အပိုင်း ၂၉၂ ၁၃နှစ်ကြာ စာချုပ်ချုပ်ခြင်း၊ ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသော

328 44 0
                                    

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၂၀။ အပိုင်း၂၉၂ ၁၃နှစ်ကြာ စာချုပ်ချုပ်ခြင်း၊ ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသော


" ဂိုဏ်းချုပ်၊ ကျုပ်တို့ဘာလုပ်သင့်လဲ။"

အားလုံး၏ အမူအရာမှာ ရှုပ်ထွေးနေကြသည်။ ယဲ့ကျွင်းလင်မှာ နတ်ဘုရားအဆင့်ငါး ဆရာကြီးဖြစ်ပြီး သူ၏ ကျင့်ကြံဆင့်မှာလည်း သူတို့၏ အမည်မဲ့ဂိုဏ်းရှိ လူတိုင်းထက် သာလွန်နေသည်။

လုရှောင်ယန်မှာမူ တည်ငြိမ်လျက်ရှိပြီး တည်ငြိမ်စွာဖြင့်ပြောလာသည်မှာ " ယဲ့မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တွေနောက်ကိုလိုက်၊ တစ်ယောက်ကိုမှ မလွတ်စေနဲ့။ သူ့ကိုငါနဲ့သာ ထားခဲ့လိုက်ကြ "

"ဘယ်သူမှ ဒီတိုက်ပွဲထဲ ဝင်မပါကြဖို့ကိုတော့သတိရကြ။"

"ကောင်းပါပြီ"

အားလုံး ပြန်လည်ဖြေဆိုကြပြီး ချက်ချင်းပဲထွက်ခွာသွားကြသည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်လောက်လေးနှင့်သာ ရှေ့ထွက်တိုက်ခိုက်လျှင် သေခြင်းတရားကိုသာ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို အားလုံးက သိကြသည်။ သူတို့က လုရှောင်ယန်အတွက် ဖိအားပင်ဖြစ်သွားနိုင်၏။

ယဲ့ကျွင်းလင်မှာ ဂိုဏ်းသားများထွက်သွားသည်နှင့် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လာလေသည်။

သူက လုရှောင်ယန်၏ တပည့်များကို ပစ်မှတ်မထားခဲ့ပေ။

သို့သော် ယခုအချိန်တွင်မူ လုရှောင်ယန်၏ တပည့်များအတွက် အတိဒုက္ခလှိုင်းကြီးအတွက်ပါ ပြင်ဆင်လာခဲ့လေသည်။ သူဟာ မူလကတည်းက လုရှောင်ယန်၏ တပည့်များကို သတ်၍ ထိုသူ၏ စိတ်အခြေအနေကို နှောင့်ယှက်ချင်ခဲ့တာဖြစ်၏။

သို့ရာတွင် လုရှောင်ယန်က ဒီပြဿနာကိုဖြေရှင်းလိုက်မည်ဟု မမျှော်မှန်းထားခဲ့ချေ။

တစ်ကြိမ် ကျရှုံးသွားပြီးကတည်းက ထပ်မံ၍ အချိန်ဖြုန်းနေဖို့ မလိုအပ်တော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် လုရှောင်ယန်ကသာ သူ့ပစ်မှတ်ဖြစ်‌သည်။ လုရှောင်ယန်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားသူများမှာ ပိုးမွှား ယင်ကောင်ငယ်လေးများမျှသာဖြစ်လေသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now