[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၂၇ ဆန်းကျယ်သောဝါးမြိုခြင်းဝိညာဉ်လီချန်းရှန်၏အမူအရာမှာ ပြောင်းလဲသွားလေသည်။ သူ ကျူးကောကျီချုံကို တားလိုက်ချင်သော်လည်း အလွန်နောက်ကျသွားသည်။ သူမက မေးပြီးတစ်စက္ကန့်အတွင်းမှာပဲ ပြန်လည်ဖြေကြားခဲ့သည်။
“ဟုတ်တာပေါ့၊ ငါတို့အားလုံးမှာရှိတယ်လေ။ စီနီယာအစ်မကျီ၊ စီနီယာအစ်ကိုဖုန်းနဲ့ ငါက ကိုယ်တိုင်ကျင့်ကြံပြီး ရလာတာ။ စီနီယာအစ်ကိုလီကတော့ ဆရာက သူ့ကိုဓားဝိညာဉ်ထည့်ပေးထားတာ။”
လေထုမှာ ချက်ချင်းတိတ်ဆိတ်လို့သွားသည်။
ကောင်းကင်ကြီးက ဘယ်လောက်ပဲ တိမ်မဲတွေလိပ်တက်နေကာ လေပြင်းတွေတိုက်နေပါစေ၊ လျှပ်စီးတွေ ဘယ်လောက်ပဲလက်နေပါစေ၊
ထိုအချိန်လေးတွင် အမည်မဲ့ဂိုဏ်းမှတပည့်အနည်းငယ်မှာ ပြောစရာစကားမရှိဖြစ်သွားကြသည်။ခဏလောက်တိတ်ဆိတ်သွားပြီးနောက်၊ ကျူးကောကျီချုံက ခေါင်းလေးစောင်းကာ ချစ်စဖွယ်မေးလာလေသည်။
“အကြီးဆုံးအစ်ကိုကြီးမှာက မရှိဘူးလား?”အတော်ကြာသည်အထိ နှုတ်ဆိတ်နေပြီးနောက် ယွင်လီကော လှည့်ထွက်သွားလေတော့သည်။
“ငါ့မှာလုပ်စရာတစ်ခုခုရှိသေးတာ အခုမှရုတ်တရက်ကြီး သတိရလာတယ်။ မင်းတို့တွေ စကားပြောလိုက်ကြဦး၊ ငါအလုပ်ရှုပ်နေသေးလို့။”
……
လူတိုင်း အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ကြသည်။
“အခုတင် အကြီးဆုံးအစ်ကိုကြီး ငိုသွားတာလား? သူလှည့်ထွက်လိုက်တဲ့အချိန်တုန်းက သူ့မျက်လုံးထဲကမှာ မျက်ရည်တွေမြင်လိုက်တယ်။”
ကျူးကောကျီချုံ သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ “ငါ… တစ်ခုခု မှားပြောမိသွားတာလား?”
ကျီဝူရှား လက်ကိုကွေးကာ သူမခေါင်းကို လက်ဆစ်ဖြင့် ခပ်သာသာခေါက်လိုက်သည်။
“အရူးလေး၊ ဘာလို့ အဲ့ဒါတွေပြောလိုက်ရတာလဲ?”
လီချန်းရှန်သည်လည်း ဖျော့တော့စွာ ပြောလာခဲ့သည်။ “ပြောလိုက်တာက ဟုတ်ပါပြီ။ ဘာကိစ္စ နောက်ဆုံးမေးခွန်းက ထည့်မေးလိုက်ရတာတုန်း?”