အပိုင်း ၃၀၅ လုမျိုးနွယ်စုကငါ့ကို...ထပ်မလိုချင်တော့ဘူးလား?

265 38 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၂၁။ အပိုင်း ၃၀၅ လုမျိုးနွယ်စုကငါ့ကို...ထပ်မလိုချင်တော့ဘူးလား?

နက်နဲမှုဝိညာဉ် × 3

အိုက်ယိုး၊ မဆိုးဘူး။ သူဟာ နက်နဲမှုဝိညာဉ်သုံးခုအား လက်ခံရရှိလိုက်သည်။ ဒီနည်းလမ်းဖြင့် သူ၏လက်နက်အနည်းအကျဉ်းအား နက်နဲသောအဆင့်သို့ တိုးမြှင့်နိုင်ပြီဖြစ်သည်။

ထိပ်တန်းအဆင့် နတ်ဆေးလုံး၊ အကန့်အသတ်မဲ့ကြည်လင်သန့်စင်ခြင်းမြင့်ဆေးလုံး × 1000.

အကန့်အသတ်မဲ့ကြည်လင်သန့်စင်ခြင်းမြင့်ဆေးလုံးဟာ ထိပ်တန်းအဆင့်အရန်ဆေးလုံးဖြစ်ပြီး ကျင့်ကြံနှုန်းကို မြှင့်တင်ရာတွင် အသုံးပြုနိုင်ပေသည်။ ၎င်းအား အကန့်အသတ်မရှိ အသုံးပြုနိုင်၏။

ဒါဟာလည်း မဆိုးပါချေ။ ယခုသူလိုအပ်နေသည်မှာ ခွန်အားတိုးမြှင့်ရန်ပင်ဖြစ်၏။ ထိုဆေးလုံးဖြင့်ဆိုလျှင် သူ၏ကျင့်ကြံဆင့်အား အချိန်တိုအတွင်းမှာပင် တိုးမြှင့်နိုင်ပေသည်။

ခွန်အားနည်းနည်းချင်းစီတိုးပွားလာမှုတိုင်းသည် သူ၏ ဘဝနှင့်လုံခြုံမှုအားသေချာစေ၏။

နတ်ဘုရားပစ္စည်း၊ ခရမ်းရောင်ရွှေပန်းကန်လုံး ×1။

နက်နဲမှုလက်နက်၊ ဝါဂျရာ ဗောဓိ × 1။

လုရှောင်ယန်မှာ တစ်နေ‌ရာရာမှာ ထူးဆန်းနေသည်ဟု ခံစားရသည်။ သူမှတ်မိတာသာ မှန်မည်ဆိုလျှင် သူယခင်ကရရှိခဲ့သော နတ်ဘုရားပစ္စည်းအဆောင်ယောင်အား ဗောဓိပုတီးစေ့များဟုခေါ်တွင်ပုံရသည်။

ဗောဓိပုတီးစေ့မှာ နတ်ပစ္စည်းအဆောင်အယောင်သာဖြစ်သည်။ ဝါဂျရာ ‌ဗောဓိမှာလည်း ဗောဓိပုတီးစေ့များ၏ ကြိုးဖြစ်သော်ငြား နက်နဲမှုလက်နက်ဖြစ်နေသည်လား။

နတ်ပစ္စည်းအဆောင်အယောင် အဇူရာနဂါး ဆေးဖော်စပ်သည့်အိုး ×1။
နတ်လမ်းစဉ်၊ နဂါးပင်လယ်လေးစင်း ×1။
နဂါးပင်လယ်လေးစင်းမှာ တိုက်ခိုက်ရေးစွမ်းအားကို လျှော့ချခြင်းမရှိဘဲ တိုက်ခိုက်ရာအကွာအဝေးကို ချဲ့ထွင်‌ပေးသည့် ကြီးမားသော သေကွက်ပင်ဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now