အပိုင်း ၂၅၁

393 53 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၁ သူတော်စင်ပထမအဆင့်က သိုင်းဘုရင်ပထမအဆင့်ကို အနိုင်ယူနိုင်တယ်လား?

….
တချိန်တည်းမှာပဲ မဟာကျိုးအင်ပါယာ၏အရှေ့ဘက်နယ်စပ်၊ သစ်တောထဲတွင် လူပေါင်းများစွာသည် တစ်စုံတစ်ယောက်ကို လိုက်ဖမ်းနေကြသည်။
“သူ့နောက်လိုက်ကြ! မင်းတို့အားလုံး ဘာပဲဖြစ်ဖြစ် ဟန်ကျန့်ကို ဖမ်းမိပြီဆိုတာနဲ့ သတ်ပစ်! ငါ့ရဲ့ထာဝရသစ်တောက ကျွင်းမိသားစုကို စော်ကားခြင်းရဲ့အကျိုးဆက်ကို သိအောင်လုပ်ပေးလိုက်ကြ။”
ကျွင့်ပုကျန်းက အော်ဟစ်လိုက်သည်။
လက်ရှိတွင် သူတကယ်ကို ဒေါသပေါက်ကွဲနေလေသည်။
သူတို့ လိုက်နေသည်က ထာဝရာသစ်တောကနေပြီး ကီလိုမီတာပေါင်း ၁၀ဘီလီယံပင် ရှိနေပြီဖြစ်သည်။
ကီလိုမီတာပေါင်း ၁၀ဘီလီယံနော်!
တစ်ဖက်လူကို သူတို့လိုက်ဖမ်းနေသည်က လအနည်းငယ်ပင်ရှိနေပြီ!
သူ့အိမ်ကနေပြီးတော့ ဒီလိုချောင်ကျတဲ့မဟာကျိုးလိုနေရာအထိ လိုက်နေခဲ့သော်လည်း ထိုသိုင်းဘုရင်ပထမအဆင့်ယင်ကောင်လေးကို အခုထိ ဖမ်းမမိနိုင်သေးပေ။
မုန်းစရာအကောင်းဆုံးကတော့ ဤအချိန်အတွင်း သူခေါ်ဆောင်လာခဲ့သည့် သိုင်းဘုရင်အဆင့် ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးသည် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ပင်။
သူ့ဘဝမှာ ဒီလောက်ထိ အရှက်မဲ့တဲ့လူမျိုး တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးပေ!
သူအော်လိုက်ပြီး မကြာခင်မှာပဲ သူ့ရှေ့တည့်တည့်တွင် နောက်ထပ်ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ပေါ်လာခဲ့ပြန်သည်။ မြေပြင်မှနေပြီး မီးခိုးများအူတက်လာကာ ကျွင့်မိသားစုမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအနည်းငယ်ကို ထိတ်လန့်သွားစေခဲ့ပြီး ကျွင့်ပုကျန်းရှေ့တွင် ရုတ်တရက် ဝင်ကာပေးလိုက်ကြသည်။
“မြင့်မြတ်သောသားတော်ကို ကာကွယ်ကြ! မြန်မြန်လေး!”
ပေါက်ကွဲမှုကြောင့် ထိတ်လန့်တုန်လှုပ်လို့ ပြန်မငြိမ်သက်ခင်မှာပဲ ကျွင့်ပုကျန်းက သူ့လက်အောက်ငယ်သားကို တွန်းဖယ်လိုက်သည်။
“ထွက်သွား! ငါက အမှိုက်မဟုတ်ဘူး။ မင်းတို့ရဲ့ကာကွယ်မှုကို ဘယ်လိုလုပ် လိုအပ်မှာလဲ?”
