အပိုင်း ၂၆၅

346 50 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၆၅ ဒီမြင်းနက်က တော်တော်လေးကွာခြားလားလို့?

“ဟမ်… ဘယ်မှာပါလိမ့်?”
ဖိဂုလျန် တောင်ကုန်းတစ်လျှောက်တက်လာရင်း မြက်ခင်းပေါ်မှ သွေးအိုင်ကို အလျင်အမြန်ပဲ တွေ့ရှိသွားခဲ့သည်။
ထိုသွေးအိုင်သည့် ပြင်းထန်သည့်အသက်စွမ်းအားကို ထုတ်လွှတ်နေသော်လည်း ၎င်းသည် တဖြည်းဖြည်းပျောက်ကွယ်စပြုနေပြီဖြစ်သည်။
သို့သော်လည်း ဒါက ဖိဂုလျန်အတွက် သဘာဝအလျောက် ခက်ခဲမနေပေ။
အခုဆို သူ့မှာ သူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ခွန်အား ရှိနေပြီမဟုတ်လား!
“ထစမ်း!”
…….
ခဏအကြာတွင်တော့ ဖိဂုလျန် ကြောင်အနေခဲ့သည်။
“ငါ့ဝိညာဉ်စွမ်းအင်တွေ ဘယ်ရောက်သွားလဲ? ငါ့ရဲ့ကျင့်ကြံဆင့်တွေရော? ငါ့ရဲ့ကျင့်ကြံဆင့်တွေရောလို့?”
“ထစမ်း၊ ထစမ်း!”
ထိုအကြွင်းအကျန်များကို စုဆောင်းရန်အတွက် ၎င်း၏ခွန်အားကိုအသုံးပြုရန် ထပ်မံစမ်းသပ်ခဲ့ပြန်သည်။
ကံမကောင်းစွာဖြင့် ဘာတုံ့ပြန်မှုမှရှိမလာခဲ့ပေ။
ထိုအချိန်မှာပဲ ဖိဂုလျန် လုံးဝဆွံ့အသွားပေတော့သည်။
ဘာတွေဖြစ်နေတာလဲ?
သူ့ကျင့်ကြံဆင့်တွေ ပျောက်ဆုံးကုန်တာလား?
သူ တကယ်ပဲ သမင်တစ်ကောင်ဖြစ်သွားတာလဲ?
သူ့ကိုယ်သူ သံသယဝင်ရင်း ဆွံ့အနေချိန်မှာပဲ တောင်ကုန်းပေါ်ရှိ ခြံဝင်းငယ်လေးထဲကနေပြီး လူရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်လာလေသည်။
“အာ? ငါဘာတွေ့ထားပါလိမ့်? တကယ် သမင်တစ်ကောင်ပဲ!”
ဖိဂုလျန် ထိတ်လန့်တကြား လှည့်ပြေးတော့သည်။
“မင်းကို လွှတ်ပေးလိမ့်မယ်များထင်နေတာလား?”
ထိုလူရိပ်သည် အလွန်လျင်မြန်လှသည်။ သူက တောင်ပေါ်ရှိ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ခွဲပစ်လိုက်သည်။
ဘန်း!
ကျောက်တုံးကြီးက အစိတ်အပိုင်းငယ်များအဖြစ် အတိအကျကွဲလို့သွားကာ နောက်တစ်စက္ကန့်မှာပဲ ထိုကျောက်ခဲငယ်တစ်ခုဖြင့် ဖိဂုလျန်၏ခေါင်းတည့်တည့်သို့ပစ်ပေါက်လိုက်ပြီး အမှောက်သိပ်လိုက်သည်။ တစ်ချက်တည်းနှင့်ပင် ဖိဂုလျန် အမြင်တွေမှောင်မိုက်ကာ အကြိမ်အနည်းငယ်ခန့် လိမ့်ကျသွားပြီး တောင်ဆင်းလမ်းတစ်ဝက်မှာတင်ပဲ သတိလစ်သွားခဲ့သည်။
လူရိပ်ကလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ချက်ချင်း ပြေးဆင်းလာလေသည်။
“ကောင်းလိုက်တာ။ ငါ သမင်သားမစားရတာ တော်တော်ကြာပြီ။ သမင်သားက အရမ်းအရသာရှိတာ။ ဟဟဟ… အားလုံး စနစ်ကိုပဲ ကျေးဇူးတင်ရမယ်။ ငါ မထွက်သွားခင် ငါ့ရဲ့ဒုတိယဦးစားပေးကျွမ်းကျင်မှုကို တိုးတက်အောင် အမြင့်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ လုံးဝကို အဆင်သင့်ပဲ။ ခဏနေ သူတော်စင်အကြီးအကဲနဲ့တခြားလူတွေလာတဲ့အခါ ငါ့ရဲ့ဟင်းချက်လက်ရာကို မြည်းစမ်းခိုင်းရမယ်။”
ပြောပြောဆိုဆိုနှင့် ဖိဂုလျန်ကို ခြေထောက်ကနေဆွဲလို့ ခြံဝင်းဆီသို့ ပြန်သယ်သွားလေသည်။
…..
