[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၆ ဒါတွေအားလုံး အရင်ကငါသုံးခဲ့တဲ့ ရက်စက်တဲ့လှည့်ကွက်တွေပဲလုရှောင်ယန်ထံမှ ခွင့်ပြုချက်ရသည်နှင့် ဘိုးဘေးကျွင့်တစ်ယောက် ယွင်လီကောကို ဆရာအဖြစ်အသိအမှတ်ပြုဖို့ရန် ချက်ချင်းအပြေးသွားတော့သည်။
ယွင်လီကောသည်တော့ ကြောင်အနေခဲ့လေသည်။
"ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားရဲ့ဆရာဖြစ်စေချင်တာလား?"
"ဟုတ်ပါတယ်၊ စီနီယာယွင်။ ကျွန်တော် ဂိုဏ်းချုပ်ရဲ့ခွင့်ပြုချက်ကိုလည်း ရခဲ့ပြီးပါပြီ။ ကျွန်တော့်ကို စီနီယာရဲ့တပည့်ဖြစ်ခွင့်ပြုပါ။"
ယွင်လီကော : "....."
ထိုအချိန်တွင် သူ့နှလုံးသားထဲမှာ အဆဲစကားတစ်သောင်းလောက်အထိ ပြည့်နှက်သွားခဲ့သည်။
သူ့ရဲ့ဆရာတူညီ(၇)၏ဘိုးဘေးက သူ့ကို ဆရာအဖြစ်အသိအမှတ်ပြုချင်လိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး!
ပြီးတော့ အဲဒီလူက ပြီးပြည့်စုံတဲ့ သိုင်းဘုရင်ဒဿမအဆင့်လဲဖြစ်နေသေးတယ်!
ရိုးရိုးသားသားပြောရရင် တစ်ဖက်လူရဲ့ရှေ့မှာ သူဆိုသည်က သေးငယ်သည့်ပုရွတ်ဆိတ်တစ်ကောင်နဲ့တောင် မခြားပေဘူး။
သူက တစ်ဖက်လူ၏ဖိနပ်ကိုသယ်ဖို့လောက်တောင်မှ အရည်အချင်းမရှိတဲ့လူလေ။
တစ်ခုခုတော့မှားနေပြီ။ အရမ်းကိုမှားနေပြီ။
ဆရာကတော့ ဒီလိုအဆင့်နိမ့်တဲ့အမှားမျိုးလုပ်မိဖို့ မဖြစ်နိုင်ဘူး!
သူတို့ဆရာသခင်က ဘယ်လိုလူမျိုးမို့လို့လဲ?
ပြိုင်ဘက်ကင်းကျွမ်းကျင်သူကြီးလေ!
ကိုယ့်ထက်အဆင့်မြင့်တဲ့လူတွေကို အလွယ်လေးတိုက်ခိုက်နိုင်ကြတဲ့ မြင်းနက်တွေတောင်မှ သူတို့ဆရာရဲ့ပြိုင်ဘက်မဟုတ်ဘူး။
ဒါတောင် သူ့ဆရာက ဒီလိုရိုးရှင်းတဲ့အမှားမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?
ဒါပေမယ့် တစ်ဖက်လူက ပြီးပြည့်စုံတဲ့သိုင်းဘုရင်ဒဿမအဆင့် ထိပ်တန်းကျင့်ကြံသူကြီးလေ...