အပိုင်း ၂၇၅ တစ်ဆင့်ပြီးတစ်ဆင့်

353 54 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၅ တစ်ဆင့်ပြီးတစ်ဆင့်

ပြီးပြည့်စုံသည့်သိုင်းဘုရင်ဒဿမအဆင့် လေ့ကျင့်ဖော်... ကျွတ်.. ကျွတ်... ဒါသေချာပေါက် အမြတ်ထွက်မယ့်အပေးအယူပဲ။

ထိုသို့တွေးကြည့်ပြီးနောက်ဆုံး လုရှောင်ယန် ပြန်ပြောလာခဲ့သည်။ "ကျုပ်က ပုံမှန်အားဖြင့် တပည့်တွေကို အလျဉ်းသင့်သလို လက်ခံလေ့မရှိဘူး။ အရည်အချင်း လုံလုံလောက်လောက်မရှိရင် သူ့ကိုတပည့်အဖြစ်မခေါ်ဘူး။"

ဘိုးဘေးကျွင့်၏မျက်လုံးထဲ စိတ်ပျက်ဝမ်းနည်းသွားသည့်အရိပ်အယောင်တစ်ချက် ဖြတ်သွားသည်။

"ဒါပေမယ့်၊ ဒီလိုဆိုရင်တောင် ခင်ဗျား ကျုပ်ရဲ့ဂိုဏ်းထဲဝင်လို့မရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ဒီလိုဆိုရင်ရော? ဒီနေ့ကစလို့ ကျုပ်တပည့်တွေလည်း တပည့်လက်ခံဖို့အတွက် အရည်အချင်းပြည့်မီနေကြပြီ။ သူတို့လည်း ကိုယ်တိုင်တပည့်လက်ခံပြီး အမည်မဲ့ဂိုဏ်းရဲ့ကျင့်ကြံခြင်းနည်းလမ်းတွေကို သင်ပေးနေနိုင်ပြီ။ ခင်ဗျား ဆရာတစ်ယောက်လိုချင်နေရင် သူတို့ထဲကနေပြီး ခင်ဗျားဆရာဖြစ်ဖို့ ရွေးလို့ရနိုင်တယ်။ ခင်ဗျားလည်း သူတို့ဆီကနေ ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ယူလို့ရတာပေါ့။"

တစ်ဖက်လူကို သူ့တပည့်၏တပည့်ဖြစ်ခိုင်းစေလိုက်ခြင်းဖြင့် သူအလုပ်ရှုပ်သက်သာရုံသာမက တစ်ဖက်လူကို အမည်မဲ့ဂိုဏ်းထဲသို့ သွင်းပြီးသားလဲ ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးတော့ ဘိုးဘေးကျွင့်က သိုင်းဘုရင်ဒဿမအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပဲ။ ဒီလိုလူမျိုးက အနှေးနဲ့အမြန်အသုံးဝင်တဲ့နေရာရှိလာမယ်။

ဘိုးဘေးကျွင့်၏မျက်လုံးအရောင်တို့ တလက်လက်ဖြစ်လို့သွားသည်။

ဒါပေါ့ လုရှောင်ယန်ကို သူ၏ဆရာအဖြစ် မသတ်မှတ်နိုင်ခဲ့သည့်အတွက်တော့ အတော်လေးစိတ်မကောင်းဖြစ်မိသည်...

သို့သော်လည်း လုရှောင်ယန်၏တပည့်ကို သူ့ဆရာအဖြစ်သတ်မှတ်ပြီး သူ့သိုင်းရည်ရွယ်ချက်၏နောက်ဆုံးလိုအပ်ချက်လေးကို ဖြည့်တင်းနိုင်အောင် သင်ယူနိုင်မည်ဆိုလျှင် သေချာပေါက် နတ်လောကသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now