အပိုင်း ၂၂၅ ပန်းတိုင်က နည်းနည်းနိမ့်သွားတာပဲ

429 58 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၅။ အပိုင်း ၂၂၅ ပန်းတိုင်က နည်းနည်းနိမ့်သွားတာပဲ

စုန့်ရှင်းနျန်တစ်ယောက် မျှော်လင့်ချက်အပြည့်ဖြင့် နှုတ်ဆက်လိုက်ကာ သိုင်းဘုရင်အဆင့်ဆေးလုံး ဆုံးရှုံးသွားခဲ့ရသည့် ဝမ်းနည်းမှုကိုပင် ဘေးချိတ်ထားလိုက်သည်။

လောလောဆယ် ဒီ ‘အမည်မဲ့ဂိုဏ်း’ကြီးရဲ့ တုနှိုင်းမဲ့ဆရာတူအစ်ကိုအကြီးဆုံးကိုပဲ တွေ့ချင်တော့တယ်!

“ဒီတော့ မင်းကဂျူနီယာညီလေးပေါ့၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။”

စုန့်ရှင်းနျန် မှင်သက်သွားကာ အကြောင်းအရင်းတစ်ခုခုကြောင့် ကြောင်တောင်တောင်ပင် ဖြစ်သွားရသည်။

ဒီလူက စီနီယာအစ်ကိုအကြီးဆုံးလား?

ဒီလူက နည်းနည်းတော့…. သာမာန်ဖြစ်လွန်းမနေဘူးလား။ သူ့အရှိန်အဝါက တတိယအစ်ကိုကြီးနဲ့ စတုတ္ထအစ်ကိုကြီးတို့ရဲ့ အရှိန်အဝါ ခွန်အားနဲ့ ဘယ်လိုမှကို နှိုင်းယှဉ်လို့တောင် ရမနေဘူး။

ပြောရမယ်ဆိုရင် တစ်ဖက်လူ၏ကျင့်ကြံဆင့်သည် သူ့ကျင့်ကြံဆင့်နှင့် သိပ်များများစားစားတောင် မကွာခြားနေသလိုပဲ။ သူတို့နှစ်ဦးစလုံး ဘုရင်ပထမအဆင့်တွင်ရှိနေကြခြင်းဖြစ်ကာ ဒုတိယအစ်မနှင့် ပဥ္စမအစ်ထက်တောင် နိမ့်ကျကြသေးသည်။

ထူးဆန်းလိုက်တာ၊ မဟုတ်မှ ဒါကရော အကြီးဆုံးအစ်ကိုမဟုတ်ဘဲ နောက်ထပ်စီနီယာအစ်ကိုတစ်ယောက်များ ဖြစ်နေပြန်တာလား?

ထိုသို့တွေးမိရင်း စုန့်ရှင်းနျန် ချက်ချင်းဆိုသလို ယွင်လီကော၏အနောက်ဘက်သို့ တိတ်တဆိတ် မကျော်ကြည့်မိဘဲ မနေနိုင်တော့ပေ။ သူက ဒီခန်းမထဲမှာ ပါရမီပြည့်ဝကာ အလွန်အမင်းခန့်ညားလှသည့် နောက်ထပ်စီနီယာအစ်ကိုအကြီးဆုံးကို မြင်ချင်နေခြင်းပင်။

“မင်းဘာတွေ လိုက်ရှာနေတာလဲ?”

ယွင်လီကောကတော့ သူ့ဂျူနီယာညီငယ်အသစ်စက်စက်လေး၏အမူအရာကို သိချင်သွားလေသည်။

စုန့်ရှင်းနျန်ကတော့ သူ့ခေါင်းကို မခါပြခင် အတော်အတန်တိတ်ဆိတ်နေခဲ့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now