အပိုင်း ၂၆၁

371 53 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၆၁ ပြိုင်ဘက်ကင်းကျင့်ကြံသူ?

“ဒါပေမဲ့ ငါတို့က နတ်ဘုရားအဆင့်ကျွမ်းကျင်သူတွေလေ၊ သူကတော့ အခုမှ သိုင်းဘုရင်အဆင့်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး သူက ငါတို့နဲ့ ယှဉ်နိုင်မှာလဲ?”
“မင်းက ရယ်စရာတွေ သိပ်ပြောတတ်တာပဲ။ ဒီလူက ကောင်းကင်ဘံကိုပြန်သွားစေဖို့အတွက် နှစ်ပေါင်းရာထောင်ချီကတည်းက အစီအစဉ်ချထားတဲ့ အရွေးချယ်ခံပဲ။ သူက အဆင့်နိမ့်ကျင့်ကြံသူဖြစ်နေတဲ့အချိန်အတွက် အစီအစဉ်လုပ်မထားလောက်ဘူးများ ထင်နေလား? ဒီနေရာမှာ နတ်ဘုရားအဆင့်ကျင့်ကြံသူဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်များထင်နေလား? ငါ့အထင်သာမမှားရင် အဲ့ကောင်ရဲ့တာအိုအစောင့်အရှောက်က သေချာပေါက် ဒီကမ္ဘာပေါ်မှာ ရှိနေလာက်တယ်။”
တစ်ဖက်ကလူက အနည်းငယ်ရှက်ရွံ့သွားပုံပေါ်ကာ၊ “ဒါဆို… ငါတို့ အခုဘာလုပ်ရမှာလဲ?”
ဝတ်ရုံနက်နှင့်လူက သူ့လက်များကို နောက်ပစ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
“အခုကစပြီး သူအဆင့်နိမ့်မှာရှိနေတုန်းသတ်ပစ်တာ အကောင်းဆုံးပဲ။ သူအဆင့်နိမ့်ကနေ ဖောက်ထွက်ပြီး အထက်အဆင့်ကိုရောက်သွားတာနဲ့ သတ်ဖို့ ပိုပြီးတောင် ခက်သွားလိမ့်မယ်။”
“အခုလောလောဆယ်တော့၊ ငါ့မှာ ဝှက်ဖဲနှစ်ခုရှိသေးတယ်။ ယဲ့ကျွင်းလင် နဲ့ လီချင်းဖန်တို့ပဲ။ ဒီနှစ်ယောက်ရှိနေရုံနဲ့တော့ ရွေးချယ်ခံရသူကို ငါသတ်နိုင်လိမ့်မယ်လို့ အာမ,မခံနိုင်ဘူး။”
“မကြာသေးခင်တုန်းက၊ ငါ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို လျှို့ဝှက်စုံစမ်းရင်း ဒီကမ္ဘာပေါ်မှာ နောက်ထပ်မြင်းနက်တစ်ယောက်ရှိနေသေးတယ်ဆိုတာ သိလိုက်ရတယ်။ သူ့ကိုရှာဖို့လူတွေလွှတ်လိုက်၊ ပြီးတာနဲ့ ငါဖန်တီးထားတဲ့ နောက်ဆုံးစနစ်သစ်သီးကို ပေးလိုက်။”
“သူ့နာမည်က ဘယ်သူလဲ?”
“ဟန်ကျန့်!”
