်စုတည်းရှိနေကြတယ်။ မင်းတို့သုံးယောက်က သူတို့ကို တစ်ယောက်ဆီတာဝန်ယူပြီးရှင်းလိုက်။ သေချာပေါက် အားလုံးကိုသတ်ပစ်ရမယ်၊ တစ်ယောက်လေးတောင် မလွတ်သွားစေနဲ့။ အချိန်ခဏလေးအတွင်း ကျူးကောဖေးအာကို မင်းတို့သတ်လိုက်ပြီဆိုတဲ့သတင်းမျိုး မပျံ့သွားစေချင်ဘူး။”
“ဆရာ၊ ဒါဆိုကျန်တဲ့တစ်ယောက်ကရော?”
ယွင်လီကော မနေနိုင်ဘဲ မေးလိုက်မိသည်။
လုရှောင်ယန် အေးအေးဆေးဆေးပြုံးပြလိုက်ကာ၊ “မင်းတို့တွေကျင့်ကြံနေကြတုန်း ငါ အကြီးမြတ်ဆုံးအဆင့်မိစ္ဆာသားရဲ နည်းနည်းပါးပါး သိမ်းသွင်းထားတယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကို သူတို့အတွက်ထားပေးလိုက်မယ်။”
လုရှောင်ယန်သည် ကျူးကောဖေးအာ၏နောက်ဆုံးလက်အောက်ငယ်သားကို အဇူရာနွားထီးတို့အဖွဲ့အား လွှဲပေးလိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် ကျူးကောဖေးအာ၏လက်အောက်က တစ်ယောက်မှ လွတ်သွားနိုင်တော့မည်မဟုတ်ပေ။
ကျန်တဲ့သေးအမွှားလေးတွေကတော့ အရမ်းရိုးရှင်းပေသည်။ သူတို့တွေကိုတော့ ဖိဂုလျန်နှင့် အပ်ထားလိုက်လို့ရသည်။
သူ့ကို ကျူးကောဖေးအာရဲ့ယင်ကောင်ငယ်လေးတွေအားလုံးကို စားပစ်ခိုင်းလိုက်မယ်ဆိုရင် ပြီးပြည့်စုံသွားပြီပဲ။
“ဆရာ ကျွန်မကရော?”
ကျူးကောကျီချုံ စိုးရိမ်ပူပန်သွားတော့သည်။
ကျူး‌ကောဖေးအာသည် တကယ်တော့ သူမ၏ရန်သူဟောင်းဖြစ်သည်။ အဆုံးမှာတော့ သူမဆရာက လူတိုင်းအတွက် တာဝန်တွေခွဲပေးခဲ့သော်လည်း သူမအတွက်တော့ ဘာမှမခွဲပေးခဲ့ပေ။ ဒါကြောင့် ကျူးကောကျီချုံ ပျာယာခတ်သွားတော့သည်။
သူမသည် ကျူးကောဖေးအာ၏ပြိုင်ဘက်မဟုတ်ကြောင်း သူမသိသော်လည်း ဤတိုက်ပွဲတွင် သူမလည်း ပါဝင်တိုက်ခိုက်လိုပေသည်။
ဒီလိုသာဆို သူမလည်း အနည်းနဲ့အများတော့ လက်စားချေရာရောက်တာပေါ့။
မဟုတ်ပါက သူမ၏ကျန်ရှိသည့်ဘဝသက်တမ်းတစ်လျှောက်လုံး ရင်ထဲအထုံးတစ်ခုဖြစ်သွားပေလိမ့်မည်။
လုရှောင်ယန်က လျှို့ဝှက်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့။ ငါမင်းအတွက် သေချာပေါက် တစ်ခုခုစီစဉ်ပေးမှာပါ။ ကျူးကောဖေးအာက မင်းရဲ့ရန်သူဟောင်းကြီးပဲ။ ဒီတာဝန်အတွက် တာဝန်တွေအားလုံးခွဲပြီးသွားရင်တောင်မှ မင်းကိုနောက်ချန်မထားပါဘူး။”
ကျူးကောကျီချုံ ခေါင်းညိတ်လိုက်ကာ အရမ်းကျေးဇူးတင်သွားသည်။
သူမအနေနှင့် အကူအညီသိပ်မပေးနိုင်မည်မှန်းလည်း သိသည်။ သူမဆရာက သူမကိုဝင်ကူခိုင်းတယ်ဆိုတာက သူမခံစားချက်ကို ဂရုစိုက်ပေးခြင်းကြောင့်သာ ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ကျူးကောဖေးအာသည် ဂုဏ်သရေကြီးသည့်တိုက်ပွဲနတ်ဘုရားမပင်!