မကြာလိုက်ပါဘဲ လူရိပ်တစ်ရိပ်က ပြန်လည်ပြန်သန်းလာခဲ့ကာ အမူအရာမှာ လေးနက်လို့နေသည်။
“မြင့်မြတ်သောသားတော်၊ ပဉ္စမအစ်ကိုလည်း ဒဏ်ရာရသွားပါပြီ။ ငါတို့ဆက်ပြီး မလိုက်နိုင်တော့ဘူး။ ဒီလိုသာဆက်သွားရင် ငါတို့ညီအစ်ကိုတွေကို ပိုပြီးတော့တောင် ဆုံးရှုံးသွားရနိုင်သည်။ ပြန်ဆုတ်ကြရအောင်။”
“အမှန်ပဲ၊ မြင့်မြတ်သောသားတော်၊ ပြန်ဆုတ်ဖို့အရမ်းနောက်မကျသေးဘူး၊ ဆုံးရှုံးမှုကို အချိန်မီရပ်လိုက်ကြရအောင်။ မဟုတ်ရင် ငါတို့ ကျွင့်မိသားစုအတွက် ဆုံးရှုံးမှု အရမ်းကြီးသွားလိမ့်မယ်၊ အထူးသဖြင့် မင်းပါအတူပါနေတာလေ။”
“သေစမ်း!”
ကျွင့်ပုကျန်းတစ်ယောက် ဒေါသထွက်လွန်းလို့ သတိလစ်မိတော့မလိုပင်။
“ငါလို ကျွင့်မိသားစုရဲ့ဂုဏ်သိက္ခာကြီးတဲ့မြင့်မြတ်သောသားတော်က နာမည်မရှိတဲ့ဂျူနီယာတစ်ယောက်ကို ငါ့နှာခေါင်းအောက်တင် လွှတ်ပေးလိုက်လို့ ဖြစ်နိုင်မလား? ငါလက်မခံနိုင်ဘူး!”
“မြင့်မြတ်သောသားတော်၊ စိတ်အေးအေးထားပါ။ ငါတို့ အသုံးမကျဘူးဆိုပေမယ့် ငါတို့လည်း တကယ်ကို ရွေးချယ်စရာမရှိလို့ပါ။ ဒီဟန်ကျန့်ဆိုတဲ့ကောင်က အပြေးအရမ်းတော်လွန်းတယ်။ သူ့နာမည်က ဟန်ကျန့်မဖြစ်သင့်ဘူး၊ ဟန်ပြေး ဖြစ်သင့်တာ။”
“အဓိကအချက်က သူက ဘယ်လိုထွက်ပြေးရမလဲဆိုတာကို သိရုံတင်မကဘူး သူပြေးတဲ့တလျှောက် အားကောင်းတဲ့ထောင်ချောက်တွေပါ တစ်ခုပြီးတစ်ခုချထားခဲ့နိုင်သေးတယ်။ သူ့မှာ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲအသိုက်ထဲကို မျှားခေါ်သွားနိုင်လောက်တဲ့ အစီအရင်တွေ၊ အဆိပ်တွေနဲ့ စက်ဆုပ်စရာလှည့်ကွက်တွေပါ ရှိတယ်။ ငါတို့လည်း ဘာမှမတတ်နိုင်တော့ဘူး။”
“ဂရုမစိုက်ဘူး။ ငါသူ့ကိုသတ်မှာ! သတ်ကိုသတ်ရမှဖြစ်မှာ!”
ကျွင့်ပုကျန်း၏မျက်လုံးများမှာ သွေးကြောနီများဖြင့် နီရဲလာခဲ့သည်။
ဒေါသကြောင့်၏ သူ၏ဆင်ခြေတုံတရားတွေ ပျောက်ဆုံးသွားပြီမှန်း သိသာလှသည်။
သိပ်မဝေးသည့်နေရာတွင် အခုတင်ရောက်လာပြီး အခြေအနေကို လေ့လာစမ်းစစ်နေသည့် လုရှောင်ယန်မှာ မနေနိုင်ဘဲ ခေါင်းကိုယမ်းမိသွားသည်။
ဒီတပည့်ကိုကြည့်ရတာ နည်းနည်းလေး ရူးသွယ်နေပုံပဲ!