တစ်ချိန်တည်းမှာပဲ အမည်မဲ့ဂိုဏ်းတွင်ကျင့်ကြံသည့် လုရှောင်ယန်သည် တစ်ခုခုမှားယွင်းနေပြီး ရုတ်တရက် ခံစားလိုက်ရသည်။
“ဘာဖြစ်သွားတာလဲ? ဘာလို့ ငါနဲ့ဖိဂုလျန်ကြားက ဆက်သွယ်မှုက ပျက်သွားရတာလဲ?”
ဖိဂုလျန်သည် သားရဲထိန်းချုပ်ခြင်းပညာဖြင့် လုရှောင်ယန် ဖိနှိပ်ထားခဲ့သည့် အိမ်မွေးသားရဲတစ်ကောင်ဖြစ်သည်။ သူတို့နှစ်ဦးကြား အကွာအဝေးမည်မျှပင် ခြားနားနေပါစေ လုရှောင်ယန်အနေနှင့် ဖိဂုလျန်ကို အာရုံခံနိုင်နေသင့်ပေသည်။
သို့ပေမဲ့ အခုချိန်မှာတော့ ရုတ်တရက် ဖိဂုလျန်နှင့် သူ့ကြားက ဆက်သွယ်မှုမှာ ပြတ်တောက်သွားခဲ့သည်။
ယေဘုယျအားဖြင့်ပြောရလျှင်တော့ ဤအခြေအနေသည် ဖိဂုလျန်သေဆုံးသွားပြီဟု ဆိုလိုနေခြင်းပင်။
သို့သော်လည်း ဖိဂုလျန်အသက်ရှင်နေသေးမှန်း လုရှောင်ယန် ခံစားမိပေသည်။
ဒါကြောင့် သူ နားမလည်နိုင်ဖြစ်နေရခြင်းပင်။
…….
တစ်ဖက်တွင်တော့၊
တောင်ကုန်းငယ်ပေါ်တွင် သိပ်မကြာခင်မှာပဲ ဘိုးဘေးကျွင့်သည် ကျွင့်ပုကျန်းကို လီချင်းဖန်၏ခြံဝင်းငယ်ဆီသို့ ခေါ်ဆောင်လာလေသည်။
“လူကြီးမင်းလီ၊ ကျုပ်နှစ်ပေါင်းများစွာသိမ်းဆည်းထားတဲ့ သက်တမ်းရင့်ဝိုင်ကို အထူးတလည်သယ်လာခဲ့တယ်။ ဒီနေ့ ကျုပ်တို့နှစ်ယောက် အမူးသောက်ကြရအောင်။”
လီချင်းဖန်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောရင်း သူ့ကို ခြံဝင်းငယ်ထဲသို့ ကြိုဆိုလိုက်သည်။
“လောင်ကျွင့်၊ ခင်ဗျား အချိန်ကိုက်ရောက်လာတာပဲ။ ဒီနေ့ ကျုပ်လည်း အရသာရှိတဲ့ဟင်းပွဲချက်ထားတယ်။ ခင်ဗျား ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်လုံး မေ့နိုင်တော့မှာမဟုတ်ဘူးလို့ အာမခံတယ်။”
“အိုး? ဘာဟင်းများလဲ? မင်းဒီလောက် ဂုဏ်တင်နေပုံထောက်ရင် အရမ်းကောင်းရမယ်။”
“ဟဟဟ…. ခဏနေ ခင်ဗျားစားပြီးရင် သိပါလိမ့်မယ်။ ကျုပ် အခုထိ မသတ်ရသေးဘူး။ ခဏနေ ကျုပ် အဲကောင်ကိုသတ်ပြီး အရေခွံခွာလိုက်မယ်။”
ဘိုးဘေးကျွင့် ချက်ချင်းပြန်ပြောလာသည်။
“လူကြီးမင်းလီ၊ ဒီလိုကိစ္စအသေးအမွှားလေးအတွက် မင်းကို ဒုက္ခပေးလို့ဘယ်ဖြစ်ပါ့မလဲ? အလုပ်ရှုပ်မခံပါနဲ့။”
