အပိုင်း ၃၀၆ လုမျိုးနွယ်စုက တကယ်ကို နက်နဲလွန်းတာလား?

260 37 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၀၆ လုမျိုးနွယ်စုက တကယ်ကို နက်နဲလွန်းတာလား?

သာမန် နတ်ဘုရားအားဖြစ်ပေါ်‌စေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ပန်းတစ်ပွင့်နှင့် မြက်တစ်ပင်တို့ကိုသာ ဖန်တီးနိုင်သည်။

နတ်ဘုရားအားဖြစ်ပေါ်စေခြင်းအဆင့်၏အထက် ကျင့်ကြံသူများမှာမူ အသားနှင့်အသွေးပင်ပါသော အသက်အစစ်တစ်ခုအားပင် ဖန်တီးနိုင်သည်။

လုရှောင်ယန်မှာ ဤဖန်တီးနိုင်မှု‌လေးကိုပင် လျှော့မတွက်နိုင်မှန်းသိသည်။

အကြောင်းမှာ ဤဖန်တီးမူသည် မဟာတာအိုမှ လွတ်ကင်းပြီး အဆိုးကံဖြင့်လည်း မစွန်းထင်း‌သောကြောင့်ပင်။

ထိုပန်းတစ်ပွင့်နှင့် မြက်တစ်ပင်မှာ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည်။

သို့သော် ထိုအဆင့်သို့သူမရောက်ရှိသေးသဖြင့် အများကြီးတွေးတောရန်မလိုအပ်ပေ။ သူဟာယခုမှ နတ်ဘုရားအားဖန်ဆင်းခြင်းအဆင့်သို့သာရောက်ရှိခြင်းဖြစ်သည်။

သူဟာယခုမှ ကိုယ်ပိုင်နေရာလွတ်ကို ဖန်တီးနိုင်ရုံမျှသာ ရှိသေးသည်။

ဒါ့အပြင် ယခုတွင် သူစဉ်းစားသင့်ဆုံးအရာမှာ သူ၏ကျင့်ကြံဆင့်မဟုတ်ဘဲ လုမျိုးနွယ်စုသာဖြစ်၏။

ဘာကြောင့် အခုထိ လုမျိုးနွယ်စုက တစ်ယောက်မှမရောက်သေးကြတာလဲ။

အကြီးအကဲထျန်းကျီက သူ့ကို လိမ်ထားခဲ့တာများဖြစ်နိုင်မလား။
ဒါမှမဟုတ် ဒီလုမျိုးနွယ်စုက အားကိုးမထိုက်တာများလား။

သူတွေးတောနေစဉ်မှာပဲ၊ အဇူရာအလင်းတန်းတစ်ခုမှာ ရုတ်တရတ်ဆိုသလို တောင်တန်း၏ ထောင့်တစ်ခုမှ ထွက်ပေါ်လာ၏။ ထိုအရာမှာ စတုတ္ထအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် စပါးအုံးနတ်ဆိုးပင်ဖြစ်သည်။

စပါးအုံးနတ်ဆိုးဟာ သူ၏သွေးရောင်ပါးစပ်အားဖွင့်လှစ်လျက် လုရှောင်ယန်ရှိရာသို့ အလင်းအလျင်ဖြင့် သွားကာ အရေပြားနှင့် လုရှောင်ယန်အား တခဏချင်းပင် အရှင်လတ်လတ် ဝါးမြိုချင်ပုံပေါ်၏။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now