သို့သော်လည်း လုရှောင်ယန်သည် သူ့တပည့်ကို ဂရုစိုက်တာကြောင့် သူတစ်ယောက်တည်း ရှင်းပစ်လိုက်မည်မဟုတ်ပေ။
သူ ပထမဆုံးအကြိမ် ကျူးကောဖေးအာကို တွေ့လိုက်ချိန်တုန်းက၊ ကျူးကောဖေးအာသည် ကျူးကောကျီချုံကို သူမအရိုးတွေကို လောင်ကျွမ်းပြီး ပြာတွေကိုကျဲပစ်မည့်အစား အလွန်အေးခဲသည့်နေရာတွင် ဘာကြောင့်ထည့်ထားမှန်း နားလည်ခဲ့သည်။
ပြောရမယ်ဆို ကျူးကောဖေးအာကို ကျူးကောကျီချုံတစ်ယောက်သာ သတ်နိုင်ပေမည်။
တိုက်ပွဲအစီအစဉ်အကြောင်း ညွှန်ကြားပြီးနောက်မှာတော့ လုရှောင်ယန်သည် သိုင်းဘုရင်အဆင့်လက်နက် တစ်ပုံလိုက်ပြီးကို ထုတ်ယူလိုက်သည်။
စုန့်ရှင်းနျန်ကလွဲလို့ ကျန်လူများကတော့ အသားကျနေကြပေပြီ။
စုန့်ရှင်းနျန်တစ်ယောက်သည်သာ မျက်နှာတစ်ခုလုံးတွန့်ရှုံသွားခဲ့ရသည်။
ဒါ..ဒါတွေက သိုင်းဘုရင်အဆင့်လက်နက်တွေပဲ!
ကြီးမြတ်လှတဲ့သိုင်းဘုရင်အဆင့်လက်နက်တွေက သူ့ဆရာရှေ့မှာတော့ ဘာမှအဖိုးမတန်တော့ပါလား။ သူဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်တာလဲ?
သို့သော်လည်း သေချာသာဂရုစိုက်တွေးကြည့်လျှင် တစ်ဖက်လူသည် သူ့ဆရာဖြစ်နေတုန်းပင်။ သူ့ဆရာက ပိုအင်အားကြီးလေ သူ့အတွက်ပိုကောင်းလေပဲမဟုတ်ပါလား။
“ပုံမှန်ဆိုရင် မင်းတို့တစ်ယောက်ကို လက်နက်၂ခုလောက်ပဲရကြမှာ။ ဒီတစ်ခါတော့ ငါတို့ရင်ဆိုင်ရမယ့်ရန်သူက အရမ်းသန်မာတယ်။ ဒါကြောင့် မင်းတို့တွေ တစ်ယောက်ကို သိုင်းဘုရင်အဆင့်ချပ်ဝတ်သုံးစုံရမယ်။ ထူထူဝတ်လေကောင်းလေပဲ။ ဘယ်သူမှမသေစေနဲ့။ ငါမင်းတို့ကို ပြန်အသက်သွင်းပေးနိုင်တယ်ဆိုပေမယ့် အဲ့လိုလုပ်ဖို့ဆိုတာ ငါ့အတွက်အချိန်အရမ်းယူလွန်းတယ်။ ပြီးတော့ လူတိုင်းရဲ့စုပေါင်းကျင့်ကြံဆင့်တိုးတက်မှုနဲ့ လမ်းကြောင်းကိုလည်း နှောင့်နှေးသွားစေတယ်။”
“နားလည်ပါပြီ။”

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now