အပိုင်း ၂၅၅

504 59 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၅ နတ်ဘုရားခန်းမရောက်လာပြီ

တချိန်တည်းမှာပဲ မဟာကျိုးအင်ပါယာ၏အရှေ့တောင်ဘက်တွင်။
ဘုန်း!
ပြင်းထန်သည့်ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ ကောင်းကင်ပေါ်သို့ မီးခိုးမှိုပွင့်ကြီးတစ်ခု ပင့်တက်သွားလေသည်။
မီးခိုးမှိုပွင့်ကြီးဖြစ်ပေါ်လာသည်နှင့် များပြားလှသည့် အနားတဝိုက်ရှိ ငှက်များသားရဲများသည် ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။ ပေါက်ကွဲမှာ အနီးတဝိုက်တွင်ရှိနေခဲ့သည့် ကျင့်ကြံသူအချို့သည်လည်း ကြောက်ရွံ့ထိတ်လန့်ကာ မြန်မြန်သွက်သွက်ပြေးကုန်သည်။
မကြာလိုက်ပါဘဲ အလွန်စိတ်မကောင်းစရာပုံရိပ်တစ်ခုသည် တောင်ပေါ်ရှိ ကျောက်ကျိုးကျောက်ပဲ့များကြားမှ တွားသွားထွက်လာခဲ့သည်။
သူသည် ဂူသင်္ချိုင်းတူးဖို့ရန် အထူးပြုလုပ်ထားသည့် သူ့လက်ထဲတွင်ရှိနေသော သူတော်စင်အဆင့်သံတုံးကို ချေမွကာ လွှင့်ပစ်လိုက်သည်။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀,၀၀၀လောက်က မဟာကျိုးမှာနေခဲ့ကြတဲ့ ဆရာကြီးတွေအားလုံး အရူးတွေပဲလား? သူတို့အားလုံး သူတို့ရဲ့ဂူသင်္ချိုင်းတွေမှာ ဒီလောက်ကောင်းတဲ့ အစီအရင်တွေ ချခဲ့ပေမဲ့ နောက်ဆုံးတော့ ဘာမှလဲ ရှိမနေဘူး!”
ဟန်ကျန့်သည် အနီးနားရှိလူများ သူ့အသံကိုကြားသွားမည်စိုး၍ သူ့အတွေးများကို ဘယ်တုန်းကမှ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်မပြောခဲ့ပေ။
သို့ပေမဲ့ ဒီတစ်ခေါက်တော့ သူတကယ်ကို မထိန်းချုပ်နိုင်ပေ။
သေစမ်း၊ ဒီအရူးတွေက သူတို့ရဲ့ကြွယ်ဝမှုအားလုံးကို အစီအရင်တည်ဆောက်တဲ့နေရာမှာ သုံးပစ်ကြတာလား?
မနေ့တုန်းက ကျွင့်ပုကျန်းတို့လက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာကတည်းက သူတစ်ကြိမ်တစ်ခါမှ အနားမယူခဲ့လုနီးနီးပင်။ သူက ရှေးဟောင်းဂူသင်္ချိုင်းကို ရှာဖို့ရန် သူ့ရတနာကို အသုံးပြုခဲ့သည်။
၎င်းတို့တွင် ဘုရင်ဆအင့်သင်္ချိုင်း၁၂၀၊ ဧကရာဇ်အဆင့်သင်္ချိုင်း ၇၃ခု၊ အကြီးမြတ်ဆုံးအဆင့်သင်္ချိုင်း ၂၆ခုနှင့် သူတော်စင်အဆင့်သင်္ချိုင်း ၇ခုတို့ပါဝင်သည်။
သို့သော်လည်း ထိုမျှများပြားသည့် ဂူသင်္ချိုင်းများကနေ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁တုံးသာ ရခဲ့သတဲ့!
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၅တုံး!
ဒါမျိုးဖြစ်လာမယ်လို့ ဘယ်သူကများ တွေးဝံ့မှာလဲ?
သေစမ်း!
ဒါက ဆင်းရဲရုံတောင်မဟုတ်ဘူး။ အရှက်မဲ့ကြတာပဲ!
ရယ်စရာကောင်းလိုက်တာ!
အရှက်မဲ့လိုက်တာ!