တစ်ဖက်လူကို သူမဖမ်းမိနိုင်တဲ့အပြင် ထောင်ချောက်တွေပါ ဆက်တိုက်မိနေသေးတယ်။ ဒီလိုသာ ဆက်သွားလို့ကတော့ တစ်ဖက်လူရဲ့အတွေ့အကြုံတွေကို မြှင့်တင်ပေးဖို့အတွက် သူ့အသက်ကိုတောင်မှ စွန့်လွှတ်ရတော့မယ်။
ဒါပေမဲ့လည်း ဒီလိုဖြစ်နေရင်တောင် သူကတော့ သေချာပေါက် လက်လျှော့မှာမဟုတ်ဘဲ ဆက်လက်ဖမ်းဆီးနေဦးမည်ပင်။
သူသာဆက်ပြီး ဒီလိုပဲလိုက်နေဦးမည်ဆိုလျှင် ဟန်ကျန့်ကို ဖမ်းမိနိုင်မှာမဟုတ်သည့်အပြင် သူ့အသက်အန္တရာယ်ကိုပါ စွန့်လွှတ်လိုက်ရပေမည်။
သို့သော်လည်း လုရှောင်ယန်သည် သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ် မြင်းနက်များကို စတင်သဘောကျလာမိသည်။
ဒီဟန်ကျန့်က သူနဲ့တော်တော်လေးတူနေတာပဲ။
နိုင်မယ်ဆို တိုက်မယ်။ မနိုင်ရင်တော့ ပြေးမယ်။ တစ်ယောက်ယောက်က သူ့နောက်ကိုလိုက်နေမယ်ဆိုရင် ပြန်တိုက်ခိုက်ဖို့အခွင့်အရေးကိုစောင့်ယူမယ်။
ကံမကောင်းစွာဘဲ ထိုကောင်စုတ်လေးသည် ဗီလိန်ဟုတ်မနေပေ။ သူသာ ဗီလိန်ဆို လုရှောင်ယန်သာ သူ့ကိုတပည့်အဖြစ်လက်ခံနိုင်ရင် ပိုတောင်ကောင်းနေပေဦးမည်။
လုရှောင်ယန်၏ ထိုဟန်ကျန့်ကိုစိတ်ဝင်စားမိသည့်စိတ်က တပည့်ဖြစ်လာမည့်သူကို စိတ်ဝင်စားသည်ထက် ပိုမိုမြင့်မားလာသည်။
သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။ လက်ရှိဗီလိန်ဇာတ်ကောင်ရှိသည့်လူမှာ ကျွင့်ပုကျန်းဖြစ်ကာ ဟန်ကျန့်သည်က ဉာဏ်ထက်သည့် အဓိကဇာတ်လိုက်ဖြစ်သည်။ လုရှောင်ယန်အတွက် ကျွင့်ပုကျန်းကိုသာ တပည့်အဖြစ်လက်ခံနိုင်ပေသည်။
ထိုအကြောင်းများတွေးကြည့်ပြီးနောက် လုရှောင်ယန် သက်ပြင်းတစ်ချက်ချလိုက်ကာ ကျွင့်ပုကျန်းရှေ့သို့ ရောက်သွားခဲ့သည်။
“ဘယ်သူလဲ?”
လုရှောင်ယန် ရုတ်တရက်ပေါ်ထွက်လာသည်ကို လူတိုင်းအာရုံခံမိတာကြောင့် ထိတ်လန့်သွားကြလေသည်။
လုရှောင်ယန်သည် ထိုမျှလူအများကြီးနှင့်တိုက်ခိုက်ဖို့အတွက် မမိုက်မဲပေ။
ဒါက ထိုလူအုပ်ကို သူအနိုင်မယူနိုင်တာကြောင့်မဟုတ်ဘဲ အာရုံစိုက်ခံရအောင်လုပ်လို့ ကောင်းတာမရှိခြင်းကြောင့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဟန်ကျန့်က အနီးအနားတွင်ရှိနေသေးကာ သူတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေနိုင်သည်။
ဒါကြောင့် သူပုံသဏ္ဍာန်ပေါ်လာခါနီးမှာပဲ လုရှောင်ယန်သည် တောင်နှင့်မြစ်ပန်းချီကို အသက်သွင်းလိုက်တော့သည်။
တောင်နှင့်မြစ်ပန်းချီသည် အလွန်အင်အားကြီးကာ ချက်ချင်းလက်ငင်းအသက်သွင်းနိုင်သည်။
လက်ရှိအခြေအနေတွင် အဆင့်နိမ့်သည့်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအနည်းငယ်တိုင်း နေရာတွင်ပင် လုရှောင်ယန်၏ တောင်နှင့်မြစ်ပန်းချီထဲသို့ ဆွဲသွင်းလိုက်ကာ ကျွင့်ပုကျန်းတစ်ယောက်ကိုသာ ချန်ထားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျွင့်ပုကျန်း၏ဦးရေပြားတို့ ရုတ်ချည်းထုံကျဉ်သွားရသည်။
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now