အပိုင်း ၂၇၃ နတ်ဘုရားအားသတ်ဖြတ်ခြင်း

343 49 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၃ နတ်ဘုရားအားသတ်ဖြတ်ခြင်း

"ညီအစ်ကိုတို့၊ ငါ့တို့ရဲ့ခွန်အားကို မြည်းစမ်းကြည့်ခိုင်းလိုက်ရအောင်!"

ကျွင့်ပုကျန်း၏မျက်လုံးများထဲတွင် အေးစက်သည့်အရိပ်တစ်ခုထင်ဟက်လို့သွားသည်။ လက်နက်အပြည့်အစုံနှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူသုံးဦး တိုက်ပွဲထဲသို့ ဝင်ရောက်လိုက်ခြင်းသည် အမည်မဲ့ဂိုဏ်း၏တိုက်ပွဲစွမ်းအားကို များစွာ တိုးမြင့်သွားစေသည်။

ထိုအချိန်မှာ ဘိုးဘေးကျွင့်က အလောတကြီးအော်ဟစ်လိုက်သည်၊ "မဟုတ်သေးဘူး၊ ငါဒီမှာရှိသေးတယ်ကွ! ငါဒီမှာရှိသေးတယ်!"

ဘိုးဘေးကျွင့် သူ့လက်များကိုဝှေ့ယမ်းရင်း ဘေးကင်းရာနေရာသို့ပါ လှိမ့်နေရသည်။

"ဘိုးဘေး၊ အဘိုးကိုအပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်။ ခဏလောက်တော့ ဒုက္ခပေးရဦးမယ်။ တိုက်ပွဲပြီးသွားတဲ့အချိန်ကျမှ အဘိုးကိုယ်ပေါ်က သံကြိုးကို ကျွန်တော် လာဖြတ်ပေးပါ့မယ်။"

လက်ရှိအချိန်တွင် တိုက်ပွဲက အရေးကြီးနေသည်။ သူ့ကိုယ်ပေါ်က သံကြိုးကို ဖြတ်သည်ကပဲ အချိန်အမြောက်အမြားကုန်ဆုံးသွားခဲ့သည်။ သူ့အဘိုးကိုယ်ပေါ်မှ သံကြိုးကိုပါ ဖြတ်ဦးမည်ဆိုလျှင် နောက်ထပ်အချိန်ဘယ်လောက်တောင် ထပ်ပေးရမလဲ မသိပေ။

ထိုအချိန်မှသာဆိုလျှင် အရမ်းနောက်ကျသွားနိုင်သည်။

ဘိုးဘေးကျွင့်တစ်ယောက် ဒေါသထွက်လွန်းလို့ သတိလစ်လုမတတ်ပင်၊

"ကောင်စုတ်လေး၊ ငါက မင်းရဲ့ဘိုးဘေးကွ။"

ကံမကောင်းစွာဖြင့် ကျွင့်ပုကျန်းက သူ့ကို လုံးလုံးလျစ်လျူရှုလိုက်ပေပြီ။

သေခြင်းရှင်ခြင်းအဆုံးအဖြတ်တိုက်ပွဲမျိုးတွင် အဆင့်သတ်မှတ်မှုမရှိဘဲ အောင်ပွဲတစ်ခုသာရှိပေသည်။

"ဆရာတူ အစ်ကို၊ အစ်မတို့၊ သွားလိုက်ကြရအောင်!"

ကျွင့်ပုကျန်း အော်ပြောလိုက်ရင်း သူ၏ကျင့်ကြံခြင်းနည်းစနစ်ကို ဖြန့်ကျက်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှ နဂါးဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင်တွင်လည်း နဂါးသဏ္ဍာန်တစ်ခု ထွက်ပေါ်လာပုံရသည်။ ၎င်းသည် အသက်ဝိညာဉ်တစ်ခုနှယ် ထူးခြားဆန်းကျယ်သည့်အရှိန်အဝါမျိုးဖြင့် လီချင်းဖန်၏သားရဲတပ်ဖွဲ့ဆီသို့ တဟုန်ထိုးတိုးဝင်သွားလေသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now