……
ထာဝရသစ်တော၏နယ်နိမိတ်တွင် လူရိပ်တချို့ ဆင်းသက်လာသည်။ ၎င်းမှာ တခြားသူမဟုတ်ဘဲ ကျွင့်ပုကျန်းတို့ပင် ဖြစ်သည်။
“မြင့်မြတ်သောသားတော်၊ ငါတို့ ထာဝရသစ်တောကိုရောက်ပြီ။ အိမ်ပြန်ရောက်ခါနီးပါပြီ။”
ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်သည်။
“ဆရာ ပေးလိုက်တဲ့ ကောင်းကင်ဖြိုခွဲလွန်းကိုပဲ ကျေးဇူးတင်ရမယ်၊ ဒါကြောင့်မလို့ ငါတို့ မဟာကျိုးနန်းမြို့တော်ကနေ ထာဝရသစ်တောကို နာရီဝက်နဲ့ ရောက်လာနိုင်တာပဲ။”
“ဟုတ်ပါတယ်၊ အကြီးအကဲလုက တကယ်ကို ကျွမ်းကျင်သူအစစ်အမှန်ပဲ။”
သူတို့ လုရှောင်ယန်နှင့် ပထမဆုံးတွေ့ဆုံချိန်တုန်းက လူတိုင်း သူ့ကို အလွန်အမင်းအထင်သေးခဲ့ြသည်။
သို့သော်လည်း လုရှောင်ယန်၏တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ပြီးချိန်မှာတော့ လုရှောင်ယန် မည်မျှစွမ်းအားကြီးကြောင်း သိရှိသွားခဲ့သည်။
လုရှောင်ယန်သည် အမှန်ကိုပဲ မြင့်မြတ်သောသားတော်၏ဆရာသခင်ဖြစ်ဖို့ ထိုက်တန်ပေသည်။
“ဒီတစ်ခေါက် အိမ်ပြန်ရောက်တဲ့အချိန် မင်းတို့ ဘာတစ်ခွန်းမှမပြောကြနဲ့။ ငါ့ဆရာက သူ့ကို တခြားလူတွေနှောင့်ယှက်တာကို မကြိုက်ဘူး။ ဒါကြောင့် ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားကြ၊ နားလည်လား?”
“ဟုတ်ကဲ့၊ နားလည်ပါတယ်။”
“ကျွင့်မိသားစုကို ပြန်ကြမယ်။”
“ဟုတ်ကဲ့ပါ!”
လူတိုင်း ထွက်ခွာကြတော့မည့်အချိန်မှာပဲ ကျွင့်ပုကျန်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ ခေါင်းအသာဟန့်ရင်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။
“မင်းတို့ အရင်သွားနှင့်ကြ။ ငါလုပ်စရာလေးရှိသေးတယ်။”
ကျွင့်မိသားစုမှ အကြီးအကဲများကတော့ စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် သူ့ကိုကြည့်လာကြသည်။
ထိုအချင်းအရာကြောင့် ကျွင့်ပုကျန်း၏အမူအရာမှာ အတော်အတန်အေးစက်လို့သွားကာ၊
“ဘာလဲ? မင်းတို့က ငါ့စကားကို နားမထောင်ကြဘူးလား?”
လူတိုင်း အလျင်အမြန် ခေါင်းယမ်းလိုက်ကြသည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး.. ငါတို့ နားမထောင်ဘဲ မနေရဲပါဘူး။”
အားလုံးက ချက်ချင်းပင် အဝေးကိုထွက်သွားလိုက်ကြသည်။ သူတို့အားလုံး ထွက်သွာသည်ကို မြင်တာတောင်မှ၊ ကျွင့်ပုကျန်းတစ်ယောက် ဘေးနားတစ်ဝိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက်သေးသည်။ အနားမှာ ဘယ်သူမှမရှိနေတာကိုမြင်ကာမှ အသက်ပြင်းပြင်းရှူကာ ပြောလိုက်လေသည်။
“နှစ်သန်းပေါင်းတစ်ထောင်တောင်ကြာခဲ့ပြီ။ နောက်ဆုံးတော့ ငါအိမ်ပြန်လာပြီကွ!”
