အပိုင်း ၂၂၄ အကြီးဆုံး အကိုကြီးရော..

424 59 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၅။ အပိုင်း ၂၂၄ အကြီးဆုံး အကိုကြီးရော..

"ငါအရင်သွားပြင်ဆင်လိုက်မယ်။ ခဏနေတော့ မင်းကို ကျင့်ကြံနည်းလမ်းတစ်ခုသင်ပေးပြီး မင်းရဲ့စိတ်ကို ထိန်းပေးမယ်။ ဂိုဏ်းနဲ့အရင်ရင်းနှီးပြီး မင်းရဲ့ဆရာတူညီအကိုမောင်နှမတွေနဲ့ ရင်းနှီးအောင်လုပ်ပါ။ ပြီးရင် မင်းရဲ့အကြီးဆုံး အစ်ကိုကြီးကိုရှာပါ။ သူ့ကို ငါတို့နာမည်မဲ့ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မင်းကိုပြောပြခိုင်းလိုက်။"

"ဟုတ်ကဲ့"

သူတို့နှစ်ယောက် နှုတ်ဆက်ပြီးချိန်မှာတော့ စုန့်ရှင်းနျန်က တောင်တံခါးကို လှမ်းဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

"အမည်မဲ့ဂိုဏ်း... ဒီနာမည်က တော်တော်ထူးခြားတယ်။ မဟာကျိုးအင်ပါယာမှာ ဘယ်ဂိုဏ်းက ဘယ်လိုရှိလဲလို့ သိချင်မိတယ်။ ဒါပေမယ့် ဒီဂိုဏ်းရဲ့ ဝိညာဉ်စွမ်းအင်က ဘာကြောင့် ဒီလောက် ပါးလွှာရတာလဲ? တောင်ကြီးက အရမ်းနိမ့်တယ်။ မဟာကျိုးအင်ပါယာက မဟာချင်အင်ပါယာထက် နိမ့်ကျတာမျိုးလား?"

သူစကားပြောပြီးသည်နှင့် တံခါးနားရှိ လောင်ထိုင်နှင့် ဖိဂုလျန်က အော်ဟစ်ပြီး နှုတ်ဆက်သည်။

စုန့်ရှင်းနျန်သည် ပထမဆုံး ထိတ်လန့်သွားလေသည်။ သူ တုံ့ပြန်နိုင်သောအခါတွင် သူ၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းလာပြီး နှလုံးခုန်သံများ တဟုန်ထိုး ခုန်လာသည်။

"ဒါ... အကြီးမြတ်ဆုံးအဆင့် နတ်ဆိုးသားရဲလား? ပြီးတော့ နတ်ဆိုးအဖြစ်ပြောင်းသွားတဲ့ သိုင်းဘုရင်အဆင့် လက်နက်လား? ဘုရားသခင်၊ ဒါတွေက ဒီတောင်တံခါးရဲ့ အစောင့်တွေလား?"

ဒီအစောင့်တွေက အရမ်းမိုက်တာမဟုတ်ဘူးလား။

  အတော်အတန်ကောင်းမွန်သော ပထမတန်းဂိုဏ်း ကျယ်ပြောကောင်းကင်ဂိုဏ်း၏ အစောင့်များပင် အများစုမှာ ဆရာသခင်အဆင့်တွင်  ရှိကြသည်ကို သိထားရမည်ဖြစ်သည်။

အမည်မဲ့ဂိုဏ်းနှင့် နှိုင်းယှဥ်လျှင် ၎င်းတို့သည် ဘာမှမဟုတ်ပေ။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now