အပိုင်း ၂၇၁

323 46 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၁ ဒူးထောက်ကာ အောင်ပွဲကိုကြွေးကြော်ခြင်း

လီချင်းရှန်၏ဗျူဟာများအကြောင်း အတည်ပြုပြီးနောက် လုရှောင်ယန်သည် အစီအရင်ထဲသို့ ဆင်းချသွားလေသည်။

ဤအစီအရင်ထဲတွင် ဝိညာဉ်ကျောက်တုံးများစွာ အထူးသဖြင့် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းထားလေသည်။ အနည်းဆုံး သန်းပေါင်းရာချီတောင်ရှိမည်ထင်။ ဤကဲ့သို့ ဝိညာဉ်ကျောက်တုံးများစွာကို လုယူနိုင်မည့်အခွင့်ကောင်းမျိုးကို လုရှောင်ယန် လက်လွှတ်ခံမည်တဲ့လား။

အနှေးနဲ့အမြန်ဆိုသလို သူလည်းငွေလိုလာလိမ့်မည်။

သို့သော်လည်း နောက်ဆုံးတစ်ကြိမ် ဆုချန်ကိုသတ်ခဲ့ချိန်တည်းက နတ်ဘုရားခန်းမတွင်ကျန်ရှိသည့်ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားရန် ကျီဝူရှန်အား လုရှောင်ယန် အမိန့်ပေးခဲ့ပေသည်။ အခုထိဆို တစ်လတောင်ကျော်နေပြီကို သူက ဘာလို့ လုပ်လို့မပြီးသေးရတာလဲ?

ဒီကောင်စုတ်လေး သူ့အတွက်သူ ဖြတ်ခုတ်ထားတာများလား?

သူ ပြန်ရောက်တဲ့အထိ ကျီဝူရှန်မလာသေးရင် သူ့ကိုတိုက်ရိုက်သွားမေးဖို့အတွက် အခွင့်အရေးရှာဦးမှပဲ။

.......

တောင်ကုန်းငယ်လေးထက်တွင် ဘိုးဘေးကျွင့်သည် အလွန်ဒေါသထွက်နေခဲ့သည်။

"လီချင်းဖန်၊ ငါကတော့ မင်းနဲ့ငါက မိတ်ဆွေကောင်းတွေလို့ တွေးထားခဲ့တာ။ ငါ့ကို ဒီနေရာမှာချုပ်ထားတဲ့အထိ မင်းဒီလောက် စက်ဆုပ်ဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

လီချင်းဖန်က သူ့ကို ဂရုမထားစွာကြည့်လာခဲ့သည်။

"မိတ်ဆွေတွေ? မင်းနဲ့တန်လို့လား? မင်းက ငါ့နေရာကိုလာပြီး ရက်ပေါင်းများစွာ စားလိုက်သောက်လိုက်နေခဲ့တာ။ သိုင်းရည်ရွယ်ချက်နဲ့ ဝိညာဉ်စွမ်းအားပေါကြွယ်ဝတဲ့အစားအသောက်တွေ စားချင်လို့သာ မင်းဒီကိုလာနေတာပါ။ မင်းက မင်းအကျိုးအမြတ်ရဖို့အတွက်တစ်ခုတည်းကိုပဲ ကြည့်တဲ့လူ။"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now