ထိုသို့အော်လိုက်ပြီးသည်နှင့် သူ့မျက်နှာက ပူလောင်သွားတော့သည်။
အရမ်းရှက်ဖို့ကောင်းတာပဲ။
ကံကောင်းလို့ သူ့စကားတွေကို ကြားတဲ့သူမရှိနေဘူး။
ယွင်လီကောနှင့် အခြားသူများ၏အယူသီးမှုကို သူ မယုံချင်သော်လည်း သူ့အသက်ကိုတော့ လောင်းကြေးမထပ်ရဲပေ။
သူရှုံးသွားရင် ဘယ်လိုလုပ်မလဲ? သူ့ဘဝကို အဆုံးအစွန်အထိ ဆိုးယုတ်သွားစေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီလိုပြောလိုက်လို့လဲ သူတစ်ခုခုကို ဆုံးရှုံးသွားစရာမှ မရှိဘဲ။
ပြောရရင် ထိုစကားကိုပြောလိုက်ပြီးကာမှ အရင်ထက်ပိုပြီး သက်သောင့်သက်သာရှိလာသည်ဟုပင် ခံစားရပေသည်။
ထို့သို့အတွေးများပြီးနောက် လက်နှစ်ဖက်နောက်ပစ်ကာ ခရီးဆက်လိုက်သည်။
သူ၏လက်အောက်ငယ်သားများနှင့် အတူတူလောက်ပင် ကျွင့်ပုကျန်းသည် ကျွင့်မိသားစုထံသို့ အမြန်ဆုံးရောက်ရှိသွားကာ ကျွင့်မိသားစု၏ ဘိုးဘေးခန်းမသို့ ချက်ချင်းသွားရောက်လိုက်သည်။
“ဘိုးဘေးကို နှုတ်ဆက်ပါတယ်။”
ခဏအကြာတွင်တော့ ဆံဖြူ မုတ်ဆိတ်ဖြူအဘိုးကြီးတစ်ယောက် ကျွင့်မိသားစု၏ ဘိုးဘေးခန်းမထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
တစ်ဖက်လူကိုမြင်လိုက်သည်နှင့် သူ၏အေးစက်သည့်အမူအရာထဲတွင် ချစ်ခင်မြတ်နိုးသည့်အရိပ်ငွေ့များ ပေါ်ထွက်လာခဲ့သည်။
“မင်းပြန်လာပြီပဲ။ ခရီးအခြေအနေဘယ်လိုလဲ? တစ်ခုခုရခဲ့တာရှိလား?”
“ဘိုးဘေး၊ ကျွန်တော် ဒီတစ်ခေါက်သွားတာ အကျိုးအမြတ်တွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် အခု သိုင်းဘုရင် ဒုတိယအဆင့်ထဲ ရောက်သွားပါပြီ။”
တကယ်တော့ နတ်ဆေးလုံးများနှင့် နတ်သားရဲဥများကို စားခဲ့ခြင်းကြောင့် သူ၏ခန္ဓာကိုယ်တွင်ထဲတွင် မစုပ်ယူရသေးသည့် အနှစ်သာရမြောက်များစွာ ကျန်ရှိနေသေးသည်။
သူသာ ထိုအနှစ်အသာရအားလုံးကို အပြည့်အဝစုပ်ယူလိုက်လျှင် လဝက်အတွင်း နောက်ထပ်အဆင့်သေးတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ရန် အခွင့်အရေးရှိသည်ဟု သူရဲရဲကြီးပြောရဲပေသည်။
သို့သော်လည်း သူ့ဆရာသခင်က တစ်စုံတစ်ယောက်သည် ရရှိထားမှုအပေါ် ပျော်ပါးစံစားပြီး ဂုဏ်မြောက်မနေဖို့ရန် ပြောခဲ့သည်။ အမည်မဲ့ဂိုဏ်း၏စည်းကမ်းများအရ ကိုယ့်ကျင့်ကြံဆင့်ကို ဖုံးထားနိုင်သ၍ အတတ်နိုင်ဆုံး မဖော်ထုတ်မိစေရန် ဖုံးကွယ်ထားရမည်ဖြစ်သည်။
