အပိုင်း ၂၈၃ ထူးကဲသော အတိဒုက္ခ

393 47 0
                                    

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၈၃ ထူးကဲသော အတိဒုက္ခ


နိဒါန်းကို ဖတ်ပြီးနောက် လုရှောင်ယန် ကျန်တာတွေကို ဆက်ဖတ်လိုက်သည်။ အခြေခံအားဖြင့် နတ်ဘုရားလောကတွင် အင်အားများဖြန့်ခြင်းနှင့် ပတ်သက်သော အချက်အလက်တချို့နှင့် သီးသန့်အချက်အလက်တချို့ရှိခဲ့သည်။

ဥပမာအားဖြင့် နတ်ဘုရားဓားဂိုဏ်းဟုခေါ်သော ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူသည် နတ်ဆိုးဂိုဏ်းမှ အမျိုးသမီးတစ်ဦးနှင့်ချစ်ကြိုက်ကာ ကလေးတစ်ယောက် ရခဲ့သည်။

ထို့နောက် အမျိုးသမီးဖြစ်သူက တိုက်ပွဲတွင် သေဆုံးသွားပြီး ကလေးက နတ်ဆိုးဂိုဏ်းတွင် အရွယ်ရောက်လာခဲ့သည်။ နတ်ဘုရားဓားဂိုဏ်းခေါင်းဆောင်က သူတော်စင်ဂိုဏ်းတပည့်များစွာကို သတ်ရန် ဤမိန်းကလေးအား နှစ်ပေါင်းများစွာကြာအောင် အမြဲတမ်းအကူအညီပေးနေခဲ့သည်။

ယခုအခါ မိန်းကလေးသည် နတ်ဆိုးဂိုဏ်း၏ မြင့်မြတ်သောမိန်းမပျိုပင် ဖြစ်လာခဲ့ပြီဖြစ်သည်။

နောက်ထပ်ဥပမာမှာ မျိုးရိုးအမည် ချန်နှင့်မိသားစုတစ်ခုတွင် ဖြစ်သည်။ ထိုမိသားစု၏ ခေါင်းဆောင်ဖြစ်သူက သူ့ညီငယ်၏ ဇနီးဖြစ်သူနှင့် အချစ်ဇာတ်ခင်းခဲ့သည်။ သူ၏ညီငယ်ဖြစ်သူက သူ၏သားဖြစ်သူကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပေးနေခဲ့သည်။

ထိုကဲ့သို့သော အကြောင်းအရာများက မရေမတွက်နိုင်အောင်ပါပဲ။

ဤအချက်အလက်ဖြင့် လုရှောင်ယန်က တခြားဘက်၏ အားနည်းချက်ကို ပစ်မှတ်ထားနိုင်ပြီး တချို့သော ရည်မှန်းချက် ပန်းတိုင်များကို အောင်မြင်မှုရရှိရန် ၎င်းကို အသုံးချနိုင်မှာဖြစ်သည်။

သို့သော် အကြီးအကဲထျန်းကျီ သူမ၏ အမှာစကားကိုလည်း ပြောထားခဲ့လေသည်။

ဤအချက်အလက်အများစုက လုမိသားစုဝန်းကျင်ကို ဗဟိုပြု ထားခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ၎င်းသည် လုမိသားစုနယ်မြေဝန်းကျင်ရှိ အင်အားစုတချို့နှင့်ပတ်သက်သော အချက်အလက်ဖြစ်လေသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now