အပိုင်း ၂၃၅ နွံနစ်ကြသူများ

386 49 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၆။ အပိုင်း ၂၃၅ နွံနစ်ကြသူများ

“အစ်ကိုအဇူရာနွား၊ အဲ့လိုမပြောပါနဲ့။ ခင်ဗျားအကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲ။ မင်းတို့အားလုံးက သားရဲမျိုးနွယ်ဂုဏ်ဆောင် သူရဲကောင်းတွေချည်းပဲ! မင်းတို့က သားရဲမျိုးနွယ်တွေရဲ့ ရှေ့ဆောင်လမ်းပြအမြဲတမ်းဖြစ်နေမှာ!”
“ဒီအကြောင်းပြောကာမှ၊ အစ်ကိုဖိဂုလျန်၊ ဒီနယ်မြေထဲမှာ ရှေးဟောင်းလူသားတွေချန်ရစ်ခဲ့တဲ့ ရတနာတွေအများကြီးတွေ့ခဲ့တယ်လို့ ပြောဖူးတယ်မလား။ အဲ့ဒါအမှန်ပဲလား?”
“ဒါပေါ့၊ သေချာပေါက် အမှန်ပဲ။ ဘယ်သူလိမ်လိမ် လိမ်တဲ့သူခွေးပဲ။”
“အစ်ကိုဖိဂုလျန်က ဒီလိုပြောလာမှတော့ ကျုပ်တို့တွေ ဒီတစ်ကြိမ်တော့ ခင်ဗျားကိုရုံလိုက်မယ်။ သွားရအောင်။”
……..
အမည်မဲ့ဂိုဏ်း၏ တောင်နှင့်မြစ်ပန်းချီထဲတွင် လုရှောင်ယန်၏ကိုယ်ထက်မှ အရှိန်အဝါသည် အဆက်မပြတ်တိုးများလို့နေသည်။
ဝိညာဉ်စွမ်းအင်တို့က ပမာဏအလွန်ကြီးမားကာ သိပ်သည်းကာ ထုထည်တစ်ခုဖြစ်လာပြီး စွမ်းအားရှိသည့် ပိုးအိမ်တစ်ခုလိုမျိုး လုရှောင်ယန်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လို့ထားသည်။
ခွန်အားတို့သည့် အတိုင်းအတာတစ်ခုအထိ ပေါင်းစည်းသွားကြပြီးနောက်မှာတော့ လုရှောင်ယန်ပတ်လည်ရှိ နေရာလွတ်စည်းမျဉ်းများသည် စတင်ပြီး ဖရိုဖရဲဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အမည်မဲ့ဂိုဏ်း၏အပေါ်ဘက်တွင် ကောင်းကင်၌ နက်မှောင်သည့်တိမ်စိုင်တိမ်လိပ်များ စတင်စုဝေးလာခဲ့သည်။ တိမ်တိုက်များကြားကနေပြီး လျှပ်စီးများလက်ကာ မိုးကြိုးများမြည်ဟိန်းလာသည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာသည့်အချိန်တိုင်း ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအခြေအနေမျိုး ဖြစ်စေမြဲပင်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများသည် လောကစည်းမျဉ်းတို့ထက်သာလွန်ကာ လောက၏ထိပ်တန်းများဖြစ်သွားခြင်းကြောင့်ဖြစ်သည်။
နောက်ဆုံးမှာတော့ ကန့်သတ်ချက်တစ်ခုသို့ရောက်သွားသည်နှင့် သူ၏ကျင့်ကြံဆင့်က တိုးတက်သွားကာ လုရှောင်ယန်ထံမှ ဒေါသတကြီးအော်ဟစ်သံတစ်သံနှင့်အတူ ဝိညာဉ်စွမ်းအင်ပိုးအိမ်ကြီးသည်လည်း ရုတ်ချည်းပေါက်ကွဲသွားတော့သည်။
သူ၏ခန္ဓာကိုယ်မှနေပြီး အဆုံးမဲ့ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လာခဲ့သည်။
တောင်နှင့်မြစ်ပန်းချီကား၏အကာအကွယ်ကြောင့်သာ မဟုတ်လျှင် ဤသို့ မူမမှန်သည့်ဖြစ်ရပ်မှာ လူသန်းပေါင်းများစွာ၏အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။
အမည်မဲ့ဂိုဏ်းထဲသို့ဝင်ရောက်လာရုံရှိသည့် မိစ္ဆာသားရဲအဖွဲ့၏အကြီးအကဲများမှာ ကောင်းကင်မှလျှပ်စီးများကို မြင်လိုက်ရသည်နှင့် နှလုံးတုန်ရင်ခုန်သွားကြတော့သည်။
“ဘာတွေဖြစ်နေတာလဲ? ဘာလို့ အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ?”
ဖိဂုလျန်၏နှလုံးသည်လည်း တုန်ရီသွားလေသည်။ လုရှောင်ယန်၏အစေခံဖြစ်တာနှင့်အညီ လုရှောင်ယန်၏ကျင့်ကြံဆင့် ပြောင်းလဲသွားသည်ကို သဘာဝအလျောက် အာရုံခံမိခဲ့သည်။
သူ့သခင်က တကယ်ပဲ သိုင်းဘုရင်အဆင့်ထဲဝင်သွားပြီပေါ့!