အရမ်းလွန်လွန်းတယ်!
မုန်းစရာအကောင်းဆုံးကတော့ ထိုအစီအရင်များကို ရှင်းပစ်ဖို့ရန်အတွက် သူခွန်အားတွေအများကြီးစိုက်ထုတ်ခဲ့ရသလို သူတော်စင်အဆင့်ဆေးလုံးပေါင်းများစွာကိုတောင်မှ သောက်ခဲ့ရသည်။
ဟန်ကျန့် အံတင်းတင်းကြိတ်ကာ သူရရှိခဲ့သည်မှာ ငါးမူးသာသာဖြစ်နေပါစေ အားလုံးကို သိမ်းထားလိုက်တုန်းပင်။ သူသည် ချမ်းသာသည့်ဒုတိယမျိုးဆက်အမွေဆက်ခံသူများလိုမဟုတ်ပေ။ သူတို့မှာက သူတို့ကိုထောက်ပံ့ပေးမည့်မိသားစုဝင်များရှိကာ ဆေးလုံးများကို သကြားလုံးလို စားနိုင်ကြသည်။
အရေးအကြီးဆုံးကတော့ ဝိညာဉ်ကျောက်တုံးတချို့ ဒါမှမဟုတ် လက်နက်ပစ္စည်းတစ်ခုခု တူးဖော်နိုင်လျှင် ပိုပြီးလွယ်ကူပေမည်။
သို့သော်လည်း အခုတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၅တုံးသာ ရခဲ့သည်။
သူ,ဟန်ကျန့်ဘဝမှာ ဘယ်တုန်းကမှ ဒီလောက်အထိ မဆုံးရှုံးခဲ့ဖူးပေ။
မဟုတ်ဘူး၊ ပိုတွေးမိလေ ပိုဒေါသထွက်လေပဲ။ သူသည်းမခံနိုင်တော့ဘူး။ ဟန်ကျန့်မှာ သူ့ဉာဏ်ရည်ဉာဏ်သွေးကို စောင်ကားခံလိုက်ရသည်ဟု ခံစားမိရကာ ဆက်ပြီး သည်းမခံနိုင်တော့ပေ။
သူသည်းမခံနိုင်တော့ဘူး!
ဟန်ကျန့်၏မျက်လုံးထဲတွင် အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ဒါဟာ သူ့ဘဝတွင် ဒီလောက်အထိ အတွေးတွေများခဲ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
အတိတ်တုန်းကဆိုလျှင် ဘာတွေပဲဖြစ်ဖြစ် သူက အမြဲတမ်း သတ္တိကြောင်စွာ နေခဲ့သည်။
ဒါပေမဲ့ ဒီနေ့တော့ သူ သည်းမခံချင်တော့ဘူး။ ယောက်ျားဆန်ဆန်လုပ်ချင်တာ လုပ်ပစ်တော့မယ်!
သူ မဟာကျိုးအင်ပါယာကိုသွားပြီး ဝိညာဉ်ကျောက်တုံးတွေအများကြီးကို လုယူပစ်ချင်တယ်။
သူ့မှာရွေးချယ်စရာမရှိပေ။ သူတကယ်ကို အလွန်ဒေါသထွက်နေမိသည်။
ပြောရကြေးဆို ကျားသစ်က သူ့အစက်အပျောက်တွေကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး ဆိုသလိုပေါ့။
သို့သော် တစ်စုံတစ်ယောက် အလွန်အမင်းဒေါသထွက်လာပြီဆိုလျှင် သူ့ပင်ကိုစရိုက်ပင်ပင် အမှန်တကယ်ပြောင်းလဲပစ်နိုင်ပေသည်။
အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ဟန်ကျန့်သည် သူ့ကိုယ်သူ ရဲဆေးတင်ကာ မဟာကျိုးအင်ပါယာဘက်သို့ စိုက်ကြည့်ပြီး ဦးတည်ပျံသန်းသွားခဲ့သည်။
ညတက်လာချိန်တွင် မဟာကျိုးနန်းမြို့တော်သည် အမှောင်ထုထဲ နစ်မြုပန်နေခဲ့သည်။
ဟန်ကျန့် အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။
မဟာကျိုးအင်ပါယာမှာ ညအချိန် မီးရောင်ရှိတဲ့နေရာတစ်ခုတလေတောင် မရှိဘူးလား?