သို့သော်လည်း ဘိုးဘေးကျွင့်ကတော့ ထိုမျှနှင့်ပင် အတော်လေးပျော်ရွှင်နေပြီဖြစ်သည်။
“မဆိုးဘူး၊ မဆိုးဘူး။ ထာရဝသစ်တောရဲ့ ထိပ်တန်းမိသားစုကြီးဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ကျွင့်မိသားစုရဲ့မြင့်မြတ်သောသားတော်ဆိုတဲ့အတိုင်းပဲ မင်းရဲ့ကျင့်ကြံဆင့်က ငါတို့ကျွင့်မိသားစုကို သေချာပေါက် အရှက်စေမှာမဟုတ်ဘူး။”
“ကျွန်တော်ကတော့ ရှက်မိတုန်းပဲ။”
“အဲလောက်ကြီး ကိုယ့်ကိုယ်ကို နှိမ့်ချမနေနဲ့။ ထာဝရသစ်တောတစ်ခုလုံးက အမျိုးမျိုးသောမိသားစုကြီးတွေရဲ့ မြင့်မြတ်သောသားတော်နဲ့ မိန်းမပျိုတွေထဲမှာ မင်းက အနည်းဆုံး ထိပ်ဆုံးငါးယောက်ထဲပါတယ်။ ဒါ့အပြင် ယဲ့မိသားစုကမြင့်မြတ်သောသားတော်ကလွဲလို့ တခြားလူတွေရဲ့ခွန်အားတွေက အတူတူလောက်တွေပဲဆိုတာ မင်းလည်းသိနေတာပဲ။”
ဘိုးဘေးက ယဲ့မိသားစု၏မြင့်မြတ်သောသားတော်အကြောင်း ထည့်ပြောလာသည်နှင့် ကျွင့်ပုကျန်းပင်လျှင် လေးစားအားကျစိတ်ကို မထုတ်ဖော်မိဘဲ မနေနိုင်ခဲ့ပေ။
တစ်ဖက်လူသည် အသက်၂၀သာရှိသေးခြင်းပင်!
သို့သော်လည်း သူသည် ထာဝရသစ်တောမှလူငယ်အားလုံးကို ကျော်လွန်ကာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သည်။
သူသည် မွေးလာကတည်းက ချိတ်ဆက်မှုအဆင့်သို့ရောက်ရှိခဲ့သည်ဟုပင် ဆိုကြသည်။ အသက်တစ်နှစ်တွင် ဆရာသခင်အဆင့်၊ အသက်နှစ်,နှစ်တွင် စိတ်ဝိညာဉ်အဆင့်၊ အသက်၁၂နှစ်တွင် အာကာပြင်ပြိုကွဲခြင်းအဆင့်နှင့် အသက်၁၄နှစ်တွင် ဘုရင်အဆင့်သို့ရောက်ရှိခဲ့သည်ဟုပင်ဆိုသည်။ နောက်ဆုံး အသက်၂၀တွင်တော့ သိုင်းဘုရင်အဆင့်သို့ တရားဝင်ရောက်ရှိသွားခဲ့သည်။
သူသည် ထာဝရသစ်တောတစ်ခုလုံးရှိ ကျင့်ကြံခြင်းစံချိန်အားလုံးကို ချိုးဖျက်ခဲ့ခြင်းပင်။
သူ့လိုမျိုး ထိပ်တန်းမိသားစုတစ်ခု၏ဆက်ခံသူတောင်မှ ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်ကြံခြင်းနည်းလမ်းများကို ကျင့်ကြံနိုင်ခြင်းမရှိသည်ကို သိရပေမည်။ အကြောင်းကတော့ ကလေးများသည် ဘယ်လိုကျင့်ကြံရမလဲဆိုသည်ကို မသိဘဲ နားမလည်နိုင်တာကြောင့် ချီသွေဖယ်ခြင်းကို အလွယ်တကူ ခံစားရနိုင်သောကြောင့်ဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now