အပိုင်း ၂၇၉ ဝိညာဉ်ကျောက်တုံး နှစ်တုံးပဲ၊

311 51 0
                                    

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ်၁၉။ အပိုင်း ၂၇၉ ဝိညာဉ်ကျောက်တုံးနှစ်တုံးပဲ၊ ဝိညာဉ်ကျောက်တုံးနှစ်တုံးပဲ... မင်း ဆုံးရှုံးမှာ (ဒါမှမဟုတ်) လှည့်စားခံရမှာမဟုတ်ဘူး...


"ဘုရားရေ... ဒါက ရှေးဟောင်တောင်နယ်နိမိတ်က တစ်ယောက်ပဲ။"

မရေမတွက်နိုင်သော ကျင့်ကြံသူများက တုန်လှုပ်လာတော့သည်။

၎င်းက ကြောက်စရာကောင်းလွန်းလှပေသည်။

ထိုအရာက ရှေးဟောင်းအထွတ်အထိပ်အဆင့်သက်မှတ်ချက်၏ ထိပ်ဆုံးဆဌမမြောက်အဆင့်တွင်ရှိသည့် ရှေးဟောင်တောင်နယ်နိမိတ်၏ အသန်မာဆုံးကျွမ်းကျင်သူ ဖြစ်လေသည်။

ကောင်းကင်ယံတွင် မိသားစုကြီးများမှ ကျွမ်းကျင်သူများသည် သက်ပြင်းသာ ချနိုင်တော့သည်။

"ရှေးဟောင်းနဂါးဧကရာဇ် ဒီနေရာမှာရှိမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး။ သူက ရှေးဟောင်တောင်နယ်နိမိတ်မှာ ပုန်းနေပြီး ဘယ်တော့မှ ထွက်မလာဘူး မဟုတ်လား?"

"သူဘယ်လောက်ကြာကြာ ပုန်းနေချင်တာက ကိစ္စမရှိဘူး။ ဒီလို ကြီးကြီးမားမား ကိစ္စကြီးပြီးရင် သူ ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့မှာကိုပဲ ငါကြောက်တာ။"

အရူးတစ်ယောက်ကသာ အကြောင်းမဲ့သက်သက် ထိုင်နေမှာဖြစ်သည်။ ဤနေရာ အောက်ဘက်တွင်ရှိသော ဥစ္စာဓနများစွာကြောင့် မည်သူက ဝင်မစွက်ဖက်ချင် ရှိပါ့မလဲ။

ယွင်လီကောနှင့် အခြားသူများအားလုံးသည် အောက်တွင် ရှိနေကြပြီး ကောင်းကင်ရှိ လျှို့ဝှက်သော ကျွမ်းကျင်သူများကို စူးစိုက်ကြည့်နေခဲ့ကြသည်။

"ဒီလူတွေ အရမ်းထူးလွန်းတယ်! သူတို့က နတ်ဘုရားခန်းမက လူတွေထက် အများကြီး ပိုသန်မာကြတယ်။"

ကျွင့်ပုကျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"အဲ့ဒါက သေချာတယ်။ တခြားဟာတွေထားအုံး ထာဝရသစ်တောက ယဲ့မိသားစုကလွဲပြီး ထိပ်ဆုံးမိသားစု(၂၀)က လူတိုင်း ရောက်လာကြပြီ။ ဒီမိသားစုတွေထဲက ဘယ်တစ်ခုမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက် မရှိမှာတဲ့လဲ? ပြီးတော့ တချို့မိသားစုတွေမှာ တစ်ယောက်ထက် ပိုပြီးတောင် ရှိတယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now