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ!
သူ့သခင်၏အရိုးသက်တမ်းအရ သေချာပေါက် အသက်၂၀ကျော်လောက်ပဲရှိသေးတာလေ၊ ဟုတ်တယ်မလား? အသက်၃၀တောင်ကျော်သေးတာမဟုတ်ဘူး။ ဒါကိုတောင် ဒီလောကမှာ အသန်မာဆုံးဖြစ်တည်မှုဖြစ်နေပြီ။ ဘယ်လောက်တောင်မှ မကောင်းဆိုးရွားဆန်လိုက်သလဲ?
ဖိဂုလျန်သည် နှစ်ပေါင်း၆,၀၀၀လောက် သီးခြားနေထိုင်ခဲ့သော်လည်း ယခုအခိုက်အတန့်လေးတွင် လုရှောင်ယန်၏အရည်အချင်း မည်မျှပင် မကောင်းဆိုးရွားဆန်လှကြောင်း ခံစားမိသေးသည်။
ဒါကိုကြည့်ခြင်းအားဖြင့် သူ့သခင်သည် ဒီကမ္ဘာပေါ်တွင် ဒဏ္ဍာရီလာနယ်ပယ်ထဲသို့ပင် ဖြတ်ကျော်ဝင်ရောက်နိုင်ချေ အလွန်များနေပေပြီ။
သို့သော်လည်း ထိုအကြောင်းတွေးကြည့်ကာမှ လက်ရှိတွင် သူသည် ဤအင်အားကြီးမိစ္ဆာသားရဲအုပ်ကြီးကို တည်ငြိမ်အောင်ထိန်းဖို့အတွက် လုရှောင်ယန်ကို ကူညီနေရသေးသည်။
ဒါက ထူးထူးခြားခြားလုရှောင်ယန်ကို ကူညီပေးရသည့် ရှားပါးသော တိုက်ခိုက်ရေးအင်အားတစ်ရပ်ပင်။ ဘယ်လိုလုပ် သူတို့ကိုလွတ်မြောက်ခွင့်ပေးရပါ့မလဲ?
ဖိဂုလျန် မျက်စံလှည့်လိုက်ကာ ချက်ချင်းဆိုသည်။ “ညီအစ်ကိုတို့၊ မင်းတို့မသိလောက်ပေမယ့် ဒီနေရာက မကြာခဏဒီလိုဖြစ်တတ်တယ်။ ငါ ဒီမှာကျင့်ကြံခဲ့တုန်းကလည်း ဒီလိုအခြေအနေမျိုးဖြစ်လာတိုင်း ရှားပါးရတနာတွေ ပေါ်လာတာကို တွေ့ခဲ့တယ်။ အခု လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေပြီဆိုတော့ ရှားပါးရတနာတစ်ခုခု ပေါ်လာတော့မယ့်ပုံပဲ။”
“ဟစ်! ရှားပါးရတနာပေါ်လာမှာလား!”
ထိုစကားကိုကြားလိုက်ရသည်နှင့် မိစ္ဆာသားရဲအကြီးအကဲတို့၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
မိစ္ဆာသားရဲတို့၏ကျင့်ကြံခြင်းသည် လူသားများနှင့်ကွဲပြားသည်ကိုတော့ သိထားဖို့လိုပေသည်။
မိစ္ဆာသားရဲတို့သည် သဘာဝအတိုင်း သူတို့၏သွေးမျိုးဆက်ထဲတွင် ကျင့်ကြံခြင်းနည်းလမ်းတို့ ပါလာကြပြီးဖြစ်သည်။ သူတို့၏သွေးမျိုးဆက်က အင်အားကြီးမည်ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းနည်းလမ်းများသည်လည်း အားကောင်းပေလိမ့်မည်။ အကယ်၍များ သူတို့၏သွေးမျိုးဆက်က အားနည်းမည်ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းနည်းလမ်းသည်လည်း အဆင့်နိမ့်ပေလိမ့်မည်။
ဒါတွေအားလုံးက သူတို့မွေးဖွားလာစဉ်ကတည်းက သဘာဝအလျောက် ပါလာပြီးသား အရာများဖြစ်သည်။
ဒါကြောင့်ပဲ မိစ္ဆာသားရဲတို့၏ကျင့်ကြံနှုန်းသည် အလွန်ပုံသေဖြစ်နေခြင်းဖြစ်သည်။
ဒါကြောင့်ပဲ လူသားများသည် စဉ်ဆက်မပြတ် မိစ္ဆာသားရဲတို့ကို ကျော်တတ်သွားနိုင်သည့် အရေးကြီးသည့်အကြောင်းပြချက်လည်း ဖြစ်ပေသည်။
လူသားများသည်က သူတို့၏ကျင့်ကြံခြင်းနည်းလမ်းကို ရွေးချယ်နိုင်ပေသည်။ တစ်ချိန်တည်းမှာပဲ လူသားများသည် ဆေးလုံးလိုမျိုး အထောက်အကူပြုပစ္စည်းများကို အသုံးပြုနိုင်သေးသည်။
သို့သော်လည်း ရတနာများသည်တော့ မတူညီပေ။ သဘာဝရတနာများသည် မိစ္ဆာသားရဲတို့၏သွေးမျိုးဆက်ကို တိုးတက်လာစေနိုင်ရုံသာမက မိစ္ဆာသားရဲတို့၏ကျင့်ကြံခြင်းကိုလည်း တိုးတက်လာစေနိုင်သည်။
ဒါကပဲ တခါတရံ မိစ္ဆာသားရဲများသည် သဘာဝရတနာများကို စောင့်ကြပ်ကာ ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းကြခြင်းဖြစ်သည်။
အခုတော့ ဖိဂုလျန်က ဤနေရာတွင် သဘာဝရတနာများ တခါတရံပေါ်ထွက်လာတတ်သည်ဟု သူတို့ကို ပြောလာခဲ့သည်။
သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ?