“ကောင်းပြီ။ ကျုပ် ဟင်းခတ်အမွှေးအကြိုင်တွေ သွားပြင်ဆင်လိုက်ဦးမယ်။ ခဏနေ စွပ်ပြုတ်ထဲထည့်ရင် ပိုပြီးအရသာရှိအောင်လို့။”
“ကျုပ်လဲ လိုက်ခဲ့မယ်။”
ထိုစကားပြောပြီးသည်နှင့် ဘိုးဘေးကျွင့်က ကျွင့်ပုကျန်းကို ချက်ချင်းကြည့်လာလေသည်။
သူ့ ဘိုးဘေးဆိုလိုချင်သည့်အဓိပ္ပါယ်ကို ဘယ်လိုလုပ်ပြီး နားမလည်ဘဲနေပါ့မလဲ။
သူ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ကာ လုပ်ပေးရုံသာ ရှိတော့သည်။
လူကြီးမင်းလီနှင့် သူ့အဖိုးကတော့ ဟင်းခတ်အမွှေးအကြိုင်များရှာဖို့ရန် ထွက်သွားလေသည်။
မမျှော်လင့်ထားစွာဘဲ သူ ဖိဂုလျန်ရှေ့သို့ရောက်သွားချိန်မှာတော့ အံ့ဩထိတ်လန့်သွားလေတော့သည်။
“ဒါ ဖိဂုလျန်မဟုတ်ဘူးလား?”
သူ ဂိုဏ်းသို့နောက်ကျပြီးမှ ဝင်ခဲ့ကာ သူ့ဆရာ၏နေရာတွင် ခဏတဖြုတ်သာနေခဲ့ဖူးသော်လည်း မြေပြင်ပေါ်တွင်လဲနေသည့် ဒရယ်မျိုးနွယ်ဝင်သမင်သည် ဖိဂုလျန်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သေးသည်။
“ဖိဂုလျန်၊ ဖိဂုလျန်၊ ထဦး။”
ထိုအခါမှ တစ်ဖက်က ချက်ချင်းထလာခဲ့သည်။ ဖိဂုလျန် ထလာပြီးသည်နှင့် သူ့ကိုနှိုးလာသည်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး၊
“သတ္တမသခင်လေး၊ မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?”
အမည်မဲ့ဂိုဏ်းတွင် သေချာပေါက် လုရှောင်ယန်သည် ခေါင်းဆောင်ဖြစ်သည်။ ထို့နောက်မှာတော့ လုရှောင်ယန်၏တပည့်များသည် သဘာဝကျစွာဘဲ အမြင့်ဆုံးအဆင့်တွင်ရှိသူများပင်။
မိစ္ဆာသားရဲများသည်တော့ အနိမ့်ဆုံးအဆင့်တွင် ဖြစ်ကြသည်။ ဒါကြောင့် မိစ္ဆာသားရဲတို့က လုရှောင်ယန်၏တပည့်များကိုလည်း သခင်အဖြစ် ခေါ်ဆိုကြလေသည်။
ဥပမာအားဖြင့် ယွင်လီကောကို ပထမသခင်လေး၊ ဖုန်းထျန်းယွမ်ကို တတိယသခင်လေးဟု ခေါ်ဝေါ်ကြသည်။
ကျီဝူရှားနှင့်ကျူးကောကျီချုံလို အမျိုးသမီးများကိုတောင်မှ ဒုတိယသခင်မလေးနှင့် ပဥ္စမသခင်မလေးဟု ခေါ်ဆိုကြလေသည်။
“အဲမေးခွန်း ငါကမှ မင်းကိုမေးသင့်တာ! မင်း ဒီကိုဘာလို့ရောက်နေတာလဲ? မင်း အမည်မဲ့ဂိုဏ်းမှာရှိနေရမှာမဟုတ်ဘူးလား?”

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now