ဒါ တော်ဝင်နန်းမြို့တော်လေ။
နန်းမြို့တော်မှ ကျင့်ကြံသူများသည် ဘီလီယံများစွာတည်ရှိသည်။ ထိုထဲမှ အများစု၊ ဆယ်ပုံတစ်ပုံလောက်ပဲ မအိပ်ဘူးဆိုရင်တောင် အရေအတွက်မှာ ထိတ်လန့်ဖွယ်ကောင်းနေသေးသည်။
မီးရောင်များက မြို့တော်တစ်ခုလုံးကို ညကောင်းကင်ယံရှိကြယ်များသဖွယ် ပျံ့နှံ့သွားမည်ဖြစ်သည်။
သို့သော်လည်း ဒီနေ့မှာတော့ ဤနေရာသည် လုံးဝကို မှောင်ပိတ်လို့နေပေသည်။
မဟာကျိုးအင်ပါယာက အရမ်းပဲဆင်းရဲနေလို့များ ဖြစ်နိုင်မလား?
မဟာကျိုးနန်းမြို့တော်၏အောက်ဘက်တွင်၊ လုရှောင်ယန်သည် အစီအရင်တည်ဆောက်နေရုံရှိသေး ကောင်းကင်ယံသို့ ရုတ်တရက် မော့မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ထူးဆန်းလိုက်တာ၊ ကောင်းကင်မှာ ဘာလို့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိနေရတာလဲ?
ပြီးတော့ ဒီအရှိန်အဝါက အရမ်းမရင်းနှီးရာကျတယ်လားလို့? အရင်က တစ်ခါမှပေါ်မလာဖူးဘူး!
နတ်ဘုရားခန်းမက ပို့လိုက်တဲ့ သူလျှိုတစ်ယောက်များလား?
ဒါမှမဟုတ်… ဟန်ကျန့်လား?
တစ်ဖက်လူသည် နတ်ဘုရားခန်းမှလွှတ်လိုက်သည့် သူလျှို့သာဆို တစ်ဖက်လူကို သေချာပေါက် ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ မဟုတ်လို့ တစ်ဖက်လူကပြန်သွားပြီး ဆုချန်ကို ဒီအကြောင်းတွေပြောပြလိုက်လျှင် ဒီမှာ အစီအရင်တွေအများကြီး တည်ဆောက်ထားရတာ အလကားမဖြစ်ကုန်ဘူးလား? ဒါက လုရှောင်ယန်ကို ဘာပြဿနာမှဖြစ်စေမည်မဟုတ်သော်လည်း အစီအရင်တွေကို မဖြုန်းတီးပစ်ချင်မိပေ။
ဟန်ကျန့်သာဆိုလျှင်တော့… ဒီကောင်က သတ္တိကြောင်ပြီး ဘာသိဘာသာနေတဲ့လူမျိုး။ တကယ်တော့ သူနှင့်လုရှောင်ယန်သည် အလွန်ဆင်တူလှကာ လုရှောင်ယန်၏သွေးသောက်ညီအစ်ကိုပင် ဖြစ်နိုင်ပေသည်။
လုရှောင်ယန်သာ တစ်ဖက်လူကို သတ်လိုလျှင် အောင်မြင်နိုင်လိမ့်မည်မဟုတ်ပေ။
တစ်ဖက်ကသာ ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် အလွန်အန္တရာယ်များလှကာ ရန်သူကို အလွယ်တကူသတိပေးသလို ဖြစ်သွားပေမည်။
ထိုလူတွင် နတ်ဘုရားအဆင့်လှုပ်ရှားမှုနည်းပညာရှိမှန်း လုရှောင်ယန်သိထားကာ တခြားသော လှုပ်ရှားနည်းများလည်း သေချာပေါက် ရှိပေလိမ့်မည်။
ဟန်ကျန့်သာထွက်ပြေးချင်လျှင် သူဖမ်းလို့မိနိုင်မည်မဟုတ်ပေ။
ဒါပေါ့ လုရှောင်ယန်မှာလဲ သူထွက်ပြေးလွတ်မြောက်တာကနေ ကာကွယ်ဖို့ရန် နည်းလမ်းတစ်ခုရှိပေသည်။