“မြန်မြန်လေး၊ သဘာဝရတနာကို သွားရှာကြရအောင်။”
မိစ္ဆာသားရဲများက ချက်ချင်းပင် သူတို့၏သွားနှုန်းကို မြှင့်လိုက်ကြသည်။
တောင်နှင့်မြစ်ပန်းချီကားထဲတွင် လုရှောင်ယန်သည် စစ်မှန်သည့်သိုင်းဘုရင်အဆင့်ဖြစ်လာပြီးနောက် သူ့ခွန်အားကို ခံစားမိကာ စိတ်လက်ပေါ့ပါးလန်းဆန်းသွားသလို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်က တကယ်ကိုအင်အားကြီးတာပဲ။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဖြစ်လာပြီးနောက် စိတ်ကိုက ပိုလို့ရဲရင့်လာသည်ဟု ခံစားမိသည်။ လက်တစ်ချက်လှုပ်ရုံဖြင့်ကို ပတ်ဝန်းကျင်ရှိလောကစည်းမျဉ်းတို့ကို စေခိုင်းနိုင်သည်။ ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ?
စိတ်လှုပ်ရှားလို့ဝသွားပြီးနောက် ထုံးစံအတိုင်း လီကောနှင့်ကျန်လူများ၏ကျင့်ကြံဆင့်အခြေအနေကို ကြည့်ချင်လာသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို ဖိဂုလျန်၏အရှိန်အဝါကို အာရုံခံမိသွားခဲ့သည်။
“ဘာလို့ အဲ့ခွေးကပြန်ရောက်လာတာလဲ?”
“အာ? ဘာလို့ ဒီလောက်များတဲ့မိစ္ဆာသားရဲတွေကိုပါ ခေါ်လာရတာတုန်း?”
လုရှောင်ယန်သည် အမည်မဲ့ဂိုဏ်း၏မိုင်တစ်ရာဝန်းကျင်အတွင်း အစီအရင်ပေါင်းမြောက်မြားစွာကို တည်ဆောက်ထားသည်။ ဒါကြောင့်ပဲ ဘယ်သူရောက်လာလည်းဆိုသည်ကို ချက်ချင်းအာရုံခံနိုင်ပေသည်။
စိတ်ရှုပ်ထွေးနေတာကြောင့် ချက်ချင်းဆိုသလို နတ်အာရုံကိုဖြန့်ကာ ဖိဂုလျန်နှင့် လှမ်းဆက်သွယ်လိုက်သည်။
သားရဲထိန်းချုပ်ခြင်းပညာရပ်ဖြင့် မိစ္ဆာသားရဲများကို ဆက်သွယ်နိုင်ပေသည်။
“ဖိဂုလျန်၊ မင်းဘာလုပ်နေတာတုန်း?”
ဖိဂုလျန်မှာ လမ်းလျှောက်နေရာမှ တုန်လှုပ်သွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။ “သခင်၊ ရှေးဟောင်းတောင်နယ်နိမိတ်က နတ်ဘုရားခန်းမကလူတွေရဲ့ ရှင်းလင်းခြင်းခံလိုက်ရပြီး ဒီထိပ်တန်းတိုက်ခိုက်ရေးသမားတွေပဲ ဆုတ်ခွာလာခဲ့ကြပါတယ်။ သူတို့ကို အလဟဿလွှတ်မပေးလိုက်သင့်ဘူးလို့ထင်လို့ သခင့်လက်အောက်သွင်းလို့ရအောင် လှည့်ကွက်သုံးပြီး ခေါ်လာလိုက်တာပါ။”
လုရှောင်ယန် : “….”
“မင်းဒီလိုလုပ်တော့ မင်းရဲ့မိစ္ဆာသားရဲနှလုံးသားက မနာကျင်ရဘူးလား?”
“သေချာပေါက် မနာပါဘူး။ အခု ကျွန်တော့်နှလုံးသားထဲမှာ သခင်တစ်ယောက်ပဲရှိတယ်။ သခင့်ကိုပဲ နှလုံးသားတစ်ခုလုံးရင်းပြီး အသုံးတော်ခံမယ်။”

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now