အပိုင်း ၂၇၈ ကမ္ဘာကြီးကို တစ်ယောက်ထဲ တိုက်နေတာလား?

332 50 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၈ကမ္ဘာကြီးကို တစ်ယောက်ထဲ တိုက်နေတာလား? အရူးပဲ အဲ့ဒီလိုလုပ်မှာ...

"ဒါကို ဘယ်ကောင်လုပ်လိုက်တာလဲ?"

လုရှောင်ယန်မှာ ဒေါသထွက်လွန်းတာကြောင့် လဲကျလုနီးနီး ဖြစ်သွားခဲ့သည်။

ဤလူက သူ့အားသတ်ရန် ကြိုးစားနေသည့်အပြင် သူ့ပြိုင်ဘက်၏ အရိုးပြာများကို ဖြန့်ကြဲမည့်လူစားမျိုး ဖြစ်သည်။

"အကြီးအကဲလု... ရှောင်ဖို့နဲ့လူသူဝေးရာမှနေဖို့ နေရာတစ်ခုကို ကျုပ်တို့ ဘာလို့ မရှာတာလဲ? အခု တိုက်တစ်ခုလုံးက ခင်ဗျားကို ရှာနေကြပြီ။ မကြာခင် တစ်ယောက်ယောက် ရောက်လာတော့မယ်။"

"ပြေးမှာလား? ဘယ်ကိုလဲ? ငါ့ကို အခု တစ်ကမ္ဘာလုံးက လိုချင်နေကြတာ။ ငါဘယ်နေရာမှာပဲ ရှောင်,ရှောင် အလိုက်ခံရမှာပဲ။"

တစ်နေရာရာမှာ လုရှောင်ယန် ပုန်းအောင်းနေကျပုံမျိုးနှင့် ဤအရာက မတူပေ။

ယခင်က ပုန်းဖို့နေရာတစ်ခုကို သူ ရှာတွေ့တဲ့အခါ တခြားလူတွေက သူ့အား တမင်သက်သက် လိုက်ရှာမည် မဟုတ်ပေ။

ယခုအခါမှာတော့ သူသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖော်ထုတ်ခံလိုက်ရလေပြီ။ ထိုလူများက သူ့တွင် ရတနာပေါင်းများစွာ ရှိမှန်းသိလျှင် သူ့အား သေချာပေါက် အသည်းအသန် လိုက်ရှာကြတော့မှာ ဖြစ်သည်။

ဤကမ္ဘာသည် အစုလိုက်အပြုံလိုက်သတ်ခြင်းဖြင့် အဆုံးသတ်ကာ ပွက်လောရိုက်သွားနိုင်မလား!

"ဒါဆို... ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒါက တစ်ကမ္ဘာလုံးနော်။ အကြီးအကဲ သူတို့ကို နိုင်ပါ့မလား?"

ကျီဝူရှန်၏ လေသံက အလွန်အမင်း စိတ်ပျက်အားငယ်နေတော့သည်။

ဤတစ်ခါက တစ်ခုတည်းသောနတ်ဘုရားခန်းမနှင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာနှင့် မဆိုင်တော့ပေ။ ထိုအစား ကမ္ဘာပေါ်ရှိ ထိပ်တန်းကျွမ်းကျင်သူများအားလုံးက သူ့အတွက် လာနေကြပြီ ဖြစ်သည်။

"ဘာကြောက်စရာရှိလို့လဲ? အရင်ဆုံးသွားလိုက်တော့။ ဒါနဲ့ ပတ်သက်ပြီး ငါစဉ်းစားလိုက်အုံးမယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now