ဤနေရာရှိ အစီအရင်အားလုံးကို အသက်သွင်းပစ်နိုင်သည်။ ဤအတိုင်းသာဆိုလျှင် တစ်ဖက်လူက နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို ထုတ်သုံးလာခဲ့လျှင်တောင်မှ လွဝ်မြောက်နိုင်တော့မည်မဟုတ်ပေ။ အနည်းဆုံးတော့ တစ်စက္ကန့်နှစ်စက္ကန့်အတွင်း ထွက်ပြေးနိုင်လိမ့်မည်မဟုတ်ပေ။
ပြီးတော့ ထိုတစ်စက္ကန့်နှစ်စက္ကန့်ကတင် သူ့ကို ထိခိုက်ပျက်စီးစေမှုမြောက်မြားစွာဖြစ်စေဖို့ရန် လုံလောက်နေပေပြီ။
ထိုထိခိုက်မှုကို သေချာပေါက် ဟန်ကျန့်ခုခံနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ဒီလိုသာဆို သူ့အစီအရင်တွေနှင့် နတ်ဘုရားခန်းမကို ရှင်းပစ်ဖို့ရန် မဖြစ်နိုင်တော့ပေ။
တချိန်တည်းမှာပဲ သူတို့တကယ်ကို ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပေလိမ့်မည်။
အစီအရင်များကို လက်လျှော့လိုက်မည်ဆိုလျှင် ဟန်ကျန့်ပြဿနာကို ဖြေရှင်းရုံသာမရ နောက်ထပ်ကြီးကြီးမားမားပြဿနာတစ်ရပ်ကိုလည်း ဖြေရှင်းရဦးဖြစ်၍ အလွန်အမင်းတွက်ခြေမကိုက်တာ ထင်ရှားလှသည်။
သို့သော်လည်း လုရှောင်ယန် တွေးနေရုံရှိသေး ရုတ်တရက်ဆိုသလို အဝေးမှနေပြီး နောက်ထပ်သိုင်းဘုရင်အဆင့်အရှီန်အဝါ၃ခု တိုက်ခိုက်လာပေသည်။
လုရှောင်ယန် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီအော်ရာက ရှေးဟောင်းတောင်နယ်နိမိတ်ကလာတာလား? ဒါက မဟာချင်အင်ပါယာကနေလား?
ဟန်ကျန့်သည်လည်း တစ်ဖက်မှအရှိန်အဝါကို ချက်ချင်းအာရုံခံမိကာ နန်းမြို့တော်မှ ရွှေ့သွားတော့သည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသုံးယောက် တကယ်ကိုရောက်ရှိလာခဲ့သည်။ သူတို့က ကျွင့်မိသားစုလိုက်လာတဲ့သူတွေများလား? သူ့ကို ဒီနေရာမှာ စောင့်နေခဲ့ကြတာလား?
သိပ်တော့ မဖြစ်နိုင်သလိုပဲလားလို့?
သူ ဒီမှာရှိတယ်ဆိုတာ သူတို့တွေ ဘယ်လိုလုပ်သိတာလဲ?
တချိန်တည်းမှာပဲ ကောင်းကင်ရှိလေထုသည် ပုံပျက်သွားကာ လေဟာနယ်ထဲမှနေပြီး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ၃ဦးထွက်လာခဲ့သည်။
“ဒါက မဟာကျိုးအင်ပါယာရဲ့ နန်းမြို့တော်လား?”
“ဟမ့်! ဒီနေရာငယ်လေးကိုကြည့်ပါဦး၊ မဟာချင်နန်းမြို့တော်ရဲ့ ထောင့်စွန်းလေးတစ်နေရာထက်တောင်မှ နိမ့်ကျသေးတယ်။ မင်းတို့မှာ နတ်ဘုရားခန်းမကို အာခံဖို့ သတ္တိရှိကြတယ်ပေါ့။ ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ!”
“ကောင်းပြီ၊ စကားမများကြနဲ့တော့။ သွားပြီး မဟာကျိုးတော်ဝင်မိသားစုကို အပြစ်ပေးလိုက်ကြ။ မဟုတ်ရင် ခန်းမသခင် စိတ်အလိုမကျဘဲ ဖြစ်နေလိမ့်မယ်။”
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now